ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Sunday, November 2

တမ်းချင်း

နူးညံ့တဲ့ အချစ်တစ်ခုက
ပေါက်ဖွားလာတဲ့ အလွမ်း။
အချစ်တစ်ခုသာ ကုန်ဆုံးသွားမယ်
အလွမ်းဆိုတာ မရပ်တန့်သွားဘူး။
အချစ်တစ်ခု အသက်ဝင်လာရင်
တိတ်ဆိတ်စွာ ကပ်ပါလာတဲ့
အလွမ်း...............ရုတ်တရက် သိခွင့်ရတာက
ငါ..............................................
အလွမ်းတွေနဲ့ မယဉ်ပါးသေးပါလား။
စက္ကန့်တိုင်း၊ မိနစ်တိုင်းက
ရင်ခုန်သံစည်းချက်နဲ့ အညီ
အလွမ်းတေးတွေများ ဆိုညည်းနေတာလား။

ရင်ကွဲ လုမတတ် အော်ခေါ်နေလဲ
လွမ်းလိုက်တာဆိုတဲ့
ခံစားချက်လေး
စကားလုံး အသွင် မကူးပြောင်းနိုင်ခဲ့ဘူး။

လွမ်းလို့ ကဗျာရေးတယ်လို့ပြောရအောင်
ကဗျာရေးတိုင်း မလွမ်းတတ်ကြပါဘူး။
ရင်နဲ့အမျှ ခံစားချက်တွေ
တွန်းတိုက်လာတဲ့အခါ
အလွမ်းဒဏ်နဲ့
ရင်ဘတ်ထဲမှာ
အလွမ်းတွေ ပဋိပက္ခဖြစ်နေကြတယ်။


မျက်ဝန်းတစ်စုံ
တိုးတိတ်စွာ ငေးမောလို့
မျက်ဝန်းတစ်စုံ
မျှော်လင့်ခြင်းအရောင်ယှက်သန်းလို့
နှလုံးသားမှ အလွမ်းတွန်းအားနဲ့
မျက်ဝန်းမှ ပုလဲခနေပြီ သခင်။

ခေးရော့စ်

13 comments:

  1. တိတ်ဆိတ်စွာ ကပ်ပါလာတဲ့
    အလွမ်း...............ရုတ်တရက် သိခွင့်ရတာက
    ငါ..............................................
    အလွမ်းတွေနဲ့ မယဉ်ပါးသေးပါလား။
    လွမ်းလို့ ကဗျာရေးတယ်လို့ပြောရအောင်
    ကဗျာရေးတိုင်း မလွမ်းတတ်ကြပါဘူး။
    မျှော်လင့်ခြင်းအရောင်ယှက်သန်းလို့
    နှလုံးသားမှ အလွမ်းတွန်းအားနဲ့
    မျက်ဝန်းမှ ပုလဲခနေပြီ သခင်။

    စတဲ့ စကားလေးတွေ သုံးထားတာကို ကြိုက်မိပါတယ်
    အခုချိန်မှာ လွမ်းနေရတဲ့ သခင် မှ နောင်တစ်ချိန်မှာ ဆုံဆည်းရမယ့် သခင်လေးနဲ့ ပျော်ရွှင်သော အနာဂတ်ကို ပိုင်ဆိုင်ပါစေ
    ကဗျာတစ်ပုဒ်လုံးလည်း ကောင်းတယ်

    ReplyDelete
  2. သြော် အလွမ်း အလွမ်း ကြည်နူး တမ်းတ
    လွမ်းဆွတ် အော်လူတွေက အလွမ်းနဲ့ မကင်းပါလားနော်

    ReplyDelete
  3. ဟုတ်တယ်နော်… နူးညံ့တဲ့ အချစ်ရဲ့နောက်မှာ အလွမ်းဆိုတာ သူ့အလိုလို ကပ်ပါလာတဲ့အရာတစ်ခုပဲ။ ချစ်မိတဲ့သူတိုင်း လွမ်းတတ်လာကြတယ်။ လွမ်းလို့ကဗျာရေးတာ မဟုတ်ပေမယ့် စာတိုင်း ကဗျာတိုင်းမှာ အလွမ်းငွေ့တွေက ယှက်သန်းနေတော့လဲ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး ခေးရော့ရေ…။

    ReplyDelete
  4. တိတ်ဆိတ်စွာ ကပ်ပါလာတဲ့
    အလွမ်း...............ရုတ်တရက် သိခွင့်ရတာက
    ငါ..............................................
    အလွမ်းတွေနဲ့ မယဉ်ပါးသေးပါလား။
    လွမ်းလို့ ကဗျာရေးတယ်လို့ပြောရအောင်
    ကဗျာရေးတိုင်း မလွမ်းတတ်ကြပါဘူး။
    မျှော်လင့်ခြင်းအရောင်ယှက်သန်းလို့
    နှလုံးသားမှ အလွမ်းတွန်းအားနဲ့
    မျက်ဝန်းမှ ပုလဲခနေပြီ သခင်။

    စတဲ့ စကားလုံးလေးတွေသုံးထားတာ ကြိုက်တယ်
    ချစ်သော သခင်မှ အခုချိန်မှာ လွမ်းနေရတဲ့ သခင်နဲ့
    ပျော်ရွှင်ဘွယ်ရာ အနာဂတ်လေးကို ပိုင်ဆိုင်ပါစေ

    ReplyDelete
  5. တမ်းတသံက ရိုးရိုးလေနဲ့ ပြင်းထန်ပါပိ
    လာဖတ်သူအဖို့ ခံစားချက်ကိုရင်ခုန်သံကြီးစွာ
    နဲ့ ဆွေးဆွေးမြေ့မြေ့ခံစားသွားပါတယ် ...
    အလွမ်းနဲ့ပတ်သက်သမျှကဗျာအားလုံးကိုကြိုက်တယ်
    ဟဲဟဲ ... ကျွန်တော်ကအလွမ်းသမားလေဗျာ

    ReplyDelete
  6. လွတ်လပ်စွာခံစားလွမ်းနိုင်ပါစေညီမလေးရေ...

    ReplyDelete
  7. ကောင်မလေး မငိုနဲ့နော်
    တိတ်တိတ်...........
    ချာမ သစ်သျှူး လာပေးတာ။

    ReplyDelete
  8. ရွှတ်.. လွမ်းလိုက်တာ..
    ညီမလေး ဆုဝေနဲ့  ခေးရော့စ်ကို ပြောတာပါ...။
    ညီမရေ... အလွမ်းဆိုတာ ရှိရမယ့် အရာတစ်ခုပါ..။

    ReplyDelete
  9. အလွမ်းတမ်းချင်းလေးကောင်းတယ်ဗျ....
    ကဗျာရေးတိုင်းမလွမ်းတတ်ကြပါဘူး
    ဆိုတာလေးကိုကြိုက်တယ်.....

    ReplyDelete
  10. မမ
    မျက်ရည်လာသုတ်ပေးတာ.
    တိတ် တိတ်.... ငိုနဲ့ :D
    --------------------------------
    လွမ်းပင်လွမ်းငြား
    သခင်မသိ
    သခင်သိအောင်
    စာတွေဖွဲ့ငြား
    ခံစားပေးမည့်
    သခင်မရှိ
    ----------------------------------

    မမအတွက် လက်ဆောင်... စိတ်ထဲပေါ်လာတာချရေးလိုက်တာ.. ဟဲ...

    ReplyDelete
  11. အလွမ်းကဗျာလေးကို ခံစားသွားတယ်။

    ReplyDelete
  12. ချစ်စရာ ကဗျာလေးကို လာဖတ်သွားတယ် ညီမရေ.. အစစအဆင်ပြေပါစေ

    ငြိမ်းချမ်းအောင်

    ReplyDelete
  13. အရမ်းကိုလွမ်းနေပါလားအမ။ ပုလဲတွေလည်း ခနေပြီ။

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။