အခုရက်ပိုင်း အလုပ်ရှုပ်နေတာနဲ့ ပို့စ် အသစ် မတင်ဖြစ်တော့ လာလာပြီး စာဖတ်တဲ့လူတွေကို အားနာမိပါတယ်။ မနေ့ညက စာအုပ်တစ်အုပ်ဖတ်လိုက်ရင်း စာအုပ်ထဲမှာပါတဲ့ တွေးစရာ၊ ပြုံးစရာလေးတွေကို ခဏလောက် ဖတ်ကြည့်လိုက်ရအောင်နော့။ ဒီလို................
- "ဘ၀ကို မကျေနပ်တဲ့လူတွေ ကံကို ပုံချတယ်။ ကံကို မကျေနပ်တဲ့လူတွေ ဘ၀ကို ပုံချတယ်။"
- "ကိုယ့်နေရာမှာ ကိုယ်နေချင်တဲ့ လူထက် သူများနေရာမှာ နေချင်တဲ့လူ အမြဲတမ်း ပိုများတယ်။"
- "လုပ်မိတဲ့ အမှားတွေရဲ့ အရေအတွက်က အရည်အသွေး အဖြစ်ကို ပြောင်းလာရင် အဲ့ဒါ ဘ၀အတွေ့အကြုံပဲ။ "
- "အချစ်ဟာ တယ်လီစကုပ်နဲ့ ကြည့်တယ်။ မနာလိုစိတ်က မိုက်ကရိုစကုပ်နဲ့ ကြည့်တယ်။"
- "ကြင်နာမှု ဆိုတာ နားထိုင်းသူ ကြားရပြီး မျက်စိကန်းသူ မြင်နိုင်တဲ့ အရာ။"
- "ကိုယ်မှားတဲ့အခါ မှားကြောင်း ၀န်ခံရင် အဲ့ဒီလူဟာ ပညာရှိ...အဲ....မှန်နေပေမယ့် မှားကြောင်းဝန်ခံနေရင်တော့ အဲ့ဒီလူဟာ မိန်းမရှိတဲ့ လူဖြစ်ရမယ်။ :)"
- "အထက်လူကြီးကို သူနဲ့ ပတ်သက်ပြီး ခင်ဗျား စိတ်ထဲရှိတာ မှန်သမျှ ပြောရဲတယ်ဆိုရင် အလုပ်သစ်တစ်ခုကို ခင်ဗျားရှာတွေ့ထားလို့ပဲဖြစ်ရမယ်"( ခေးရော့စ်တော့ ရှာမတွေ့ပဲ ပြောနေတယ်။ အလုပ်ပြုတ်မယ့်ကိန်းမြင်ရင် အလုပ်သစ်လေးများ မစကြပါဦးနော့။ :) )
- "သေတဲ့ အထိချစ်မယ်လို့ ကတိပေးထားရင် စောမသေသင့်ပါဘူး။"
- "အားလုံးကို နားလည်သွားတဲ့လူ ဘာကိုမှ မယုံတော့ဘူး။"
- "ချီးမွမ်းတာခံရတော့ နေမထိထိုင်မသာဖြစ်ရတယ်။ ချီးမွမ်းတာနဲ့ ညီအောင် နေရတာကိုး။"
- "ရေးသလိုနေ၊ နေသလိုရေး။"
- "ရှိရှိသမျှ အခွင့်အရေးတွေထဲမှာ မှားခွင့်ဟာ လက်လှမ်းအမှီဆုံးပဲ။"
- "လူရှိတယ်။ ပြသနာရှိတယ်။ လူမရှိဘူးနော်။ ပြသနာ မရှိတော့ဘူး။"
- "ငွေရှိရင် ဘာမဆို လုပ်လို့ရတယ်လို့ ယူဆတဲ့လူတွေ ငွေအတွက်ဆိုရင် ဘာမဆိုလုပ်ဖို့ ၀န်မလေးတဲ့သူ ဖြစ်နေတယ်။"
- "ချစ်မိပြီဆိုရင် ဘာကိုမှ မစဉ်းစားတော့ဘူး။ စဉ်းစားလာပြီဆိုရင် မချစ်တော့ဘူး။"
ခေးရော့စ်
မျှဝေပေးတဲ့ motto လေးတွေ အတွက်ကျေးဇူးပါပဲ.. အရမ်းကောင်းတယ်.. ကူးသွားတယ်..
ReplyDeleteအလုပ်တွေ အမြန်ပြီးစီးပြီး ပိုစ့်အသစ်တွေ အမြန်တင်နိုင်ပါစေ...
ဖတ်ဖို့အတွက် စောင့်မျှော်နေပါတယ်
ပျော်ရွှင်ပါစေရှင်
အကုန်လုံးမှန်တယ်ကွယ်..
ReplyDeleteမှတ်သားစရာလေးတွေအတွက်ကျေးဇူးပါ.သေသေချာချာမှတ်သားသွားပါတယ်ညီမလေးရေ။။
ReplyDeleteအစစအရာရာအဆင်ပြေပါစေ..
*** "ချစ်မိပြီဆိုရင် ဘာကိုမှ မစဉ်းစားတော့ဘူး။ စဉ်းစားလာပြီဆိုရင် မချစ်တော့ဘူး။" ***
ReplyDeleteဒီစကားကို အကြိုက်ဆုံးပဲ :)
တွေးစရာ ဆင်ခြင်စရာ စာလေးတွေ ကောင်းတယ်ဗျာ ၊၊ ကျေးဇူးပါ ညီမ ခေးရော့စ် ရေ ၊၊
ReplyDeleteမှတ်သားစရာလေးတွေကသဘောကျစရာကောင်းတယ်
ReplyDeleteအလုပ်တွေ အဆင်ပြေပါစေ။ အချိန်မီပြီးစီးပါစေ။
ရှိရှိသမျှ အခွင့်အရေးထဲမှာ မှားခွင့်ဟာ လက်လှမ်းအမှီဆုံးပဲတဲ့ ကြိုက်တယ်ဗျာ..
ReplyDeleteကျေးဇူးပဲ ဝေမျှပေးတဲ့အတွက်
စာ တွေ က မှတ် သား စရာ တွေ ကြီး ပါ ဘဲ။ ကျေး ဇူး ပါ ။
ReplyDeleteမိုက်တယ် ကြေးအိုးရေ..
ReplyDeleteရှာရှာဖွေဖွေ ဖတ်မိတယ်..
ဂွဒ်..
ဘလော့လား..
ဒီရောဂါတော့ ပြောကို မပြောချင်တော့ပါဘူး..။