ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Monday, November 5

သရဲနှင့်ကျွန်မ

ကိုရန်အောင်ရဲ့ သရဲပိုစ့်ကို ဖတ်ပြီး ဘလော့မှာ သရဲအကြောင်းတွေ ရေးကြတော့ ကျွန်မလဲမနေနိုင်တော့ဘူး ကြောက်ကြောက်နဲ့ပဲ သရဲအကြောင်းကိုရေးလိုက်ပြီဗျို့။ကျွန်မတို့ ရုံးမှာ ညဘက်တွေဆို အသံတွေ ကြားရတတ်တယ်လေ။ မယုံမရှိနဲ့ တကယ်ပြောတာ။ ဟိုနှစ်ရက် ကျွန်မ ရုံးကနေ ခွင့်ယူထားတဲ့နေ့ကပေါ့… ရုံးက အစ်ကိုကြီး တစ်ယောက် ညမိုးချုပ်ထိ အလုပ် လုပ်နေရင်းနဲ့ ကျွန်မ chaos ရဲ့ ကွန်ပျူတာကနေ စာရိုက်တဲ့ အသံတွေ ကြားနေရတယ်တဲ့။ သရဲ ကြောက်ပါတယ်လို့ ပြောတဲ့လူရဲ့ ကွန်ပျူတာကမှ အသံထွက်တယ်ဆိုတော့ ကျွန်မကို ဒီသရဲက တော်တော် ခြောက်ချင်ပုံရတယ်။ ရှိသေးတယ် ဆေးလိပ်လဲ ဘယ်သူမှ မသောက်ဘဲနဲ့ ဆေးလိပ်နံ့က ထောင်းနေတာပဲတဲ့။ ကဲ… ဒီသတင်းလဲ ကြားရော chaosတို့ အိမ်သာ တက်ဖို့တောင် တော်တော် စဉ်းစား ယူရတယ်။ ဟုတ်တယ်လေ သရဲထီးဖြစ်နေရင် ဘယ်လိုလုပ်မလဲ? တစ်ယောက်ထဲလဲ အပေါ်မှာ မနေရဲ၊ အလုပ်ကလဲ ပျက်ပါဘိ။ အခု ဒီပိုစ့် ရေးနေတာတောင် သရဲက စောင့်ကြည့်နေလားမသိ။

chaos

3 comments:

  1. ဟေ့ တို့ရုံးမှာက ဖုန်းသရဲတော့ ရှိတယ်ကွ ညဘက် ရုံးပိတ်ပြီးလဲ ဖုန်းတွေက ထထမြည်နေတတ်တယ် chaos ဖုန်းနံပါတ်ပေးပါလား ဆက်ခိုင်းလိုက်မယ်လေ အဟတ်ဟတ် :P

    ReplyDelete
  2. ဟေ့ တို့ရုံးမှာက ဖုန်းသရဲတော့ ရှိတယ်ကွ ညဘက် ရုံးပိတ်ပြီးလဲ ဖုန်းတွေက ထထမြည်နေတတ်တယ် chaos ဖုန်းနံပါတ်ပေးပါလား ဆက်ခိုင်းလိုက်မယ်လေ အဟတ်ဟတ် :P

    ReplyDelete
  3. သရဲအရမ်းကြောက်တယ်ပေါ့...
    ဟဲ..ဟဲ

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။