ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Monday, November 5

ပေါက်တတ်ကရ ကျွန်မ (၂)

ကော်နက်ရှင်ဆိုတဲ့ မိန်းမကြမ်းကြီးလား ဘာလားတော့ သိဘူး။ သူက သိပ်စိတ်မှန်တာ ဟုတ်ဘူး ဘယ်သူနဲ့တူလဲဆိုတော့ ပြောတော့ပါဘူးလေ။ ပြောပြန်ရင်လဲ chaos လိမ်နေသည်၊ ညာနေသည်၊ ဖြစ်နေဦးမယ်၊ တော်ကြာ မြန်မာ့အသံတို့၊ မြ၀တီတို့ထဲ ပါလာမှ ဟုတ်ပေ့ဖြစ်နေဦးမယ်။ ထားပါတော့ ပေရှည်နေတာနဲ့ လိုရင်းမရောက်တော့ဘူး။အဲ... သူ့ကို မယုံလို့ ဒီနေ့ပဲ နှစ်ထပ်ကွမ်း ပိုစ့်တင်လိုက်တယ်လို့......
မီးလေးကလဲ တက်ထားတာနဲ့ ကျွန်မကလဲ ပေါက်တတ်ကရ လုပ်လုပ်နဲ့ ဒုတိယပိုစ့်ကို ဆက်တင်လိုက်ပါတယ်။ ဒီပိုစ့် ဖတ်ပြီးရင် ကျွန်မကို ရက်စက်တယ် မပြောနဲ့နော် ငယ်သူမို့မသိတာကို ခွင့်လွှတ် ပေးကြမယ် မဟုတ်လား?
ကျွန်မ သူငယ်တန်း လောက်ကပေါ့ ...ကြောင်ဆို တအားချစ်တာ (မှန်ကြောင် ကိုပြောတာ ဟုတ်ဘူးနော်၊ တိရိစ္ဆာန် ကြောင်ကိုကြောတာ)၊ ကြောင်ကိုချီချင်တယ်၊ ပွေ့ပြီးအနားမှာ ခေါ်ထားချင်တယ်... ဒါပေမယ့် သူ့ကိုမကိုင်ရဲဘူးလေ။ အဲ့ဒါနဲ့ လူကြီးတွေ မရှိတုန်း ဘယ်လိုလုပ်ရမှန်းလဲ မသိတာနဲ့ သူများတွေ ကလေးတွေကို ပွေ့ရင် အနှီးလေးနဲ့ ထုပ်တယ်မလား။ chaosလဲ ရွှေဥာဏ်တော် စူးရောက်ပြီး ကြောင်ကို အနှီးနဲ့ လိုက်ထုပ်ဖို့ စိုင်းပြင်းတော့တာပဲ။ တော်တော်ကြီး ကြိုးစားပြီးမှ ကြောင်ကိုမိတယ်၊ ပြီးတော့ တစ်ခါထဲ အနှီးထဲထည့်၊ ပွေ့ပြီး လျှောက်သွားတယ်လေ။ အဲ...ကြောင်လဲ chaos နှိပ်စက်တာ သည်းမခံနိုင်တဲ့ အဆုံး မျက်နှာကို လှမ်းကုတ်တယ်။ ပြီးတော့ ထွက်ပြေးပါလေရော။ မှတ်ကရောနော် chaosလဲ ငိုဗြဲပြီးကျန်ခဲ့တာ။ အဲ့ဒီနေ့ကစလို့ ဒီအချိန်ထိ ကြောင်လာကပ်ရင် အဝေးကို ပြေးတော့တာပဲ။ ဒီနေ့ ဒီချိန် ဒီပိုစ့် ရေးနေတဲ့ အချိန်လေးထိ ကြောင် phobia ခံစားနေရပါကြောင်း ..............(ရှိမရှိတော့ သိဘူး)

chaos

3 comments:

  1. ဘာလို့အနှီးနဲ့ထုပ်ရတာလဲဗျာ...
    ဟီး.. လုပ်လိုက်ရင်ပေါက်ကရကြီးပဲ...
    အနော်ကတော့ ကြောင်ချစ်တယ်ဗျ

    ReplyDelete
  2. ငယ်ငယ်က ထမင်းစားရင် ကြောင်က ကျွေးတာမစားပဲ ခြေထောက်ကို လာပွတ်လိုက် အခန့်မသင့်ရင် ထမင်းဝိုင်းပေါ် ခုန်တက်လိုက်နဲ့ ကြောင်းမောင်းထုတ်နေရလို့ ထမင်းစားရင် ဇိမ်ပျက်လွန်းလို့ ကြောင်ဝယ်ပေးပါလို့ ဖေဖေကို မပူဆာတော့ဘူး။
    ဒါပေမဲ့ ကွန်ပျူတာထဲက ကြောင်ကိုတော့ ချစ်တယ် ကြောင်မွေးတွေ ကိုယ့်ကိုလာမကတ်လို့လေ။

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။