ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Wednesday, October 31

ဆောင်းတွင်းအေးအေး

တေဇာ tag ထားတဲ့ ဆောင်းတွင်း အကြောင်းလေးပါ

အေးချမ်းလှတဲ့ ဆောင်းတွင်း တစ်နေ့မှာ ကျွန်မ လူ့လောကကို ချဉ်းနင်းဝင်ရောက် ခဲ့တယ်။ ကျွန်မ အဖေ၊အမေတို့ရဲ့ သမီးအဖြစ် လူ့လောကကို စတင်ရောက်ရှိခဲ့တာ ဆောင်းတွင်းကို အကျဉ်းတန်စေဖို့ များလားလို့ တစ်ခါတစ်လေ တွေးမိတယ်။ တည်ငြိမ်အေးဆေးတဲ့ ဆောင်းအလှနဲ့ ဆန့်ကျင်စွာ ကျွန်မ အပူဒုက္ခမီးတွေနဲ့ မိဘကို တစ်ခါတစ်ရံ လောင်ကျွမ်းစေခဲ့တယ်။ ဆောင်းတွင်းကို ကျွန်မ အထူးနှစ်သက်တယ်။ နေ့တစ်နေ့ရဲ့ အစမှ နေ၀င်ချိန်အထိ ဆောင်းတွင်းဟာ ကျွန်မ မျက်စိထဲမှာ အရမ်းလှတယ် လို့ပြောရင် ကျွန်မ လွန်လေမလားဘဲ။ မနက်ခင်း နေထွက်စအချိန် တိမ်တွေရဲ့ ရောင်နီပျိုးစအလှနဲ့ နှင်းစက်များကျသံဟာ သံစဉ်တွေအလား နားထဲမှား ငြိမ့်ညောင်းစွာ စီးဝင်သွားတယ်။ ကောင်းကင်ပြာပြာကြီးမှာ တိမ်ညိုတိမ်မည်းတွေရဲ့ အရိပ်အယောင် တစ်စွန်းတစ်စမျှ မတွေ့ရတာ တစ်မျိုးကျေနပ်စရာ ကောင်းလှတယ်။ အပြာရောင်လွှမ်းနေတဲ့ ကောင်းကင်ကြီးကို မော့ကြည့်ပြီး တောင်စဉ်ရေမရ စိတ်ကူးဖြာရတာလဲ အရသာတစ်မျိုးပဲ။ ၁၀၉/၁၁၀ ပုဒ်မနဲ့ ကျွန်မ တရားစွဲဆိုခံခဲ့ရစဉ်ကဆိုရင် နေ၀င်ချိန်ကို သူငယ်ချင်းများနဲ့ အထူးတစ်လည် စောင့်ခဲ့ကြတယ်။ နေလုံးကြီး ပျောက်ကွယ်လို့ အိမ်ပြန်ရောက်ရင် ရင်တစ်ပူပူနဲ့ စောင့်နေတဲ့ မိဘတွေ ဆုံးမတာကိုလဲ အမြဲကျေကျေနပ်နပ် ခံယူခဲ့တယ်။ လုပ်ချင်တာလုပ်ရတာကိုးနော့။ ဒါကြောင့်ပြောတယ် ကျွန်မဟာ ဆောင်းကို ခုတုံးလုပ်ပြီး မိဘတွေ စိတ်ပူအောင် လုပ်တဲ့ သမီးမလိမ္မာလေးလေ... ကဲလေ ထားပါတော့။ တစ်ခုရှိသေးတယ် ဆောင်းတွင်း နေ့လည်ဘက်တွေမှာဆို တောင်ပေါ်သူတွေရဲ့ ပါးနှစ်ဘက်က ပါးအို့နီ ဆိုးစရာ မလိုဘဲ နီနီရဲရဲလေးနဲ့ ချစ်စရာ တစ်မျိုးကောင်းကြတယ်။ (အဟဲ...ကျွန်မတော့မပါဘူးထင်တာပဲ)။ ဆောင်းတွင်းညကတော့ chaos တို့အကြိုက်ပေါ့။ သိတယ်မလား အကြာကြီးအိပ်ရတယ်လေ။ အိပ်မက်တွေကလဲ မျိုးစုံပဲ။ ဆောင်းကိုကြိုက်ရတဲ့ နောက်တစ်ချက်ကတော့ တန်ဆောင်တိုင်ပွဲတော်ကြောင့်ပါ။ တန်ဆောင်တိုင်လဲ ရောက်တော့မယ်နော်။ တောင်ကြီးသူ၊ တောင်ကြီးသား တွေလဲပြန်လာချင်ကြရောပေါ့။ ဘာပဲဖြစ်ဖြစ် တောင်ကြီးဆောင်းနဲ့ တောင်ကြီးရဲ့ တန်ဆောင်တိုင်က သူငယ်ချင်းအားလုံးကို လက်ကမ်းကြိုလျက်ပါ...................
chaos

ဆက်tag လိုက်ဦးမယ် သူတို့ကို
ကောင်းကင်ကို
ကိုချမ်း
ကိုဇီးသန့်
thinzar

1 comment:

  1. ဆောင်းတွင်း နေ့လည်ဘက်တွေမှာဆို တောင်ပေါ်သူတွေရဲ့ ပါးနှစ်ဘက်က ပါးအို့နီ ဆိုးစရာ မလိုဘဲ နီနီရဲရဲလေးနဲ့ ချစ်စရာ တစ်မျိုးကောင်းကြတယ်။
    အဲဒါ တကယ်လားဗျ ...
    ပန်းသီးလေးလိုပဲပေါ့နော် ..

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။