ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Thursday, September 20

ကျွန်မပြောသော ကျွန်မအကြောင်း

ဒီကဗျာချစ်သူ ဆိုတဲ့ blog လေးကိုစရေးဖြစ်တာက ကဗျာတွေကို ကဗျာချစ်တဲ့ သူတွေနဲ့အတူတကွ မျှဝခံစားချင်လို့ပါ။ ဒါပေမယ့် blog ရေးဖို့လေ့လာရင်းက blogger တစ်ယောက်ဖြစ်ချင်တဲ့ ဆန္ဒနဲ့ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ အတွေးရှိခဲ့ပါတယ်။ မနိုင်းနိုင်းစနေတို့ ကိုရန်အောင်တို့ blog ၀င်ဖတ်ပြီး နှစ်သက်ရင်းနဲ့ အားကျမိတယ်။ခံစားချက်ကို စာသားအဖြစ် ပြောင်းလဲနိုင်တဲ့ ကလောင်ရှင်ဖြစ်ချင်လာတယ်။ ကျွန်မဟာ အခုမှ blog လောကကို ခြေချတဲ့ မသိနားမလည်တဲ့ blogger အသစ်တစ်ယောက်ပါ။ ဒီဘလော့ရေးတဲ့ အချိန်အတွင်း ကူညီပေးတဲ့ သူငယ်ချင်းအားလုံး၊ ကဗျာအသစ်တစ်ပုဒ် ရေးပြီးတိုင်း၊ စာတွေရေးပြီးတိုင်း စိတ်ရှည်သည်းခံစွာနဲ့ အမြဲခံစားပေးတဲ့ မယဉ်မင်း၊ မအားတဲ့ကြားက ခေါင်းရှုပ်ခံပြီး မေးသမျှမေးခွန်းတွေ ဖြေပေးတဲ့ ကျွန်မက လူပျိုကြီးလို့ အမြဲခေါ်တဲ့ အစ်ကိုကြီးနဲ့ ကို alex၊ ကိုချမ်း တို့ကို ဒီနေရာလေးကနေ ကျေးဇူးတင်လိုက်ပါတယ်........................
chaos

No comments:

Post a Comment

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။