မင်နက်စိုတာ မှာ အဖိုးအို တစ်ယောက် အဖော်မဲ့စွာ နေနေရရှာတယ်။ အာလူးခင်းကို တူးချင်ပေမယ့် သူတစ်ယောက်တည်း အားနဲ့က ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ သူရဲ့ တစ်ဦးသော သား သာ ထောင်မကျနေ ဘူးဆိုရင် သူ့ကိုကူပေးတဲ့ လူရှိလို့ ဒီလောက် သောကရောက်တော့မှာ မဟုတ်ဘူး။ ဒါနဲ့ သူ့သားဆီကို သူအခု လက်ရှိဖြစ်နေတဲ့ အခြေအနေကို စာရေး ပြောဖို့ ဆုံးဖြတ်လိုက်တယ်။
သားရေ
အဖေတော့ အတော်လေး စိတ်ဓါတ်ကျနေတယ်။ ဒီတစ်နှစ် အာလူးခင်းက ဖြစ်တော့မယ် မထင်ဘူး။ အဲ့လို တွေးမိတာနဲ့တင် အတော်လေး စိတ်မကောင်းဖြစ်မိတယ်။ မင်းအမေ သက်ရှိထင်ရှားရှိနေကတည်းက လုပ်ခဲ့တဲ့ အစဉ်အလာလေး ပျက်ပီ ထင်ပါရဲ့။ အဖေလဲ အဲ့ဒီ ယာခင်းကို တူးဖို့ ဘယ်လိုမှ အင်အားမရှိဘူး၊ မလုပ်နိုင်ဘူး.... သားသာ အနားမှာ ရှိနေရင် သိပ်ကောင်းမှာပဲကွယ်...သား ထောင်ထဲမှာသာ မဟုတ်ဘူးဆိုရင် အဖေ ဘယ်လောက် အားရှိလိုက်မလဲ။
သိပ်မကြာလိုက်ဘူး။ သားဆီက ပြန်စာရောက်လာတယ်။ အို ....အဖေ ယာခင်းကို တူးဖို့ မဖြစ်ဘူးနော်။ သားအဲ့မှာ ရွှေတွေ မြှုပ်ထားတယ်။
နောက်ရက်မနက် လေးနာရီလောက်ပဲ ရှိသေးတယ် အက်ဖ်ဘီအိုင် ကလူတွေ၊ ရဲအရာရှိတွေ ရောက်လာပြီး ယာခင်း အနှံ့တူးဆွလိုက်ကြပေမယ့် ရွှေနဲ့တူတဲ့ အရာတစ်ခုမှ မတွေ့သွားကြဘူး။
အဲ့လိုနဲ့ အဖိုးအိုလဲ အရမ်းအံ့သြပြီး ဇဝေဇ၀ါဖြစ်သွားတယ်။ သားဖြစ်သူကို စာထပ်ရေးပြီး မေးလိုက်တယ် သူဘာဆက်လုပ်ရမလဲပေါ့။
သားဖြစ်သူ ပြန်ပြောလိုက်တာက " ဘာမှ စဉ်းစားမနေနဲ့တော့ အဖေ... အာလူးတွေ စိုက်ဖို့သာ ပြင်ထားလိုက်တော့....ကျွန်တော် အချုပ်ထဲကနေ လုပ်ပေးနိုင်တာ ဆိုလို့ ဒါလေးပဲ ရှိလို့ပါ " တဲ့။
ဒီစာလေး ဖတ်ပြီး ထောင်ထဲ ရောက်နေတဲ့ သားက အဖေကို တတ်နိုင်တဲ့ နည်းနဲ့ ကူညီပေးနေတယ် ဆိုရင် ကျွန်မတို့ အခုလို မိဘဘေးမှာ နေနေရပြီး အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ပေးတဲ့ သူတို့ အတွက် ဘာတွေများ လုပ်ပေးပြီးပြီလဲ? အနီးကပ် နေခွင့်ရတာတောင်မှ မိဘကျေးဇူးကို လုံးဝ မသိတတ်ဘူးဆိုရင် တကယ်ပဲ လူမဆန်တဲ့ သားသမီးတွေ ဖြစ်မှန်းမသိ ဖြစ်နေကြပီ။ အချိန်တွေ တဖြုတ်ဖြုတ် ကုန်ဆုံးနေသလို အသက်တွေလဲ တစ်ရက်ပြီး တစ်ရက် ပိုကြီးလာတယ်။ အဖေနဲ့ အမေ အမြဲ ရှိနေမှာပဲ ဆိုပြီး ဒီတိုင်းပဲ အမှုမဲ့ လျစ်လျူရှုထားလိုက်ရင် နောင်တစ်ချိန်မှာ နောင်တ တစ်ပွေ့ကြီးနဲ့ ပြန်ပြင်လို့မရတဲ့ အတိတ်ကို တမ်းတနေလဲ မထူးတော့ဘူး။ ရှိခြင်းရဲ့ တန်ဖိုးကို သေချာသိမှ တန်ဖိုးထားတတ်မှ လိပ်ပြာမလုံတာတွေ၊ တာဝန်မကျေတာတွေ မရှိဘဲ ဘယ်ချိန်ပြန်တွေးတွေး ကျေနပ်ပီတိဖြစ်နိုင်မှာပါ။
ခေးရော့စ်