ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Friday, November 21

တန်ဖိုး

တန်ဖိုးတစ်ခုဆိုတာ သတ်မှတ်တဲ့လူပေါ်မှာတည်တယ်။ ဘ၀ဆိုတာကို တန်ဖိုးတစ်ခုလို့ သတ်မှတ်မယ်ဆိုရင် ပေးဝယ်ရမယ့် အရင်းအနှီးကတော့ အချစ်၊ အချိန်၊ ဆင်းရဲဒုက္ခ၊ ပျော်ရွှင်မှု၊ အသိပညာ၊ အတွေ့အကြုံတွေပဲဖြစ်မယ်ထင်တယ်နော်။ ဒါကလဲ ခေးရော့စ်ရဲ့အတွေးပါ။ ဖောဝေါ့မေး တစ်ခုကနေရတာလေးကို ဘာသာပြန်တင်ပေးလိုက်တယ်။ ဖတ်ကြည့်ကြပါဦး။

  • ဒီနေ့ တကယ်လို့များ နားမ၀င်သာတဲ့ စကားတစ်ခုကို ပြောမိတော့မယ်ဆိုရင် စကားလုံးဝမပြောတတ်တဲ့သူတွေကို သတိရလိုက်ပါ။
  • အရင်တုန်းက အစားအသောက်နဲ့ ပတ်သက်ပြီး ချေးများတယ် ဆိုရင် စားစရာတောင် လုံးဝမရှိနေတဲ့ သူတွေကို သတိရလိုက်ပါ။
  • ကိုယ့်ရဲ့ ကြင်ယာဘက်နဲ့ ပတ်သက်ပြီး မကောင်းမြင်နေမယ်၊ အပြစ်တွေတင်နေမယ်ဆိုရင် ဘ၀မှာအဖော်တစ်ယောက် တစ်လေမှ မရှိနိုင်လို့ ဘုရားသခင်ထံ ငိုကြွေးပြီး ဆုတောင်းနေသူများကို သတိရလိုက်ပါ။
  • ဒီနေ့မှာ တကယ်လို့များ ဘ၀နဲ့ ပတ်သက်ပြီး အပြစ်တင်နေမယ်ဆိုရင် တစ်ချို့သောလူများ ဘ၀ဆိုတာကို သေချာမသိခင်ဘဲ လူ့လောကကနေ ထွက်ခွာသွားနေရတယ်ဆိုတာကို သတိရလိုက်ပါ။
  • ကိုယ့်မှာရှိတဲ့ ကလေးတွေနဲ့ပတ်သက်ပြီး ဗာဟီရများတယ် ဘာဖြစ်တယ် ညာဖြစ်တယ် ပြောနေမိတယ်ဆိုရင် တစ်ချို့လူတွေ ကလေးလိုချင်လို့မှ ကလေးမရနိုင်တာကို သတိရလိုက်ပါ။
  • တစ်ချိန်က ကိုယ့်အိမ်မှာ ဖုန်တင်နေလို့ပဲဖြစ်ဖြစ်၊ တစ်ယောက်ယောက်က မလှည်းမကျင်းထားတာပဲဖြစ်ဖြစ် အပြစ်တွေ မြင်နေမိတယ်ဆိုရင် တစ်ချို့သောလူတွေ အပြစ်တင်ခွင့်ဘာမှမရှိဘဲ လမ်းပေါ်မှာနေထိုင်နေရတာကို သတိရလိုက်ပါ။
  • ကိုယ်က ယာဉ်တစ်ခုကို ပိုင်ဆိုင်နေရက်နဲ့ သွားရတဲ့ ခရီးဝေးလို့ ငြီးတွားနေမယ်ဆိုရင် ခရီးချင်းအတူတူကိုမှ ကိုယ့်ခြေထောက်ကိုယ် အားကိုးပြီး လမ်းလျှောက်နေရတဲ့ သူတွေကို သတိရလိုက်ပါ။
  • ကိုယ်လက်ရှိလုပ်နေတဲ့ အလုပ်တစ်ခုနဲ့ ပတ်သက်ပြီး ပွစိပွစိနဲ့ အပြစ်မြင်နေမယ်၊ ကိုယ့်ကိုယ်ကို ပင်ပန်းနေမယ်လို့ မြင်နေရင် အလုပ်လက်မဲ့လူတွေ၊ မသန်မစွမ်းတွေနဲ့ အလုပ်လိုချင်တဲ့လူတွေကို သတိရလိုက်ပါ။
  • တွေ့ရာလူကို လက်ညှိုးလေးထိုးပြီး အပြစ်မြင်နေမယ့်အစား လောကကြီးမှာရှိတဲ့ ဘယ်တစ်ဦးတစ်ယောက်ကမှ ပြည့်စုံခြင်း ဆိုတာကို မပိုင်ဆိုင်ထားနိုင်ဘူးဆိုတာကို သတိရလိုက်ပါ။

ဒါက ဖောဝေါ့မေးထဲက စာသားလေးတွေကို တတ်နိုင်သလောက် ဘာသာပြန်ထားတာပါ။ ရေးထားတာကတော့ ဟုတ်လို့။ ရှင်းရှင်းပြောရရင် အကောင်းမြင်ကြည့်မယ်ပေါ့။ အဓိက လူတစ်ယောက်မှာ သူရဲ့ ပြသနာကို ဘယ်ရှုထောင့် ကြည့်ပြီး ဆုံးဖြတ်မယ်ဆိုတာ အရေးအကြီးဆိုပါ။ အရာရာကို အကောင်းမြင်ပြီး အရှုံပေး နှလုံးအေး အားလုံးကို လက်မြောက် ဖြစ်ချင်ရာဖြစ် လက်ခံမယ်ဆိုလဲ မဟုတ်သေးပြန်ဘူး။ အချိန်အခါနဲ့ အခြေအနေကိုကြည့်ပြီး လုပ်သင့်လုပ်ထိုက်တာကို ခွဲခြားသိလို့ တန်ဖိုးဆိုတာကို နားလည်မယ်ဆိုရင်…………….

ခေးရော့စ်

11 comments:

  1. ဒီအတိုင်းသာလုပ်နိုင်မယ်ဆိုရင်တော့ perfect ပဲ။ ဘာပဲ ဖြစ်ဖြစ် လေ့ကျင့်ရမှာပေါ့။ ကိုယ်က သူများထက် ခေါင်းပို ရှည်ချင်တာကိုး။

    ReplyDelete
  2. လူတစ်ယောက်မှာ ရှိအပ်တဲ့ နားလည်မှု၊ စာနာမှု တွေကို လာဖတ်သွားပါတယ်။ လိုက်နာ ကျင့်သုံးအပ်တဲ့ လူ့တန်ဖိုးတွေ ကို မမေ့အောင် မျှဝေပေးတဲ့အတွက် ကျေးဇူးပါ။

    အားပေးလျက်ပါ
    http://winzaw-mdy.blogspot.com

    ReplyDelete
  3. လူတစ်ယောက်မှာ သူရဲ့ ပြသနာကို ဘယ်ရှုထောင့် ကြည့်ပြီး ဆုံးဖြတ်မယ်ဆိုတာ အရေးအကြီးဆုံးပဲတဲ့…မှတ်သားစရာ စကားလေးတစ်ခုပါပဲ ခေးရော့စ်ရေ… လုပ်သင့်လုပ်ထိုက်တာကို လုပ်ပြီး ဖြစ်လာသမျှကို အကောင်းမြင်အတွေးနဲ့ လက်ခံနိုင်မယ်ဆိုရင် ဘ၀မှာ ကျေနပ်မှုတွေကို ခံစားရမှာပဲနော်…

    ReplyDelete
  4. ခေးခေးရေ....

    ဖတ်ရတာ အရမ်းတန်ဖိုးရှိနေတယ်...
    ဘဝထဲကို တစ်စထက်တစ်စ တိုးဝင်ချိန်မှာ...
    အကွေ့အကောက်တွေတွေ့တိုင်း
    ခဏခဏ ပြန်ဖတ်နိုင်ဖို့..... သိမ်းထားချင်တယ်..
    ကူးထားလိုက်မိပြီ...

    ချစ်တဲ့..
    ခင်လေး

    ReplyDelete
  5. တန်ဖိုးရှိတဲ့ပို့စ်လေးပါဘဲညီမလေးရေ.မှတ်သားလိုက်နာ
    ဖို့ကြိုးစားရမှာပေါ့....

    ReplyDelete
  6. တစ်ကယ်တန်ဖိုးရှိပါတယ်...
    မှတ်သားသွားကြောင်းပါ။...

    ReplyDelete
  7. ဘလော့ဂ်မှာ ပို့ စ်သိပ်မတင်နိုင်ရင် ပို့ စ်တစ်ပုဒ်မတင်ရသေးတဲ့ အစမ်းလုပ်ထားတဲ့ ဘလော့ဂ်လေးကို ကြည့်လိုက်ပါ...။
    ဟိဟိ...။ ချစ်မတော့ အဲလိုပဲ ကိုယ့်ကိုယ်ကို အားပေးလိုက်တယ်..။

    ReplyDelete
  8. ပို့စ်လေး ကောင်းတယ်
    အကျိုးရှိတဲ့ ပို့စ်လေးပါ
    ပို့စ်အပိုဒ်တိုင်းကို နှစ်သက်တယ်

    ဆက်လက် အဆင်ချောမွေ့ပါစေ

    ReplyDelete
  9. ဒီနေ့ အဖို့တော့ ဒီပို့စ်လေးဖတ်မိတာ အတော့်ကိုတန်သွားပြီ။ ကျေးဇူးပါနော်။

    ReplyDelete
  10. အခုတော့ တန်ဖိုး သိသွားပြီ။

    ReplyDelete
  11. အင်း မမပြောသလိုပဲ ဘယ်ရှုထောင့်ကကြည့်မယ်ဆိုတာ အရေးကြီးတာပဲနော်.

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။