ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Wednesday, October 15

အင်္ဂလိပ်စာ လေ့လာလိုသူများအတွက်

"ဘ၀ အောင်မြင်မှုအတွက် အင်္ဂလိပ်စာ သင်ယူကြပါစို့" ဆိုတဲ့ အဖွင့်စာသားလေး ဘလော့ဂါ ကိုရန်အောင် တည်ထောင်ထားပေးတဲ့ အင်္ဂလိပ် ဘလော့လေး တစ်ခုရှိပါတယ်။ အခုဆိုရင် အဲ့ဒီဘလော့လေးဟာ တစ်ခြားသော ဘလော့ဂါ အစ်ကို၊ အစ်မတွေရဲ့ ပံ့ပိုးကူညီမှုနဲ့ ရပ်တည်လာတာ တစ်နှစ်နီးပါးရှိခဲ့ပါပြီ။ ပါဝင်ရေးသားတဲ့သူ အများစုကတော့ ကိုယ်တတ်ထားသမျှ၊ ကိုယ်သိသမျှကို ဝေမျှထားကြပါတယ်။ ဘယ်သူမဆို အင်္ဂလိပ်စာကို အစကနေလေ့လာနေတာပဲဖြစ်ဖြစ်၊ နောက် ဝေါဟာရ အသစ်အဆန်းလေးတွေကို ခုံမင်လို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဘန်းစကားတွေကို စိတ်ဝင်စားလို့ပဲဖြစ်ဖြစ် အဲ့ဘလော့လေးမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။ စကားပုံလေးတွေကို ဘေးမှာထည့်သွင်းထားပေးတယ်။ နေ့စဉ်ပေါ့။ စာအသစ်မဖတ်ဖြစ်တောင် စကားပုံလေးတစ်ခုခုကို ဖတ်မိတယ်ဆိုရင်ပဲ စာဖတ်သူအတွက် အနည်းအကျဉ်း အသုံတည့်မယ်လို့ ကျွန်မ ထင်ပါတယ်။ ပါဝင်ရေးသားသူအားလုံးရဲ့ ရည်ရွယ်ချက်ကတော့ ကိုယ်သိကိုယ်တတ်တာကို ထုတ်ပြမော်ကြွားခြင်း ဆိုတဲ့စိတ်နဲ့ မဟုတ်ဘဲ တတ်နိုင်သလောက် လက်လှမ်းမှီရာ ပြန်လည် ဝေမျှပေးနေခြင်းပါ။ အချိန်လဲရှိတယ်၊ ကိုယ်တတ်ထားသလောက်ကိုလဲ လူများကို ပြောပြချင်တယ်ဆိုရင် အီးမေးကနေတစ်ဆင့် ကိုရန်အောင်ဆီမှာ contributor ယူလို့ရပါတယ်။ အားလုံးရဲ့ အကျိုးတစ်ခုအတွက် ကျွန်မတို့ အားလုံး ဖြစ်နိုင်တဲ့ တစ်ဒေါင့်ကနေ ပါဝင်ကူညီရင်း အင်္ဂလိပ်စာ ဘလော့လေးကို အသက်သွင်းလိုက်ရအောင်။

စိတ်ဝင်စားသူအားလုံး ဒီ လင့်လေးကို နှိပ်ပြီး သွားရောက်ဖတ်ရှု၊ ဝေဖန် အကြံပြုနိုင်ပါတယ်။
ခေးရော့စ်

5 comments:

  1. ဟုတ်ကဲ့ ၊၊ ကျေးဇူးပါ ၊၊ သွားရောက်လေ့လာပါ့မယ် ၊၊
    မင်္ဂလာ သီတင်းကျွတ်ပါ ခင်ဗျ ၊၊ :)

    ReplyDelete
  2. ကျေးဇူးတင်ပါတယ်ဗျာ။ သွားလေ့လာပါ့မယ်။

    ReplyDelete
  3. ကျေးဇူးတင်ပါတယ်ဗျာ။ သွားလေ့လာပါ့မယ်။

    ReplyDelete
  4. သွားလေ့လာပါဦးမယ်။

    ReplyDelete
  5. chaos ရေသိပ်ကောင်းတယ် အကြောင်းအရာတွေကော blog တည်ဆောက်ပုံရော။ blog page ထိပ်ဆုံးမှာမင်းနာမည်နဲ့design text
    လေးဖြည့်လိုက်ရင်ပိုကောင်းမယ်ထင်တယ်။
ွGhost Raider(မင်းသရဲနဲ့ကြုံတွေ့ရင်ကျွန်တော်ကိုအကြောင်းကြားလိုက်ပါ
    အတည်ပြောနေတာနော်)mystic.dranix@gmail.com<- ADD

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။