ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Monday, October 27

ဖတ်မိတာလေးတွေ

အခုရက်ပိုင်း အလုပ်ရှုပ်နေတာနဲ့ ပို့စ် အသစ် မတင်ဖြစ်တော့ လာလာပြီး စာဖတ်တဲ့လူတွေကို အားနာမိပါတယ်။ မနေ့ညက စာအုပ်တစ်အုပ်ဖတ်လိုက်ရင်း စာအုပ်ထဲမှာပါတဲ့ တွေးစရာ၊ ပြုံးစရာလေးတွေကို ခဏလောက် ဖတ်ကြည့်လိုက်ရအောင်နော့။ ဒီလို................
  • "ဘ၀ကို မကျေနပ်တဲ့လူတွေ ကံကို ပုံချတယ်။ ကံကို မကျေနပ်တဲ့လူတွေ ဘ၀ကို ပုံချတယ်။"
  • "ကိုယ့်နေရာမှာ ကိုယ်နေချင်တဲ့ လူထက် သူများနေရာမှာ နေချင်တဲ့လူ အမြဲတမ်း ပိုများတယ်။"
  • "လုပ်မိတဲ့ အမှားတွေရဲ့ အရေအတွက်က အရည်အသွေး အဖြစ်ကို ပြောင်းလာရင် အဲ့ဒါ ဘ၀အတွေ့အကြုံပဲ။ "
  • "အချစ်ဟာ တယ်လီစကုပ်နဲ့ ကြည့်တယ်။ မနာလိုစိတ်က မိုက်ကရိုစကုပ်နဲ့ ကြည့်တယ်။"
  • "ကြင်နာမှု ဆိုတာ နားထိုင်းသူ ကြားရပြီး မျက်စိကန်းသူ မြင်နိုင်တဲ့ အရာ။"
  • "ကိုယ်မှားတဲ့အခါ မှားကြောင်း ၀န်ခံရင် အဲ့ဒီလူဟာ ပညာရှိ...အဲ....မှန်နေပေမယ့် မှားကြောင်းဝန်ခံနေရင်တော့ အဲ့ဒီလူဟာ မိန်းမရှိတဲ့ လူဖြစ်ရမယ်။ :)"
  • "အထက်လူကြီးကို သူနဲ့ ပတ်သက်ပြီး ခင်ဗျား စိတ်ထဲရှိတာ မှန်သမျှ ပြောရဲတယ်ဆိုရင် အလုပ်သစ်တစ်ခုကို ခင်ဗျားရှာတွေ့ထားလို့ပဲဖြစ်ရမယ်"( ခေးရော့စ်တော့ ရှာမတွေ့ပဲ ပြောနေတယ်။ အလုပ်ပြုတ်မယ့်ကိန်းမြင်ရင် အလုပ်သစ်လေးများ မစကြပါဦးနော့။ :) )
  • "သေတဲ့ အထိချစ်မယ်လို့ ကတိပေးထားရင် စောမသေသင့်ပါဘူး။"
  • "အားလုံးကို နားလည်သွားတဲ့လူ ဘာကိုမှ မယုံတော့ဘူး။"
  • "ချီးမွမ်းတာခံရတော့ နေမထိထိုင်မသာဖြစ်ရတယ်။ ချီးမွမ်းတာနဲ့ ညီအောင် နေရတာကိုး။"
  • "ရေးသလိုနေ၊ နေသလိုရေး။"
  • "ရှိရှိသမျှ အခွင့်အရေးတွေထဲမှာ မှားခွင့်ဟာ လက်လှမ်းအမှီဆုံးပဲ။"
  • "လူရှိတယ်။ ပြသနာရှိတယ်။ လူမရှိဘူးနော်။ ပြသနာ မရှိတော့ဘူး။"
  • "ငွေရှိရင် ဘာမဆို လုပ်လို့ရတယ်လို့ ယူဆတဲ့လူတွေ ငွေအတွက်ဆိုရင် ဘာမဆိုလုပ်ဖို့ ၀န်မလေးတဲ့သူ ဖြစ်နေတယ်။"
  • "ချစ်မိပြီဆိုရင် ဘာကိုမှ မစဉ်းစားတော့ဘူး။ စဉ်းစားလာပြီဆိုရင် မချစ်တော့ဘူး။"
ဘလော့ရေးမိပြီဆိုရင် ဘာကိုမှ မသိတော့ဘူး။ ဘလော့လဲအရေးရပ်ရော အလုပ်တွေက ဘေးမှာတန်းစီနေရော။ ကဲကဲ အလုပ်ဆက်လုပ်လိုက်ဦးမယ်။ အလုပ်မလုပ်ဘူးဆိုရင် နောက်ဆုံးရလာဒ်က အလုပ်မပြီးဘူးပေါ့နော်။ ဘလော့မရေးရ၊ မဖတ်ရဘူးဆို စိတ်ထဲမှာနေလို့မကောင်းဘူး။ အဟတ်။ ရောဂါကတော့ တော်တော်ရင့်နေပြီနော်။ ကုစရာဆေးလဲရှိတယ်။ နည်းလမ်းလဲရှိပါတယ်။ ကိုးနတ်ရှင်ကောင်းနေသရွေ့ပေါ့။ အဟေးဟေး ( ကိုရင်ညိမ်း ရယ်သံကို ခဏယူသုံးခြင်းဖြစ်သည်။ ) :P

ခေးရော့စ်

9 comments:

  1. မျှဝေပေးတဲ့ motto လေးတွေ အတွက်ကျေးဇူးပါပဲ.. အရမ်းကောင်းတယ်.. ကူးသွားတယ်..
    အလုပ်တွေ အမြန်ပြီးစီးပြီး ပိုစ့်အသစ်တွေ အမြန်တင်နိုင်ပါစေ...
    ဖတ်ဖို့အတွက် စောင့်မျှော်နေပါတယ်
    ပျော်ရွှင်ပါစေရှင်

    ReplyDelete
  2. အကုန်လုံးမှန်တယ်ကွယ်..

    ReplyDelete
  3. မှတ်သားစရာလေးတွေအတွက်ကျေးဇူးပါ.သေသေချာချာမှတ်သားသွားပါတယ်ညီမလေးရေ။။
    အစစအရာရာအဆင်ပြေပါစေ..

    ReplyDelete
  4. *** "ချစ်မိပြီဆိုရင် ဘာကိုမှ မစဉ်းစားတော့ဘူး။ စဉ်းစားလာပြီဆိုရင် မချစ်တော့ဘူး။" ***

    ဒီစကားကို အကြိုက်ဆုံးပဲ :)

    ReplyDelete
  5. တွေးစရာ ဆင်ခြင်စရာ စာလေးတွေ ကောင်းတယ်ဗျာ ၊၊ ကျေးဇူးပါ ညီမ ခေးရော့စ် ရေ ၊၊

    ReplyDelete
  6. မှတ်သားစရာလေးတွေကသဘောကျစရာကောင်းတယ်

    အလုပ်တွေ အဆင်ပြေပါစေ။ အချိန်မီပြီးစီးပါစေ။

    ReplyDelete
  7. ရှိရှိသမျှ အခွင့်အရေးထဲမှာ မှားခွင့်ဟာ လက်လှမ်းအမှီဆုံးပဲတဲ့ ကြိုက်တယ်ဗျာ..
    ကျေးဇူးပဲ ဝေမျှပေးတဲ့အတွက်

    ReplyDelete
  8. စာ တွေ က မှတ် သား စရာ တွေ ကြီး ပါ ဘဲ။ ကျေး ဇူး ပါ ။

    ReplyDelete
  9. မိုက်တယ် ကြေးအိုးရေ..
    ရှာရှာဖွေဖွေ ဖတ်မိတယ်..
    ဂွဒ်..
    ဘလော့လား..
    ဒီရောဂါတော့ ပြောကို မပြောချင်တော့ပါဘူး..။

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။