ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Friday, October 24

ပိုင်လိုက်တဲ့ အကြံ

ဟုတ်ကဲ့ အခုတစ်လော ခေးရော့စ် တစ်ယောက် အပြောင်းအလဲမျိုးစုံကြားမှာ အမျိုးမျိုးသော အကြောင်းတွေကြောင့် အလုပ်မထွက်ဖြစ်သေးပါဘူး။ တစ်ခါတစ်ခါလဲ ခေးရော့စ်တွေးမိတယ် ပျော့ညံ့တဲ့ သူတစ်ယောက်များ ဖြစ်နေသလားလို့။ သေချာတာတစ်ခုကတော့ အဖြေတစ်ခု ကိုယ့်ဟာကို ကောက်ချက်ဆွဲလိုက်တယ် " I am fighting a losing battle cos i care too much for others " ဒါက လတ်တစ်လော အခြေအနေပေါ်မှာ ခေးရော့စ် ကောက်ချက်ဆွဲချလိုက်တဲ့ ကိုယ်ပိုင်ခံစားချက်သက်သက်ပါ။ အလုပ်ကမထွက်ဖြစ်သေးဘူးပေါ့။ အင်တာနက်ဆက်ရနေဦးမယ်။ ဘလော့လဲရေးလို့ အဆင်ပြေနေမယ်။ အပျင်းထူ၊ စိတ်တွေရှုပ်ပြီး အလုပ်ရှုပ်တာလဲပါတယ် စာမရေးဖြစ်ဘူး။ အဲ့ဒါကို ကိုရန်အောင် ကြီးက ဘယ်လိုသိသွားလဲမသိဘူး။ ဟဲလို ခေးရော့စ်. ဘေးမော့လို့ ငေးနေသလား. ဆွေးနေသလား. ပို့စ်လည်း မရေးပါလား. နက်ဖြန်ထပ်လာမယ်. ဟာဒုက္ခပါပဲ။ နက်ဖြန်ထပ်လာလို့ ပိုစ့်အသစ် မတင်နိုင်ရင် ဆိုပြီး ကွန်ပျူတာ ကီးဘုတ်ကို နင်းပိတ်ကန် တွယ်တော့တာပဲ။ လက်နဲ့ပြောတာ။ ဆီပုံးကနေလာလည်တဲ့ လူတွေကလဲ သတိရတယ်တဲ့။ ကွန်မန့်လဲ ၀င်ပေးကြ။ စိတ်မကောင်းဘူးဆိုတော့။ နဂိုကမှ ပျော့ချင်နေတဲ့ စိတ် အခုတော့ လုံးဝကို ခွေကျသွားပြီ။ ကဲကဲ လေကြောမရှည်တော့ဘူး။ ဒီနေ့ ဖောဝေါ့ဒ် မေးကနေ ရလာတဲ့ စာလေးတစ်ပုဒ်ကို ပြန်တင်ပေးလိုက်မယ်။ ဖတ်ကြည့် မိုက်တယ်ဗျ...............

တစ်ခါက ကောင်လေး တစ်ယောက်က ကောင်မလေး တစ်ယောက်နဲ့ ချစ်ကျွမ်းဝင်မိပါတယ်။ ခက်တာက ကောင်မလေး အဖေက လူကြီးတို့သဘာဝ လုံးဝကို သဘောမတူဘူးပေါ့။ ဒါနဲ့ ကောင်လေးက ကောင်မလေးဆီကို စာတစ်စောင်ပို့လိုက်တယ်။ ကောင်မလေး အဖေကနေတစ်ဆင့်ပေါ့။ ဘယ်လိုစာမျိုး ပို့လိုက်တယ် ဆိုတာ သိချင်ပါသလား။ ဟုတ်ကဲ့ အောက်က စာလေးဖတ်ကြည့်လိုက်နော်။

"The great love that I have for you
is gone, and I find my dislike for you
grows every day. When I see you,
I do not even like your face,
the one thing that I want to do is to
look at other girls. I never wanted to
marry you. Our last, conversation
was very boring and has not
made me look forward to seeing you again.
You think only of yourself.
If we were married, I know that I would find
life very difficult, and I would have no
pleasure in living with you. I have a heart
to give, but it is not sth that
I want to give to you. No one is more
foolish and selfish than you, and you are not
able to care for me and help me.
I sincerely want you to understand that
I speak the truth. You will do me a favor
if you think this is the end. Do not try
to answer this. Your letters are full of
things that do not interest me. You have no
true love for me. Good-bye! Believe me,
I do not care for you. Please do not think that
I am still your boyfriend.
"

စာလဲဖတ်ပြီးရော အဖေက သမီးကို ပေးလိုက်တယ်။ ကောင်မလေးက တအားပျော်သွားလေရဲ့။ ဘာဖြစ်လို့ပါလိမ့်လို့ စဉ်းစားနေပြီဟုတ်။ အခုဒီစာကို ဖတ်ပြီးတဲ့ လူတွေထင်နေတာက ကောင်လေးက ကောင်မလေးအပေါ်ရက်စက်သွားပြီပေါ့။ အဲ့လို ထင်ရင် လွဲပါတယ်။ တက်တက်စင်အောင်လွဲပါတယ်။ ဘာလို့လဲသိလား။ ကောင်လေးက ဥာဏ်တအားကောင်းပ။ အခု အပေါ်ကစာကို သေချာပြန်ဖတ်ကြည့်နော်။ ဒီတစ်ကြိမ်ဖတ်တဲ့အခါကျရင် ပထမဆုံးတစ်ကြောင်းက စဖတ်။ ပြီးရင် တစ်ကြောင်းစီကျော်ဖတ်ကြည့်။ ကောင်မလေး ဘာလို့ပျော်သွားလဲ သိလာလိမ့်မယ်။ :P :P

ကဲကဲ အိမ်က သဘောမတူလို့ စာတွေပေးမယ်ဆိုရင် ကောင်လေးလို ဥာဏ်ကိုလွှာသုံးပြီး မိဘတွေကို မျက်လှည့်ပြလိုက်ရအောင်။ အောင်မလေးနော်။ အဖေများ ဒီစာကို မြင်ရင် သမီးမိုက် နင်တော့လား။ ဒီလိုဥာဏ်နီ၊ ဥာဏ်နက်၊ ဥာဏ်ဝါ၊ ဥာဏ်စိမ်းတွေ အကုန်ထွက်တယ်ဆိုပြီး ကြိမ်းမောင်းနေမှာ မြင်ယောင်သေး။ တိတ်တိတ်နေနော်။ ခေးရော့စ်က အချစ်ကဗျာတွေ။ အလွမ်းစာတွေ ခံစားပြီးသာ ရေးနေတာ။ ဖေဖေက သိသေးဝူး။ တိုင်ပြောနဲ့နော်။ ကျေးဇူးဆပ်မယ်။ အဟတ်

ခေးရော့စ်

8 comments:

  1. မိုက်လယ်ကွ ကူးယူထားဦးမှပဲ အဟဲ
    ကျဲညီမပါသွားရင်တော့နော်
    ကျဲကြောင့်ပဲလို့ မပြောဘူးလို့
    အဟီး

    ReplyDelete
  2. heehee...that's cool!!! =)

    ReplyDelete
  3. လာရောက်လေ့လာသွားပါတယ်ဗျာ ၊၊ ပိုင်လိုက်တဲ့ အကြံပါ ၊၊ မှတ်ထားပါ့မယ်

    ReplyDelete
  4. ဟဲဟဲ နည်းကောင်းတစ်နည်းပေးလို့ ငါ့ညီမရေ ကျေးဇူးဗျာ။

    ပိုစ့်တွေများများတင်ပါဦး။ ကဗျာလေးတွေလည်းရေးပါဦး။

    မိုးကြယ်

    ReplyDelete
  5. =) ကြေးအိုးဝယ်ကျွေးမှ မတိုင်ပဲနေမှာနော်.. ။ :-P

    ReplyDelete
  6. အမယ်လေး..လေး..
    ပိုင်လှချည်လား...
    နည်းပေးမျှဝေတဲ့ သူ ကြေးအိုးလည်း ဒီလို ဥာဏ်တွေ အပြည့်ရှိမယ့်ပုံပဲ...။ :P

    ReplyDelete
  7. မိုက်တယ်နော် ပိုင်လိုက်တဲ့အကြံ.....

    ReplyDelete
  8. သူငယ်ချင်းကဗျာကို ဖတ်ရလို့
    သူငယ်ချင်းတွေကို very very tha taိ ya maိ paါ taယ်

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။