ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Wednesday, June 11

ကြေကွဲနေပေမယ့်လည်း…

ရက်စက်လှတဲ့ မုန်တိုင်းရယ်
အသက်ပေါင်းများစွာကို
မလှမပ ခြွေယူရက်တယ်
နွေးထွေးမှု၊ သံယောဇဉ်နဲ့ထုံမွမ်းထားတဲ့
မိသားစု အသိုက်အ၀န်းပေါင်းများစွာ
မုန်တိုင်းရဲ့ လက်အောက်မှာ
မှုန်ဝါးပျောက်ကွယ်သွားပြီနော်။

နာကျင်ကြေကွဲမှုနဲ့
စိတ်ပျက်အားငယ်စွာ
ကူညီမဲ့သူကို စောင့်စားနေချိန်မှာ
အကန့်အသတ်တွေ…
အတားအဆီးတွေ…
စေတနာကို ရုပ်ဆိုးအကျည်းတန်အောင်
ခြယ်မှုန်းနေကြတယ်။

ရာထူး….
အာဏာ…..
ဥစ္စာ……
ကျော်ကြားမှု….
ယောင်ချာချာဝဲဂယက်ကြားမှာ
စာနာမှုကို ဘယ်ချောင်ထိုးထားကြတာလဲ?

နှလုံးသားတွေ တဆစ်ဆစ်နာကျင်နေလဲ
တကယ်တမ်းတော့
ဆန္ဒရဲ့နောက်ကို
ဟန့်တားမှုအမျိုးမျိုးနဲ့
ဖြစ်ချင်တာတွေကို ဖြစ်ခွင့်မရတဲ့အခါ……….


chaos

10 comments:

  1. အစ်မ.. ပြန်လာပြီပေါ့။ :-)

    ReplyDelete
  2. ၀မ်းသာပါတယ် ဗျာ ၀မ်းသာပါတယ်ဗျာ

    ReplyDelete
  3. ၀မ်းသာပါတယ် ၀မ်းသာပါတယ် ၀မ်းသာပါတယ် ခင်ဗျား
    ဟေ့ရောင် ငါ လာပြီးသားကွ ငါ့ဘလောက်မှာ မင်းဘလောက်ကို လင့်ထားတဲ့ ပုံစံလာကြည့်ဦး
    ငါ အကုန်သိတယ် ဟဟဟ။

    ReplyDelete
  4. ဖတ်သွားတယ် ညီမလေး... စိတ်လျှော့လိုက်ပါလို့ .... ပြောချင်ပေမယ့် ပြောတော့ပါဘူးလေ..။

    ReplyDelete
  5. ပြန်ရောက်လာတာ ၀မ်းသာပါတယ်ဗျာ.....တကယ်ပါ....ကဗျာတွေ စာတွေအများကြီးဆက်ရေးပါဦးဗျ......:D

    ReplyDelete
  6. ထပ်တူထပ်မျှ ခံစားရပါတယ်ဗျာ. ကဗျာလေးထဲမှာ ခံစားချက်တွေ စီးဝင်နေတာ မြင်ရပါတယ်.

    ကိုယ့်ကိုယ်ကိုလည်း ပြန်ဂရုစိုက်ဦးဗျ. မလေးမ ပြောသလိုပေါ့.
    ;)

    ဘာပဲပြောပြော ပြန်လာတာ ၀မ်းသာပါတယ်ဗျာ.

    ပျော်ရွှင်ချမ်းမြေ့ပါစေ...

    ReplyDelete
  7. ဆန္ဒရဲ့နောက်ကို
    ဟန့်တားမှုအမျိုးမျိုးနဲ့
    ဖြစ်ချင်တာတွေကို ဖြစ်ခွင့်မရတဲ့အခါ……….

    ReplyDelete
  8. ဖြစ်ချင်တာတွေ ဖြစ်ခွင့်မရတဲ့အခါ ...

    ReplyDelete
  9. ပြန်လာလို့  ၀မ်းသာတယ် ကဗျာဖတ်ပြီး ၀မ်းနည်းတယ် ခံစားချက် ၂ မျိုးတစ်ပြိုင်နက်ထဲ ဖြစ်သွားတယ်း) ။

    ReplyDelete
  10. ဤပိုစ့်လေးကို ကျွန်တော့်အိမ်၏ စွယ်စုံဂျာနယ် - အမှတ် ၂ တွင် အမြည်းပေးကာ ဒီလိပ်စာသို့ ပြန်လည် ညွှန်းထားကြောင်း အသိပေးအပ်ပါသည်။

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။