ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Thursday, July 10

ကောင်လေးတစ်ယောက်ကပေးသော သင်ခန်းစာ

နေသာတဲ့ နေ့လေးတစ်နေ့မှာပေါ..........ပင်လယ်ကြီးရဲ့ အရှေ့ဘက်ခြမ်းတစ်လျှောက်မှာ မထင်မှတ်ပဲ အံ့သြစရာတစ်ခု ဖြစ်သွားတယ်။ ၁၄နှစ်၊ ၁၅နှစ်အရွယ် ကောင်လေးအုပ်စု သုံးစုလောက်တွေ့မိကြတယ်။ အထက်တန်းကျောင်းသား အရွယ်လေးတွေပေါ့။ သူတို့အားလုံး အပြေးပြိုင်ဖို့ အတွက် တာဆူနေကြတယ်။ ပထမ အုပ်စုက တစ်အားတက်ကြွနေတယ်။ ပြိုင်ပွဲတစ်ခုကို ယှဉ်ပြိုင်မယ့် အနိုင်ရချင်တဲ့၊ ခေါင်းဆောင်ဖြစ်ချင်တဲ့ ပုံရိပ်တွေ ထင်ဟပ်နေကြတယ်။ ဒုတိယအဖွဲ့ကတော့ ကောင်လေးစုစုပေါင်း အယောက် (၂၀) လောက်ရှိမယ်။ သူတို့ကို ကြည့်ရတာ ပထမအုပ်စုလောက် တက်တက်ကြွကြွ မရှိကြဘူး။ ပထမအုပ်စုကို တကယ် ယှဉ်နိုင်ပါ့မလား ဆိုတဲ့ အတွေးတောင်ဝင်နေပုံရတယ်။ နောက်ဆုံးတစ်ဖွဲ့ ကောင်လေးတွေက (၁၀) ယောက် မပြည့်တစ်ပြည့်ပဲ။ သူတို့ကတော့ ခေါင်းငိုက်စိုက်ချထားလို့ ဘယ်သူ့ကိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ အရှုံးစိတ်ကို နှလုံးသွင်းထားနေလေရဲ့။ အဖွဲ့တွေအားလုံး အပြေးပြိုင်ပွဲအတွက် အာရုံထားနေကြချိန်မှာ ကောင်လေးတစ်ယောက် အေးအေးလူလူ လမ်းလျှောက်နေတယ်။ သပ်သပ်ရပ်ရပ်နဲ့ အားကောင်းမောင်းသန် ကောင်လေးကတော့ အသက်တောင် ပြင်းပြင်းမရှူဘူး။ တစ်ခြားအဖွဲ့တွေရဲ့ ဟိုးးးးးးအနောက်ဘက်မှာ အများကြီး ပြတ်ကျန်နေခဲ့ပေမယ့် အပြုံးမပျက်၊ ယုံကြည်မှု အပြည့်နဲ့ လျှောက်လှမ်းနေလိုက်တာ။ သက်တောင့်သက်သာနဲ့ ကမ်းခြေတစ်လျှောက် ရှုခင်းတွေကို ငေးမောရင်းပေါ့.......... သူ့အတွက်ကတော့ ပြိုင်ပွဲတစ်ခုလို့ မှတ်ယူထားပုံ မပေါ်ဘူး။ နေသာတဲ့ နေ့တစ်နေ့မှာ အလှအပ ခံစားရင်း လမ်းလျှောက်ထွက်လာပုံပဲ။ တစ်ခြားသူတွေလို စည်းကမ်းကလနားတွေနဲ့ ယှဉ်ပြိုင်ခြင်း၊ အနိုင်ရလိုခြင်း ဆိုတာထက် သူ့ပုံစံက ပါဝင်မှုတော့ရှိတယ်... ဒါပေမယ့် ရိုးရှင်းတယ်... မရှုပ်ထွေးဘူး... တကယ့်ကို ရိုးရိုးလေး... လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနဲ့ လူများတွေ သူ့ကို ဘယ်လိုထင်မယ်၊ ဘယ်လိုတွေးမယ် ဆိုတာကို လုံးဝ အမှုမထားဘူး။
ဒါကတော့ ကျွန်မဖတ်လိုက်ရတဲ့ ဆောင်ပါးလေးတစ်ပုဒ်ကို သင့်လျော်အောင် ကြိုးစားပြီး ဘာသာပြန်ထားတာပါ။
ဒီရှုပ်ထွေး ပွေလီလှတဲ့ လောကကြီးထဲမှာ တစ်နေ့တစ်နေ့ ပြိုင်ဆိုင်မှု၊ ယှဉ်ပြိုင်မှုထဲမှာ နှစ်မြှုပ်ရင်း၊ ရုန်းကန်ရင်း၊ ဘ၀ခရီးကို လေးပင်စွာ လျှောက်လှမ်းနေမိကြတယ်။ ပတ်ဝန်းကျင်၊ လူ့အသိုင်းအ၀ိုင်းရဲ့ လောင်းရိပ်အောက်မှာ ကိုယ့်ရဲ့ ဆန္ဒတစ်စုံတစ်ရာကို မြေမြှုပ်သဂြိုလ်လိုက်ရမယ်ဆိုရင် တကယ်ရော ထိုက်တန်ရဲ့လားဆိုတာ ပြန်စဉ်းစားဖို့ လိုမယ်ထင်တယ်။ တစ်ခါတစ်ခါ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒ၊ လွတ်လပ်ပျော်ရွှင်မှုတစ်ခု အများကိုလဲ မထိခိုက်ဘူးဆိုရင် စိတ်ကို ထွက်ပေါက်ပေးသင့်တယ်။ ပြန်စဉ်းစားကြည့်ရင် ဘ၀ဆိုတာ တိုတိုလေးပါ။ စိတ်ကို ထောင်သွင်း အကျဉ်းချပြီး ပိတ်လှောင်ထားမယ့်အစား ပေါ့ပါးလွတ်လွပ်တဲ့ ခံစားမှုလေးတွေကို လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်းလေး ကြုံတွေ့နိုင်တယ်ဆိုတာ သတိမထားမိလိုက်ကြဘူး။ ပညာရှိ သတိဖြစ်ခဲလေးဖြစ်သွားတာပါ။ မျှော်လင့်ချက်နဲ့ အသက်ရှင်နေထိုင်နေရတဲ့ ဒီလောကဆိုတဲ့ နေရာတစ်ခုထဲမှာ ယုံကြည်မှုကို မလွတ်တမ်းဆုပ်ကိုင်ရင်း စိတ်ချမ်းမြေ့မှုကိုလဲ မေ့ထားလို့ဘယ်ဖြစ်မလဲနော့.....


ခေးရော့စ်

No comments:

Post a Comment

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။