ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Sunday, December 9

ဆေးလိပ်နှင့်အစားအသောက်

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေက ဆေးလိပ်ကို သောက်ချင်တဲ့ ဆန္ဒကို တိုက်ဖျက်ပေးတယ်တဲ့။ ဆေးလိပ်သောက်ဖို့ စဉ်းစားနေလား? ကော်ဖီသောက်ခြင်း၊ ယာမကာမှီဝဲခြင်းတွေကို လျှော့ပြီး နွားနို့၊ ရေ၊ အသီးအနှံနဲ့ အသီးအရွက်တွေကို ပိုစားပါတဲ့။ ဆေးလိပ်သောက်သုံးသူ ၂၀၉ယောက်ကို လေ့လာလိုက်တဲ့အခါ ၄၅% ရဲ့ပြောပြချက်အရ ကော်ဖီသောက်ခြင်းဟာ သူတို့ရဲ့ ဆေးလိပ်သောက်ချင်စိတ်ကို ပိုဖြစ်စေတယ်တဲ့။ ကျန်တဲ့ ၄၄% နဲ့ ၁၁%ရဲ့ ပြောပြချက်အရတော့ အရက်နဲ့ အသားတွေကို စားသုံးတာလဲ ကော်ဖီသောက်ပြီး ဖြစ်စေတဲ့ အကျိုးသက်ရောက်မှု အတိုင်း ထပ်တူညီတဲ့ ဆေးလိပ်သောက်ချင်တဲ့ ဆန္ဒကို တွန်းအားပေးပါတယ်တဲ့။ ဒါပေမယ့် ဆေးလိပ်ဆာတဲ့ ဆာလောင်မှုကို အနှောင့်အယှက်ပေး ဖျက်ဆီးတဲ့ အစားအသောက် တွေကတော့ ခုနကပြောတဲ့ နွားနို့၊ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ ရေတို့ပါပဲ။ ဆေးလိပ်သောက်ခြင်းဟာ အလွန်တရာမှ ဖျောက်ဖျက်ရခက်တဲ့ စွဲလန်းပြီး အကျင့်ပါသွားတဲ့ အမူအကျင့်တစ်ခုပေါ့။ အကယ်၍များ ဘယ်လို အကြောင်းအရာ၊ အစားအစားတွေကသာ "သူ့" ကို ခုခံမယ်၊ တွန်းလှန်မယ် ဆိုရင် ကျွန်မတို့ အဲ့ဒီ အကျင့်လေး ပျောက်ပျက် သွားဖို့ မကြိုးစားကြည့်သင့်ကြဘူးလားနော်။

chaos

5 comments:

  1. သူငယ်ချင်းရေ
    ဒီပို့စ်လေးကို ဆေးလိပ်ဖြတ်ဖို့ကြိုးစား
    နေတဲ့သူတွေအားလုံးကို
    ဖတ်စေချင်တယ်ကွာ
    သူတို့လဲ အမှန်တကယ်ခက်ခဲကျပါတယ်
    ဖြတ်ဖို့ကြိုးစားလိုက်
    ပြန်ပြတ်သွားလိုက်နဲ့
    တကယ်စာနာပါတယ်။
    အစ ထဲက မစ မိရင်
    အကောင်းဆုံးပေါ့လေနော်
    ဒီပို့စ်လေး အတွက် ကျေးဇူးကမ္ဘာ။

    ReplyDelete
  2. yes... ကြိုးစားပါ့မယ်ဗျာ ကျေးဇူး :) :)

    ReplyDelete
  3. မပန်ရေ မင်္ဂလာပါ။
    ဆေးလိပ်ကို ကြိုးစားပြီး ဖြတ်သင့်တာပေါ့။ ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ထိခိုက်နိုင်ပါသည် ဆိုတဲ့ သတိပေးချက်လေးနဲ့ မလုံလောက်ဘူးထင်တယ်ဗျ။ စလုံးမှာ ဆိုရင် ဆေးလိုက်ဘူးမှာ ကပ်ထားတဲ့ ပုံတွေက တော်တော် ကြောက်ဖို့ ကောင်းတယ်ဗျ။ ကျွန်တော်တို့ နိုင်ငံလည်း ကပ်သင့်တယ်။ ဒါမှ နောက်မျိုးဆက်သစ်တွေမသောက်ရဲမှာ။

    ReplyDelete
  4. အင် သူရို့ကလဲ ဆေးလိပ်ဖြတ်ဖို့ပဲ ပြောနေကြတယ်း)

    ReplyDelete
  5. ကောင်းတယ် လုပ်ကြည်ကလိုက်မယ်

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။