ပျော်ရွှင်မှုဆိုတာ လူတွေအားလုံးရဲ့ သည်းခြေကြိုက် ခံစားမှုလေးပေါ့။ တကယ်တမ်း လူတိုင်းအတွက် အချိန်တိုင်းမှာ လိုအပ်တဲ့ အားဆေး တစ်ခွက်ဆိုလဲ မမှားပါဘူး။ ၀မ်းနည်းကြေကွဲမှုကတော့ လုံးဝဆန့်ကျင်ဘက်ပေါ့။ ကျွန်မတို့ သူ့ကို အလိုမရှိလေ သူရောက်လာပြီး နှောင့်ယှက်လေပေါ့။ အခုကျွန်မ ပြောပြမယ့် သူငယ်ချင်းလေးကတော့ ၀မ်းနည်းဖွယ်ကောင်းအောင် ကံကြမ္မာက ဖန်တီးလိုက်တဲ့ အကြောင်းလေးပါ။ ငယ်ငယ်လေးထဲက ခင်တယ်၊ စကားပြောဖြစ်တယ်၊ မျက်မှန်းတန်းမိတဲ့ သူငယ်ချင်းလေးပေါ့။ ၉ တန်းနှစ်မှာ နှစ်ယောက်လုံး လပတ်စာမေးပွဲ တစ်ကြိမ်မဖြေပဲ ၁၀တန်းမှာ အခန်းတူတူနဲ့ စာပြိုင်ဘက် သူငယ်ချင်းတွေ ဖြစ်လာတယ်။ ၁၀တန်းဖြေပြီး နောက်ပိုင်း မတွေ့ဖြစ်ကြတော့ဘူး။ ဒါပေမယ့် သူ နိုင်ငံခြားထွက်ဖို့ လုပ်နေတယ်တော့ ကြားမိတယ်။ သူက တစ်ဦးတည်းသောသားလေ။ ငယ်ငယ်လေးထဲက ရုပ်ရှင်တွေကြည့်ပြီးတိုင်း သားကြီးလာရင် နိုင်ငံခြားသွားမယ် အမြဲပြောတတ်တယ်။ လူများတွေ ခက်ခက်ခဲခဲ ကြိုးစားပြီး နိုင်ငံခြားထွက်ဖို့ လုပ်နေချိန်မှာ သူကတော့ လျှောလျှောရှူရှူနဲ့ အမေရိကားကို ထွက်ခွင့်ရသွားတယ်။ မကြာဘူး သူအဲ့မှာ အလုပ်ရသွားပြီး ငွေကိုင်လုပ်ရတယ်လေ။ သူတစ်ယောက်ထဲ တိုက်ခန်းမှာနေတယ် ဒါပေမယ့် သူအလုပ်လုပ်တဲ့ နေရာနဲ့တော့ မဝေးပါဘူး။ တစ်ခါတစ်လေတော့ အိမ်ပြန်ရောက်ရင် မိုးသိပ်ချုပ်တဲ့ နေ့တွေလဲရှိတယ်လေ။ မကြာပါဘူး........သတင်းတစ်ခုကြားလိုက်တယ်။ သူဆုံးသွားပြီတဲ့။ ကျွန်မတို့အားလုံး ဘယ်လိုမှ မယုံနိုင်ကြဘူး၊ ယုံလဲမယုံဘူး၊ သတင်းမှားဖြစ်ရမယ်လို့ပဲ ကိုယ့်ကိုယ်ကို ဖြေတွေးတယ်။ တကယ်တမ်းတော့ ကျွန်မတို့ သူငယ်ချင်းလေးက လူများ သတ်တာခံလိုက်ရတာပါ။ ရင်နာဖို့ကောင်းလိုက်တာ.....လူတွေ ငွေလိုချင်လို့ အသက်တစ်ချောင်းကို ရန်ရှာတာလေ။ သူက ငွေကိုင်ဆိုတော့ သူ့ဆီက သော့ရရင် ပိုက်ဆံတွေကို ယူမယ်ပေါ့။ ငွေအတွက်နဲ့ လူသတ်ဖို့ ၀န်မလေးတဲ့လောက၊ ငွေအတွက်နဲ့ သိက္ခာကျလဲ အဆင်ပြေနေတဲ့လောက၊ ငွေနဲ့ အရာရာကို တန်ဖိုးဖြတ်တဲ့လောက၊ ငွေရှိရင်ပြီးတယ်ထင်နေတဲ့ လူတွေ ကျက်စားတဲ့လောက၊ ဒီလောကတွေရဲ့အလယ်မှာ အညွန့်တစ်လူလူ တက်နေတဲ့ ကျွန်မသူငယ်ချင်း ဘ၀တစ်ခု စတေးလိုက်ရတယ်။ ကျွန်မ ဒီပိုစ့်လေး ရေးနေတဲ့ အချိန် သူကတော့ ဘာမှမသိနိုင်တဲ့ တမလွန်မှာ မှေးစက်နေပါပြီ။ စိတ်မကောင်းလိုက်တာ သူငယ်ချင်းရယ်။ မျက်ရည်ဝိုင်းလာတဲ့ အထိကို ကျွန်မ ခံစားရပါတယ်။
ဆုလေး တက်လာတဲ့ သူငယ်ချင်းအကြောင်းပါ။
chaos
သနားပါတယ်နော်.. ဖတ်ပြီးတော့ စိတ်မကောင်းဘူး...
ReplyDeleteစိတ်မကောင်းစရာပါပဲ။ ငွေမျက်နှာ တစ်ခုပဲကြည့်ပြီး လူမဆန်တဲ့ လူတွေကြောင့် ဘ၀တစ်ခု စတေးလိုက်ရတာပေါ့.... :(
ReplyDeleteသိက္ခာကို ငွေကြေးနဲ့ လဲစားနေတဲ့ လောကကြီးထဲ နေထိုင်ရတာ မွန်းကြပ်လှတယ်နော်။ ဘာကို တန်ဖိုးထားရကောင်းမှန်း မသိတဲ့ လူတွေကြားမှာ နေထိုင်ရတာလဲ ၀ဋ်ကြွေးထင်တယ်။ အဲဒီလို ကျင်လည်ရတဲ့ လောကကနေ အမြန်ဆုံး ထွက်သွားနိုင်တာကိုပဲ သူ့အတွက် ကျေနပ် ၀မ်းသာပေးမရ မလိုပါဘဲ။ ဒါပေမယ့် ထပ်ပြီး စတေးရဦးမယ့် လူတွေ အတွက်တော့ ရင်လေးပြီး ၀မ်းနည်းမိတယ်။ ကိုယ် မချစ် မနှစ်သက်တဲ့ ပတ်ဝန်းကျင်ကြီးနဲ့ ကင်းဝေး နိုင်ကြပါစေ။
ReplyDeleteခေးရောစ့်ရေ
ReplyDeleteသူငယ်ချင်း အကြောင်း ဖတ်ရတာ စိတ်မကောင်းလိုက်တာရှင်
I feel so sorry for your friend,chaos!
ReplyDeleteအမွှာလေးရေ စိတ်မကောင်းဘူး၊ ဒီလို ငယ်ငယ် ရွယ်ရွယ်နဲ့ မကြွေသင့်ပဲ ကြွေခဲ့ ရတဲ့ အသက်တွေ ဘယ်လောက်များ နေပြီလဲ မသိဘူးနော်၊ စိတ်မကောင်း၊ အဲဒါတွေ စဉ်းစားမိရင် ည ည အိပ်မပျော်ဘူး၊ အမွှာလေးရေ စိတ်မကောင်းဘူး၊ ဒီလို ငယ်ငယ် ရွယ်ရွယ်နဲ့ မကြွေသင့်ပဲ ကြွေခဲ့ ရတဲ့ အသက်တွေ ဘယ်လောက်များ နေပြီလဲ မသိဘူးနော်၊ စိတ်မကောင်း၊ အဲဒါတွေ စဉ်းစားမိရင် ည ည အိပ်မပျော်ဘူး၊
ReplyDeleteဖတ်ရတာ စိတ်မကောင်းစရာပဲနော်။
ReplyDeleteဒီအကြောင်းလေးကို အရင် က
တစွန်း တစ ကြားမိတည်းက
စိတ်မကောင်းဖြစ်ခဲ့ဖူးတယ်။
ဝမ်းနည်းပါတယ်။
သူငယ်ချင်း။
ဒီလို အဖြစ်ဆိုးမျိုးတွေက
အားလုံးကင်းဝေး နိုင်
ကျပါစေ။
စိတ်မကောင်းပါဘူးဗျာ.. ဟုတ်တယ် လူတွေက ငွေနဲ့ ပက်တသက်လာရင် တော်တော်ကိုဆိုးတယ်... အဆင်ပြေပါစေဗျာ
ReplyDeleteကြားရတာ စိတ်မကောင်းပါဘူး chaos ရေ။ လောဘသမားတွေ အရူးတွေ ပေါတဲ့ တိုင်းပြည်မှာ နေရတာကလည်း တစ်မျိုး ကြောက်စရာပါပဲ။
ReplyDeleteမမသူငယ်ချင်းလေး သနားပါတယ်နော် . . .ရတနာ စိတ်မကောင်းဘူး . . .သူလေး ကောင်းရာမွန်ရာ ရောက်ပါစေ
ReplyDeleteနစ်နာကြေးဘယ်လောက်ရလဲဟင်..။
ReplyDelete်... ဒီလိုပါ.. ကိစ္စဖြစ်ပြီးတော့ တရားမျှတမှူရှိရဲ့လားလို့ပါ။ လူ့အသက်ကို ငွေနဲ့မဖြတ်နိုင်ပေမဲ့ အထိုက်အလျောက်ဆိုရင်တော့ ဖြစ်ပြီးတဲ့ကိစ္စအပေါ် ဘေးလူအနေနဲ့(တရားသဘော) ဖြေသာနိုင်ပြီး၊ ကာယကံရှင်ရဲ့ နောက်ဆုံး (အမြင့်မားဆုံး) လုပ်အားအနေနဲ့ ပက်သက်မှီခိုသူ(ရှိခဲ့ရင်) ပေးဆပ်နိုင်သေးတာပေါ့။
ဒီလိုအဖြစ်မျိုး (သို့) မတော်တဆထိခိုက်မှူမျိုးဖြစ်ပျက်နစ်နာပြီး... ကျန်ရစ်မှီခိုသူတွေအတွက် သောက ကလွဲလို့ဘာမှမပေးနိုင်တဲ့ ကျနော်တို့ရဲ့မြန်မာမျက်နှာမွဲ လုပ်သားကြီးတွေရော... ဘယ်လောက်များရှိနေပေချိမ့်...ဩော်...
အနောက်နိုင်ငံတွေရဲ့ ငပျင်းတွေကို အားပေးတဲ့ ထောက်ပံ့ ကြေး စံနစ်ပေါ့။ အလုပ်မလုပ်ဘဲ ထောက်ပံ့ကြေးတောင်း ကြာလာတော့ သူတို့သားသမီးတွေကိုယ်တိုင် ပညာမတတ် ဘဲ အကျင့်ပျက်။ ငွေကိုမသမာတဲ့နည်းနဲ့ ရှာ၊ အနိုင်ကျင့် တတ်လာကြတယ်။ သူငယ်ချင်းလေးက သနားစရာ ကံကြမာကလည်း ထူးဆန်းလိုက်တာ၊ သေရမဲ့ နေရာကို လွယ်လွယ်နဲ့ ရောက်သွားတယ်နော်။
ReplyDelete