ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Monday, November 26

ကဗျာစစ်ပွဲ

ထလော့ ထလော့
ကဗျာဆရာများ
နိုးကြားလော့။
နှလုံးသွေးမှ ဖြစ်တည်တဲ့
ကဗျာကို အရည်အသွေး ပြည့်မှီတဲ့
တန်ဆာအဖြစ် အသုံးချလော့။

ကလောင်လက်နက်ကို
ဥာဏ်ဦးနှောက်နဲ့ သွေးပြီး
ကဗျာစာများကို
အမှန်တရားအတွက်
ဆင်ခြင်တုံတရားနဲ့ ရေးခြစ်လော့။

ကဗျာတစ်ပုဒ်ရဲ့
သံစဉ်နဲ့
နိုင်ငံ့သရုပ်ကို
ဖော်ကျူးလော့။

ကဗျာနဲ့ကဗျာဆရာ
ဝိဉာဉ်နဲ့ခန္ဓာလို
ပူးပေါင်းလိုက်ရင်း
ကဗျာ့အလိုကျ
တာဝန်သိစိတ်နဲ့
ကဗျာစစ်ပွဲကို
ရဲရဲဝံ့ဝံ့
ဆင်နွှဲလိုက်ကြပါစို့။

chaos

11 comments:

  1. ဒါပေါ့ ညီမရဲ့...ကဗျာဆိုတာ တကယ်တော့ အားကောင်းတဲ့ စင်ပြိုင်အစိုးရတစ်ခုပါပဲ။ စင်ပြိုင်အစိုးရအားကောင်းလာလေလေ၊ လက်ရှိအစိုးရမျက်ခုံး လှုပ်လာလေလေပဲ။ ကဗျာလေးကောင်းတယ်။

    ReplyDelete
  2. ကဗျာတစ်ပုဒ်ရဲ့
    သံစဉ်နဲ့
    နိုင်ငံ့သရုပ်ကို
    ဖော်ကျူးလော့။
    သိပ်ကိုမှန်ပြီး အားကောင်းတဲ့ကဗျာလေးတပုဒ်ပါဘဲညီမလေးရေ…

    ReplyDelete
  3. Really really a nice poem. I can't find any weakness in the poem. Also it's energetic and alert other poets to get up. Well done.

    ReplyDelete
  4. ကဗျာလေးက အရမ်းမိုက်တယ်ဗျ။

    ReplyDelete
  5. တရေးအိပ်ဖို့ကြံနေတဲ့ ဟိုကဗျာဆရာကို ဒီကဗျာနဲ့  သွားနိုးလိုက်..ညီမလေး..။ ချစ်မကိုတော့ နည်းနည်းငိုက်ခွင့်ပြုနော်...။

    ReplyDelete
  6. ညီမ
    ကဗျာက ကောင်းပါတယ်။ နိုင်ငံရေးဆိုင်းဘုတ်တွေကို ကဗျာလို့ မခေါ်ကြဘူး။ အနုပညာနည်းရင် ၀ါဒဖြန့်ချိရေးလိုလို ဖြစ်သွား တတ်တယ်။
    ကာတွန်းဆရာ အော်ပီကျယ်က ကျန်းမာရေးပညာပေးအကြောင်းနဲ့ ပတ်သက်တဲ့ ဟောပြောပွဲတခုမှာ ပြောဖူးတယ်။
    “ဦးနှောက်ကို ချိန်ပြီး နှလုံးသားကို ထိအောင်ပစ်” တဲ့။

    ညီမကဗျာ မကောင်းဘူးလို့ ပြောတာမဟုတ်။ သတိပြုဖို့ပါ။

    ReplyDelete
  7. အရမ်းအားပါတာပဲအစ်မရယ်။ ရေးထားတာ။ အားလုံးနိုးကြားလာရင် ကောင်းမှာပဲနော်။

    ReplyDelete
  8. ကောင်းလိုက်တဲ့ ကဗျာ စစ်ပွဲပါလား ခေးရောစ့်ရေ.. အရမ်းတက်ကြွရပါတယ်.. ကျွန်မကတော့ ကဗျာကို လုံးဝဆို လုံးဝ မရေးတတ်ဘူးရှင့် ဟိ

    ReplyDelete
  9. ငြိမ်းချမ်းစွာနဲ့ အလံဖြူကိုင်လာတာပါ
    ကဗျာတွေနဲ့တော့ ပြစ် မပေါက်လိုက်ပါနဲ့
    ဦးနှောက်မှာ အတွေးတွေ
    စွန်းထင်သွားမှာ ဆိုးလို့ ပါ....:D
    :)

    ReplyDelete
  10. ၀ိညာဉ်နဲ့ ခန္ဓာပူးပေါင်းပြီး
    ရေးဖွဲ့ထားလို့ သူငယ်ချင်း
    ကဗျာလေး တွေ အသက်ဝင်နေတယ်

    ReplyDelete
  11. ကဗျာလေးကကောင်းတယ်ဗျ... :$

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။