ထလော့ ထလော့
ကဗျာဆရာများ
နိုးကြားလော့။
နှလုံးသွေးမှ ဖြစ်တည်တဲ့
ကဗျာကို အရည်အသွေး ပြည့်မှီတဲ့
တန်ဆာအဖြစ် အသုံးချလော့။
ကလောင်လက်နက်ကို
ဥာဏ်ဦးနှောက်နဲ့ သွေးပြီး
ကဗျာစာများကို
အမှန်တရားအတွက်
ဆင်ခြင်တုံတရားနဲ့ ရေးခြစ်လော့။
ကဗျာတစ်ပုဒ်ရဲ့
သံစဉ်နဲ့
နိုင်ငံ့သရုပ်ကို
ဖော်ကျူးလော့။
ကဗျာနဲ့ကဗျာဆရာ
ဝိဉာဉ်နဲ့ခန္ဓာလို
ပူးပေါင်းလိုက်ရင်း
ကဗျာ့အလိုကျ
တာဝန်သိစိတ်နဲ့
ကဗျာစစ်ပွဲကို
ရဲရဲဝံ့ဝံ့
ဆင်နွှဲလိုက်ကြပါစို့။
chaos
ကဗျာဆရာများ
နိုးကြားလော့။
နှလုံးသွေးမှ ဖြစ်တည်တဲ့
ကဗျာကို အရည်အသွေး ပြည့်မှီတဲ့
တန်ဆာအဖြစ် အသုံးချလော့။
ကလောင်လက်နက်ကို
ဥာဏ်ဦးနှောက်နဲ့ သွေးပြီး
ကဗျာစာများကို
အမှန်တရားအတွက်
ဆင်ခြင်တုံတရားနဲ့ ရေးခြစ်လော့။
ကဗျာတစ်ပုဒ်ရဲ့
သံစဉ်နဲ့
နိုင်ငံ့သရုပ်ကို
ဖော်ကျူးလော့။
ကဗျာနဲ့ကဗျာဆရာ
ဝိဉာဉ်နဲ့ခန္ဓာလို
ပူးပေါင်းလိုက်ရင်း
ကဗျာ့အလိုကျ
တာဝန်သိစိတ်နဲ့
ကဗျာစစ်ပွဲကို
ရဲရဲဝံ့ဝံ့
ဆင်နွှဲလိုက်ကြပါစို့။
chaos
ဒါပေါ့ ညီမရဲ့...ကဗျာဆိုတာ တကယ်တော့ အားကောင်းတဲ့ စင်ပြိုင်အစိုးရတစ်ခုပါပဲ။ စင်ပြိုင်အစိုးရအားကောင်းလာလေလေ၊ လက်ရှိအစိုးရမျက်ခုံး လှုပ်လာလေလေပဲ။ ကဗျာလေးကောင်းတယ်။
ReplyDeleteကဗျာတစ်ပုဒ်ရဲ့
ReplyDeleteသံစဉ်နဲ့
နိုင်ငံ့သရုပ်ကို
ဖော်ကျူးလော့။
သိပ်ကိုမှန်ပြီး အားကောင်းတဲ့ကဗျာလေးတပုဒ်ပါဘဲညီမလေးရေ…
Really really a nice poem. I can't find any weakness in the poem. Also it's energetic and alert other poets to get up. Well done.
ReplyDeleteကဗျာလေးက အရမ်းမိုက်တယ်ဗျ။
ReplyDeleteတရေးအိပ်ဖို့ကြံနေတဲ့ ဟိုကဗျာဆရာကို ဒီကဗျာနဲ့  သွားနိုးလိုက်..ညီမလေး..။ ချစ်မကိုတော့ နည်းနည်းငိုက်ခွင့်ပြုနော်...။
ReplyDeleteညီမ
ReplyDeleteကဗျာက ကောင်းပါတယ်။ နိုင်ငံရေးဆိုင်းဘုတ်တွေကို ကဗျာလို့ မခေါ်ကြဘူး။ အနုပညာနည်းရင် ၀ါဒဖြန့်ချိရေးလိုလို ဖြစ်သွား တတ်တယ်။
ကာတွန်းဆရာ အော်ပီကျယ်က ကျန်းမာရေးပညာပေးအကြောင်းနဲ့ ပတ်သက်တဲ့ ဟောပြောပွဲတခုမှာ ပြောဖူးတယ်။
“ဦးနှောက်ကို ချိန်ပြီး နှလုံးသားကို ထိအောင်ပစ်” တဲ့။
ညီမကဗျာ မကောင်းဘူးလို့ ပြောတာမဟုတ်။ သတိပြုဖို့ပါ။
အရမ်းအားပါတာပဲအစ်မရယ်။ ရေးထားတာ။ အားလုံးနိုးကြားလာရင် ကောင်းမှာပဲနော်။
ReplyDeleteကောင်းလိုက်တဲ့ ကဗျာ စစ်ပွဲပါလား ခေးရောစ့်ရေ.. အရမ်းတက်ကြွရပါတယ်.. ကျွန်မကတော့ ကဗျာကို လုံးဝဆို လုံးဝ မရေးတတ်ဘူးရှင့် ဟိ
ReplyDeleteငြိမ်းချမ်းစွာနဲ့ အလံဖြူကိုင်လာတာပါ
ReplyDeleteကဗျာတွေနဲ့တော့ ပြစ် မပေါက်လိုက်ပါနဲ့
ဦးနှောက်မှာ အတွေးတွေ
စွန်းထင်သွားမှာ ဆိုးလို့ ပါ....:D
:)
ဝိညာဉ်နဲ့ ခန္ဓာပူးပေါင်းပြီး
ReplyDeleteရေးဖွဲ့ထားလို့ သူငယ်ချင်း
ကဗျာလေး တွေ အသက်ဝင်နေတယ်
ကဗျာလေးကကောင်းတယ်ဗျ... :$
ReplyDelete