ဒီအောက်က ကဗျာလေးက ကျွန်မရဲ့ သူငယ်ချင်း ကိုချမ်း (တောင်ကြီးချယ်ရီမြေရဲ့ live author )၊ ကျွန်မသူ့ကို တက်ထားတဲ့ ဆောင်းတွင်းအကြောင်းကို ကျွန်မဘလော့မှာပဲ တင်ပေးပါဆိုလို့...
လူ့ဘဝ ပထမဆုံးထိတွေ့ခွင့် ရတာက
နိုဝင်ဘာ ဆောင်းတစ်ည ။
ဒီလိုနဲ့ပဲ . . .
ဆောင်းမနက်ခင်း ကျောင်းမြက်ခင်းပြင်မှာ
အဖြူရောင်အင်္ကျီ ၊ အဖြူရောင်လိပ်ပြာ ၊ အဖြူရောင်နှင်းစက်
အိပ်မက်တွေ အတူမက်ခဲ့ဖူးတယ် . . . ။
ဆောင်းတွင်းမီးဖိုနံဘေး ပုံပြင်လေးမဆုံးခင်မှာ
အနီရောင်အိမ်မိုးထက်က နှင်းစက်
မြေပြင်ပေါ် ဆင်းသက်ခဲ့ဖူးတယ် . . . ။
ဆောင်းညဥ့်နက်နက် အိပ်ပျက်တဲ့အခါ
အရောင်အဆင်းမဲ့ အလွမ်း
ချစ်သူ့အိမ်ရှေ့ လှမ်းခဲ့ဖူးတယ် . . . ။
ဆောင်းတွင်းအေးအေး မနက်ခင်းလေးမှာ
ပန်းရောင်ချယ်ရီတွေနဲ့ အတူကြည်နူး
လမ်းလျှောက်ထွက်ခဲ့ဖူးတယ် . . . ။
ဆောင်းနှင်းများကျ ဒီဇင်ဘာညမှာ
အစိမ်းရင့်ရင့်ထင်းရှူး၊ ခေါင်းလောင်းသံတွေ ပျော်မြူး
နှစ်သစ်ကူးခဲ့ဖူးတယ် . . . ။
ဆောင်းနေ့လည်ခင်း တိမ်ညိုတွေကင်းဆဲ
အပြာရောင်မြင်ကွင်းထဲမှာ ချိုးငှက်တစ်ကောင် ပျံသန်းဖို့
တောင်းဆုပြုခဲ့ဖူးတယ် . . . ။
ဒီလိုနဲ့ပဲ . . . . . .
နိုဝင်ဘာ ဆောင်းတစ်ည ။
ဒီလိုနဲ့ပဲ . . .
ဆောင်းမနက်ခင်း ကျောင်းမြက်ခင်းပြင်မှာ
အဖြူရောင်အင်္ကျီ ၊ အဖြူရောင်လိပ်ပြာ ၊ အဖြူရောင်နှင်းစက်
အိပ်မက်တွေ အတူမက်ခဲ့ဖူးတယ် . . . ။
ဆောင်းတွင်းမီးဖိုနံဘေး ပုံပြင်လေးမဆုံးခင်မှာ
အနီရောင်အိမ်မိုးထက်က နှင်းစက်
မြေပြင်ပေါ် ဆင်းသက်ခဲ့ဖူးတယ် . . . ။
ဆောင်းညဥ့်နက်နက် အိပ်ပျက်တဲ့အခါ
အရောင်အဆင်းမဲ့ အလွမ်း
ချစ်သူ့အိမ်ရှေ့ လှမ်းခဲ့ဖူးတယ် . . . ။
ဆောင်းတွင်းအေးအေး မနက်ခင်းလေးမှာ
ပန်းရောင်ချယ်ရီတွေနဲ့ အတူကြည်နူး
လမ်းလျှောက်ထွက်ခဲ့ဖူးတယ် . . . ။
ဆောင်းနှင်းများကျ ဒီဇင်ဘာညမှာ
အစိမ်းရင့်ရင့်ထင်းရှူး၊ ခေါင်းလောင်းသံတွေ ပျော်မြူး
နှစ်သစ်ကူးခဲ့ဖူးတယ် . . . ။
ဆောင်းနေ့လည်ခင်း တိမ်ညိုတွေကင်းဆဲ
အပြာရောင်မြင်ကွင်းထဲမှာ ချိုးငှက်တစ်ကောင် ပျံသန်းဖို့
တောင်းဆုပြုခဲ့ဖူးတယ် . . . ။
ဒီလိုနဲ့ပဲ . . . . . .
good poem, sis. It's touching
ReplyDeletenice poem, it's very touching
ReplyDeleteit;s touching
ReplyDeleteကိုချမ်း လက်ရာလေးကို
ReplyDeleteမျှဝေခွင့်ရတာ ကျေးဇူးပါ
သူငယ်ချင်းရာ။
ဆောင်းနေ့လည်ခင်း တိမ်ညိုတွေကင်းဆဲ
ReplyDeleteအပြာရောင်မြင်ကွင်းထဲမှာ ချိုးငှက်တစ်ကောင် ပျံသန်းဖို့
တောင်းဆုပြုခဲ့ဖူးတယ် . . . ။
လှလိုက်တာဗျာ ...။
စာနည်းနည်းနဲ့ ဆောင်း အကြောင်းကို ပီပီပြင်ပြင် သရုပ်ဖော်ထားတယ်။ ကိုချမ်းကို ပြောလိုက်နော်.. တော်တယ်လို့ :D (အစ်မ အတိုင်းဘဲ)
ReplyDelete