ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Sunday, November 18

သူငယ်ချင်းရဲ့လက်စွမ်း

ဒီအောက်က ကဗျာလေးက ကျွန်မရဲ့ သူငယ်ချင်း ကိုချမ်း (တောင်ကြီးချယ်ရီမြေရဲ့ live author )၊ ကျွန်မသူ့ကို တက်ထားတဲ့ ဆောင်းတွင်းအကြောင်းကို ကျွန်မဘလော့မှာပဲ တင်ပေးပါဆိုလို့...


လူ့ဘဝ ပထမဆုံးထိတွေ့ခွင့် ရတာက
နိုဝင်ဘာ ဆောင်းတစ်ည ။

ဒီလိုနဲ့ပဲ . . .

ဆောင်းမနက်ခင်း ကျောင်းမြက်ခင်းပြင်မှာ
အဖြူရောင်အင်္ကျီ ၊ အဖြူရောင်လိပ်ပြာ ၊ အဖြူရောင်နှင်းစက်
အိပ်မက်တွေ အတူမက်ခဲ့ဖူးတယ် . . . ။

ဆောင်းတွင်းမီးဖိုနံဘေး ပုံပြင်လေးမဆုံးခင်မှာ
အနီရောင်အိမ်မိုးထက်က နှင်းစက်
မြေပြင်ပေါ် ဆင်းသက်ခဲ့ဖူးတယ် . . . ။

ဆောင်းညဥ့်နက်နက် အိပ်ပျက်တဲ့အခါ
အရောင်အဆင်းမဲ့ အလွမ်း
ချစ်သူ့အိမ်ရှေ့ လှမ်းခဲ့ဖူးတယ် . . . ။

ဆောင်းတွင်းအေးအေး မနက်ခင်းလေးမှာ
ပန်းရောင်ချယ်ရီတွေနဲ့ အတူကြည်နူး
လမ်းလျှောက်ထွက်ခဲ့ဖူးတယ် . . . ။

ဆောင်းနှင်းများကျ ဒီဇင်ဘာညမှာ
အစိမ်းရင့်ရင့်ထင်းရှူး၊ ခေါင်းလောင်းသံတွေ ပျော်မြူး
နှစ်သစ်ကူးခဲ့ဖူးတယ် . . . ။

ဆောင်းနေ့လည်ခင်း တိမ်ညိုတွေကင်းဆဲ
အပြာရောင်မြင်ကွင်းထဲမှာ ချိုးငှက်တစ်ကောင် ပျံသန်းဖို့
တောင်းဆုပြုခဲ့ဖူးတယ် . . . ။

ဒီလိုနဲ့ပဲ . . . . . .

6 comments:

  1. ကိုချမ်း လက်ရာလေးကို
    မျှဝေခွင့်ရတာ ကျေးဇူးပါ
    သူငယ်ချင်းရာ။

    ReplyDelete
  2. ဆောင်းနေ့လည်ခင်း တိမ်ညိုတွေကင်းဆဲ
    အပြာရောင်မြင်ကွင်းထဲမှာ ချိုးငှက်တစ်ကောင် ပျံသန်းဖို့
    တောင်းဆုပြုခဲ့ဖူးတယ် . . . ။

    လှလိုက်တာဗျာ ...။

    ReplyDelete
  3. စာနည်းနည်းနဲ့ ဆောင်း အကြောင်းကို ပီပီပြင်ပြင် သရုပ်ဖော်ထားတယ်။ ကိုချမ်းကို ပြောလိုက်နော်.. တော်တယ်လို့ :D (အစ်မ အတိုင်းဘဲ)

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။