ကိုမာန်လှိုင်းက chaos ဘာအကောင်တွေ ကြောက်လဲတဲ့ လှမ်းတက် လိုက်တာ ဂစ်ဂစ်ဆိုပြီး မတက်သွားပါဘူး။ ကြောက်တဲ့ အကောင်တွေ ချရေးရင် ဘလော့ကြီးတော့ ပေရှည်နေတော့မယ်။ ဒါကြောင့် အကြောက်ဆုံး သတ္တ၀ါတွေပဲ ရေးလိုက်တယ်။ အခုတစ်လော တက်သံသရာမှာ ကူးခတ်နေတာ ကြာပြီဗျ....
ကဲကဲပြောပြမယ်
အင်း.........သရဲကတော့ အကောင်တွေထဲမှာ မပါဘူးနော်။ ဒါပေမယ့် သူ့ကိုအကြောက်ဆုံးပဲ (အဟီး)
အိမ်မှာ ပိုးဟပ်မြင်ရင် ငှက်ဆိုးထိုးသံနဲ့ အော်တယ်။ ပြီးတော့ ပင့်ကူ... အားလားလား.... အဆိပ်ပြင်းတဲ့ ပင့်ကူတွေထိမှာ အသားကုန်ကြောက်တာ။ ရှိသေးတယ် ကြွက် ကြွက်... တစ်ခါတုန်းက ကြွက်ကလေးမွေးတာ သွားကြည့်တာလေ။ မထင်နဲ့နော် အဲ့ဒီ ကြွက်နီတာရဲလေးတွေက တအားအူယားဖို့ကောင်းတာ ပြောနေရင်းတောင် ကြက်သီးထတယ်။ မြွေလဲ ကြောက်တာပဲ ဘာကောင်တွေမှန်းမသိဘူး။ ရှည်လမျော တွန့်လိမ် တွန့်လိမ်နဲ့။ အဲ့ဒါများ မြွေသားစားကြတယ်တဲ့။ ပြီးတော့ မြွေရဲ့ ဆွေတော်မျိုးတော် တီကောင်ပေါ့။ အဟဲ ရှိသေးတယ်... ပိုးယားလေ.. သူ့ကိုတော့ အသံကြားတာနဲ့ ရွစိရွစိ ခံစားလာရသလိုပဲ။ ငယ်ငယ်တုန်းက အိပ်နေတုန်း ဘယ်လိုဖြစ်လဲတော့ မသိဘူး။ ခူရား (ဘာနဲ့ရားလဲတော့မသိဘူး) တစ်ကောင်ကို ဖိအိပ်ဖူးတယ်။ သူက chaos ကျောမှာ ပြားပြားဝပ်လို့။ အောင်မယ်လေး chaos တို့တော့ နိုးလာမှ သိလို့ ထုံးစံအတိုင်း ငိုဗြဲပ။ မလုပ်နဲ့ ပိုးယားဆို အကြီး အသေး မရွေးဘူး ရေရေလည်လည်ကြောက်။

ဒါနဲ့ စကားမစပ် ချစ်မလေးမ၊ မပန်၊ မကြီးခွန်မြလှိုင်နဲ့ မမီဆို ဘာကောင်တွေကြောက်လဲ မသိဘူးနော်။ အင်းပေါ့လေ... သူတို့ပြောပြမှသာ သိရမှာလေ ဟုတ်တယ်မလား။ ပြောပြမယ်မလား ချစ်မတွေ။
chaos
လာအားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ ... ဘာရယ်လို့တော့ မဟုတ်ပါဘူး ... အလုပ်တွေ ဇယ်ဆက်သလို လုပ်နေရတဲ့ကြားက ကျနော် အဓိကသုံးနေတဲ့ Desktop တစ်လုံးက ကြာလာပြီဆိုတော့ ဖောက်လာပြီး ပြဿနာ ခဏခဏ ပေးနေတော့တာပဲ ... ကြားထဲမှာ virus က ပါလိုက်သေး ... နောက်ထပ် Laptop လေးတစ်လုံးက သူ့ဟာသူ နေနေတာ အကောင်းသား ... လက်ဆော့ပြီး Windows ကနေ Linux ကိုပြောင်းကြည့်ပါတယ် ... အားလုံးတော့ အဆင်ပြေပါရဲ့ ... ဘလော့ရေးရာမှာ အဓိကကျတဲ့ အင်တာနက်က ဘယ်လိုမှ လုပ်မရဘူးဖြစ်နေတယ် ... Laptop က အိမ်မှာသုံးတာလေ ... Desktop ကျတော့ အလုပ်မှာသုံးရတာ ...
ReplyDeleteရှည်သွားပြီထင်တယ် ...
ဒါနဲ့ ... အကောင် ဗလောင်တွေကို အဲဒီလောက်ပဲ ကြောက်ရလားဗျ ... ကျနော်အကြောက်ဆုံးကတော့ လူကို အကောင်လိုက်မျိုတတ်တဲ့ စပါးကြီးနဲ့ အခြားသတ္တ၀ါကြီးတွေကို ကြောက်တယ်ဗျ ...

ပိုးဟပ် တောင်ပံ..ပင့်ကူလက်ချောင်း...ကြွက်အမြီးနဲ့  မြွေနဲ့ တီကောင်လို တွန့် လိမ် တွန့် လိမ် သွားတတ်တဲ့ ... ခူယားမွှေးတွေ နဲ့  သရဲကြီး ဒီည လာလိမ့်မယ်...။ မအိပ်နဲ့ နော်...။ ငုတ်တုတ်ထိုင်နေ...နော် ...။
ReplyDeleteအတော်ပဲ.. ဒီည.. မမလေး လေးမ ပြောတဲ့ သရဲကြီးလာရင် ဓာတ်ပုံ ရိုက်ထားလိုက်နော်.. မြင်ဖူးချင်လို့ပါ.. :D
ReplyDelete