ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Thursday, November 8

အမေ့အတွက်မျက်ရည်

မနေ့က chaos ငိုခဲ့တယ်၊ နေ့လည်က သတင်းတစ်ပုဒ် ဖတ်မိသွားလို့၊ အမေ့ အတွက် စိတ်မကောင်းလို့ဆို ပိုမှန်မယ်။ ကျွန်မ မွေးအမေ မဟုတ်ပါဘူး။ တကယ့်ကိုပဲ အဖေ၊အမေနဲ့ ထပ်တူ မြတ်နိုးလေးစားတဲ့ အမေ တစ်ယောက် နေမကောင်းဘူးတဲ့။ ကျွန်မ မင်းသမီးတစ်ယောက် မဟုတ်ဘူး၊ ဟန်ဆောင်မျက်ရည် မကျတတ်ဘူး။ ငိုမိတယ် ဆိုတာ ရင်ထဲကို တကယ်ထိလို့ပါ။ ကဗျာ ဆရာ တစ်ယောက်ဆိုတော့လဲ ကဗျာ လေးနဲ့ပဲ ဆုတောင်းပေးလိုက်ပါတယ် အမေ..


အမေ.....
ရှုမငြီး အလှနဲ့
ပြုံးပန်းတွေဝေ
ကျက်သရေ အပေါင်း
ခညောင်းစေတဲ့ အမေ။

အမေ...
အခုတော့လဲ
အမေ့ အပြုံးတွေ
အားလျော့ကုန်ပြီ

အမေ....
ဦးခေါင်းမှာသာပျော့ပျောင်းမယ်
ဒူးခေါင်းမှာ မပျော့ပျောင်းရဘူးဆို
အမေ့ရဲ့ စကားလုံးတိုင်းကို
မမေ့မပျောက် အမြဲသိမ်းဆည်းထားသူပါ

အမေ....
အမေ့ အတွက်
ငိုကြွေးတဲ့ သမီးကို
အပြစ်မဆိုပါနဲ့
မျက်ရည်ဆိုတာ
တစ်ခါတစ်ရံ
ပျော့ညံ့မှု မမည်ပါဘူး
နှလုံးသည်းပွတ်မှ
တစ်စိမ့်စိမ့် ယိုစီးလာတဲ့
ချစ်ခြင်းရဲ့ ပြယုဂ်တစ်ခုပါ

အမေ....
မြတ်နိုးတွယ်တာခြင်း
အားကိုးယုံကြည်ခြင်း
ရိုသေလေးစားခြင်း
အပြည့် ကျွန်မရင်ဘတ်ထဲမှာ

အမေ...
ကာရံမလှ
သစဉ်မကျတဲ့
ကဗျာတစ်ပုဒ်နဲ့
အမေတစ်ယောက်
နေအမြန်ကောင်းပါစေလို့....

chaos


5 comments:

  1. ချောရေ.....ဒီလိုပါပဲ....ဖြစ်တတ်ပါတယ်....ကြိုးစားပြီးဖြေပေါ့....အန်တီကြီးမြန်မြန်နေကောင်းလာပါစေဗျာ။

    ReplyDelete
  2. အမေ နေအမြန်ကောင်းပါစေခင်ဗျာ ...

    ReplyDelete
  3. Peace and democracy for the people of Myanmar.

    David Santos

    Portugal

    ReplyDelete
  4. မျက်ရည်ဆိုတာ
    တစ်ခါတစ်ရံ
    ပျော့ညံ့မှု မမည်ပါဘူး
    နှလုံးသည်းပွတ်မှ
    တစ်စိမ့်စိမ့် ယိုစီးလာတဲ့
    ချစ်ခြင်းရဲ့ ပြယုဂ်တစ်ခုပါ
    အဲဒီ အရေးအဖွဲ့လေးကို တော်တော်ကြိုက်တယ်။ Chaos နဲ့ ထပ်တူထပ်မျှ ဆန္ဒနဲ့ အမေ့အတွက် ၀ိုင်းဝန်း ဆုတောင်းပေးလိုက်ပါတယ်။

    ReplyDelete
  5. အမေ့ကိုချစ်သူတိုင်း လေးစားသူတိုင်း
    သူငယ်ချင်းနဲ့ထပ်တူခံစားရတယ်။
    ကဗျာလေးနဲ့ဘဲ ရေးဖွဲံခွင့်ရတဲ့
    ငါတို့ရဲ့ခံစားချက်တွေဟာ
    အမှန်နက်ရှိုင်းပါတယ်ဆိုတာ
    ငါတို့သာလျှင်အသ်ဆုံးလေနော်

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။