ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Wednesday, October 24

မမေ့အပ်သောအရာ

ကျွန်မတို့ တိုင်းပြည်အတွက် အသက်ပေးလှူသွားတဲ့ ကျွန်မတို့ အားလုံးလေးစားရတဲ့ အာဇာနည်ဖခင် အကြောင်းကို ဆရာကြီး မင်းသုဝဏ် စပ်ဆိုထားတဲ့ ကဗျာလေးပါ...........

ဗိုလ်ချုပ်အောင်ဆန်း

မသိ၍ဆို
မလို၍ပြော။
သူ့စိတ်မှာ အလွန်ယဉ်လို့
သူ့ဥာဉ်မှာ အလွန်သန့်တယ်
ထူးချွန့်သဘော။

မသိ၍ထင်
မမြင်၍ပြော။
သူ့ဝိဥာဉ် မသေပျောက်ပါဘူး
မိုးပေါက်လို အစဉ်ကြည်လို့
နေခြည်လို အစဉ်လန်းကာ
ဖြန်းဆွတ်စိတ်စော။

ကျွန်မ chaos ဒီကဗျာလေးကို နှစ်နှစ်ကာကာ ခံစားတင်ပြလိုက်ပါသည်။

3 comments:

  1. ကဗျာလေးအတွက် ကျေးဇူးတင်တယ် .. chaos ရေ။

    ReplyDelete
  2. ကဗျာလေး ကောင်းတယ်ဗျာ။ ဆရာကြီး မင်းသုဝဏ် ကဗျာတွေ ကျွန်တော် နှစ်သက်တာ ဒါကြောင့်ဗျ။ ဗိုလ်ချုပ် ကိုဆုံးရှုံးရတာမှာ မြန်မာပြည် အတွက်ပါမက အာရှအတွက်ပါ နစ်နာတယ်လို့ အိန္ဒယသမ္မတ နေရူး ကပြောဖူးတယ်။

    ReplyDelete
  3. နိုင်ငံ့ဂုဏ်ဆောင်ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာကိုတင်ပေးတဲ့ချောကိုကျေးဇူးတင်ပါတယ်ချောရေ။တိုက်တိုက်ဆိုင်ဆိုင်
    ကျွန်တော်ကလည်းမှတ်တမ်းတင်ဂုဏ်ပြုပြီးဆရာကြီးရဲ့ ကဗျာကိုတင်တာနဲ့ တစ်နေ့ ထဲဖြစ်နေတယ်။ကျွန်တော်ဝမ်းသာပါတယ်။

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။