ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Tuesday, October 23

ဖြစ်နိုင်မယ်ဆိုရင်

ဖြစ်နိုင်မယ်ဆိုရင်...
ဝေဒနာ လှိုင်းတံပိုး ဒဏ်ရာဆိုးကို
လူတကာသိအောင် လှစ်ပြချင်တယ်။

ဖြစ်နိုင်မယ်ဆိုရင်...
နှလုံးသားရဲ့ ငိုရှိုက်သံကို
သံစဉ်တွေအဖြစ် ပြောင်းလဲသီကျူးချင်တယ်။

ဖြစ်နိုင်မယ်ဆိုရင်...
ရင်ထဲက ကဗျာထုကို
စာစုအဖြစ် ခြွေကာဥချင်သေးတယ်။

ဖြစ်နိုင်မယ်ဆိုရင်...
ကဗျာအတွေးနဲ့
တွေဝေစွာ ငေးမောချင်သေးတယ်။

ဖြစ်နိုင်မယ်ဆိုရင်...
ဘလော့ ၀င်္ကဘာမှာ
လမ်းပျောက်လဲ ဆက်လျှောက်ချင်သေးတယ်။

ဖြစ်နိုင်မယ်ဆိုရင်...
အတိတ်တွေထဲ လမ်းလျှောက်ထွက်ပြီး
အနာဂတ်ကို ပုံစံပြောင်းပစ်ချင်တယ်။

ဖြစ်နိုင်မယ်ဆိုရင်...
စူပါမန်းလို ပါဝါစွမ်းနဲ့
လူ့သရမ်းတွေကို ကြုံတိုင်းတီးပစ်ချင်သေးတယ်။

ဖြစ်နိုင်မယ်ဆိုရင်...
မဖြစ်နိုင်တာတွေကို
ဖြစ်အောင်လုပ်ပစ်ချင်သေးတယ်။

ဖြစ်နိုင်မယ်ဆိုရင်..............
ဖြစ်နိုင်မယ်ဆိုရင်..............

chaos



4 comments:

  1. ဖြစ်နိုင်မယ် ဆိုရင်
    ပြီးခဲ့တဲ့ အတိတ်ကို
    ခဲဖျက်နဲ့ ပြန်ဖျက်ချင်တယ်

    ReplyDelete
  2. ဖြစ်နိုင်မယ်ဆိုရင်
    ပြီးခဲ့တဲ့အတိတ်ကို
    ခဲဖျက်နဲ့လျှောက်ဖျက်ပစ်ချင်တယ်

    ReplyDelete
  3. ဖြစ်နိုင်မယ်ဆိုရင်
    ကြည်သာဝေဆိုသော
    ကောင်မလေးနဲ့ငယ်ငယ်တည်းက
    ခင်ချင်တာ။

    ReplyDelete
  4. အင်း ..........
    ဖြစ်နိုင်မယ်ဆိုရင်လေ ...........
    အင်း ..........

    ဘာမှမသိချင်ဘူးဗျာ။

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။