ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Wednesday, February 4

အမြင်ဆိုသော ထိုအရာ

ဘ၀မှာ အရေးကြီးဆုံးနဲ့ ပထမ အကျဆုံး အချက်ကတော့ ဘ၀ကို ပြောင်းဖို့ မကြိုစားဘဲနဲ့ ဘ၀ကိုကြည့်နေတဲ့ ကိုယ်ရဲ့ အမြင်တစ်ချို့ကို ပြောင်းလဲဖို့လိုအပ်တယ်။ ဘ၀မှာ ကြုံတွေ့ရမယ့် အနိုင်၊ အရှုံးအားလုံးပေါ် ကိုယ်ဘယ်လိုမြင်လဲဆိုတဲ့ အမြင်ဟာ အရေးအကြီးဆုံးပါပဲ။

သင် အောင်မြင်ချင် သလောက် မအောင်မြင် ဖြစ်နေသလား?
သင် လိုချင်နေတဲ့ ငွေကြေး အတိုင်းအတာ တစ်ခုရော သင့်ဆီမှာ ရှိနေပြီလား?
သင် လိုချင်နေတဲ့ မိသားစုပုံစံလေး ပိုင်ဆိုင်ခွင့်ရနေပြီလား?
သင် လိုအပ်နေတဲ့ အလုပ်အကိုင် သင့်မှာ ရှိနေပြီလား?

တကယ်လို့များ ဒီအဖြေတွေ အားလုံးအတွက် "no" ဆိုတဲ့ စာလုံးတစ်လုံးသာ ဖြေစရာရှိနေတယ် ဆိုရင်တော့ ကိုယ့်ရဲ့အမြင်တွေ အပေါ် ပြန်စမ်းစစ်ကြည့်ဖို့ လိုအပ်နေပြီ။ ဘ၀မှာ ၁၀% လောက်က ကိုယ် ဘာလုပ်လဲဆိုတာပဲ။ ဒါပေမယ့် ၉၀%ကတော့ ကိုယ်ဘယ်လို ရယူလဲပေါ်မှာ မူတည်နေတယ်တဲ့။ ၁၀%ဟာ အရေးကြီး လုပ်ငန်းဆောင်တာတွေပေါ့။ အရေးကြီး လုပ်ငန်းဆောင်တာတွေက သင့်ရဲ့ အမြင်တွေထက်တောင် ပိုလို့များပြား ကျယ်ပြန့်နေသေးတယ်။ ဒါကြောင့် ကိုယ်လုပ်နိုင်တာ အတတ်နိုင်ဆုံးလုပ်ရမယ်။ လုပ်ဆောင်ချက်တိုင်းမှာလဲ စဉ်းစား၊ ဆင်ခြင်မှုနဲ့ ကိုယ်လိုချင်နေတဲ့ ဘ၀ရဲ့အောင်မြင်မှုကို ဆွတ်ခူးနိုင်အောင် ကြိုးစားရမယ်။ တစ်ခုခုကို လုပ်တော့မယ်ဆိုရင် ကိုယ်လုပ်သလောက် ကိုယ့်မှာရှိသလောက်သာ ဖြစ်လာနိုင်တယ်လေ။ အဲ့ဒီဟာက ကိုယ်လိုချင်နေတဲ့၊ ကိုယ်မျှော်လင့်မိတဲ့ ကြီးကြီးမားမား တစ်ခုခုလဲ ဖြစ်ချင်ဖြစ်နေမယ်။ အနည်းအကျဉ်းသော ရလာဒ်တစ်ခုလဲ ဖြစ်ချင်ဖြစ်နေမယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ရလာဒ်ကို လက်ခံလို့ ဆက်ပြီး အသက်ရှင်နေရမှာပဲ။ ဒါဆို အရေးအကြီးဆုံး သော့ချက်တစ်ခုက ကိုယ်လုပ်လိုက်တဲ့ အလုပ်တွေအပေါ်မှာ ကိုယ့်ရဲ့အမြင်ပေါ့။ လူတစ်ယောက် အတွက် ဆက်ကြိုးစားလို့ ပျော်ရွှင်မှု ဆိုတဲ့ ခံစားချက်ဖြစ်ထွန်း နေချိန်မှာ နောက်လူတစ်ယောက် အတွက် တူညီတဲ့ ကိစ္စတစ်ခုမှာ ဘယ်လိုပဲကြိုးစား ကြိုးစား စိတ်ပျက်အားငယ်ခြင်း ဆိုတဲ့ ခံစားမှု ရှိနေနိုင်တယ်။ ဒါဆို ဘ၀မှာ အောင်မြင်မှု သရဖူ ဆောင်းနိုင်တဲ့လူဟာ ဘယ်သူလဲ? သေချာတာကတော့ လတ်ဆတ်ကျန်းမာတဲ့ အမြင်တစ်ချို့နဲ့လူပေါ့။

Ralph Waldo Emerson ဆိုတဲ့ လူတစ်ယောက်က ပြောဖူးတယ်။ မတူညီတဲ့ လူနှစ်ယောက်အတွက် တူညီနေတဲ့ အရာတစ်ခုကို မြင်ကြည့်နေတဲ့ အမြင်ကမတူတာပါတဲ့။ တစ်ယောက်သောသူ အတွက် ငရဲခန်းလို့ ထင်နေချိန်မှာ နောက်တစ်ယောက် အတွက် နိဗ္မာန်လို့ ယူဆနေနိုင်တယ်လေ။ နောက်တစ်ခု သတိထားရမှာက ကိုယ်ရဲ့အမြင်တွေကို ကိုယ်ဘယ်လို ပုံဖော်လဲပေါ့။ ရလာဒ်ကတော့ မှန်ကြည့်နေရသလိုပါပဲ။ ကိုယ်က ပြုံးပြုံးလေး ငေးကြည့်နေရင် မှန်ထဲက ကိုယ့်အရိပ်လေးကလဲ ပြုံးပြုံးလေး ပြန်ငေးနေမယ်။ ဒီလိုပါပဲ ကိုယ်ကမဲ့ရွဲ့လို့ ကြည့်နေရင် သူကလဲ မဲ့ရွဲ့ပြီး ပြန်ကြည့်နေမှာပဲလေ။ လူတစ်ယောက်ရဲ့ ပုံပန်းသဏ္ဏာန်ကို ကြည့်လို့ သူကောင်းတယ် ဆိုးတယ် ဆုံးဖြတ်ရတာ မလွယ်ပေမယ့် လူဆိုးတစ်ယောက်ရဲ့ အပြုအမူက ယဉ်ကျေးနေတတ်တာလဲ ရှိနေနိုင်တာပါပဲ။ တစ်ခါတစ်ခါလဲ လူယဉ်ကျေးတစ်ယောက်ရဲ့ အပြုအမူတွေ ပိုင်ဆိုင်နေသည်ထားဦး စိတ်ထားလေးကတော့ မည်းညစ်နေမယ်ဆိုရင်လဲ ဘယ်လိုလုပ် လှနေတော့မလဲ။ အောင်မြင်မှု တစ်ခုတည်ဆောက်ဖို့ ဘာမဆို လုပ်ရဲတဲ့လူကို ကျွန်မက ရှုံ့ချတယ်ဆိုပါစို့ ကျွန်မကိုလဲ အရာရာကို ငဲ့ညှာနေတဲ့ လူတစ်ယောက်ဟာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူးလို့ ပြောလာတဲ့လူ ရှိလာမှာပဲ။ ကိုယ်မြင်တဲ့ အမြင်နဲ့တော့ ကိုယ့်ဟာကိုယ် မှန်နေကြတာပါပဲ။ ကိုယ်လုပ်တဲ့ လုပ်ရပ်တစ်ခုက လိပ်ပြာသန့်နေတယ်ဆိုရင်တော့ ဘယ်သူဘာပြောပြော ရှေ့ဆက်လျှောက်ရဲတဲ့ သတ္တိရှိဖို့ လိုအပ်တယ်။ လူများရဲ့ ထိုးနှက်တိုက်ခိုက်မှု ကြားမှာ ခွေလဲပြီး အရှုံးပေးသွားဖို့ မလိုအပ်ဘူးလေ။ ဘ၀မှာ တစ်ခါခါ ကြင်နာတတ်ခြင်းကို ပြသဖို့ ရက်စက်လိုက်ရတဲ့ အချိန်တွေရှိနေတတ်တယ်လေ။

ခေးရော့စ်

15 comments:

  1. စာကောင်းပေမွန်လေး ဖတ်သွားတယ်။
    အများကြီး ရေးသားတင်ပြနိုင်ပါစေနော်။

    ReplyDelete
  2. မိမိကိုယ် မိမိ ပြန်ဆန်းစစ်ဖို့ အတွက် ပြင်ဆင်ပြီးသားပါ။ မျှဝေပေးတာ ကျေးဇူးပါ။ နှစ်သက်စွာနဲ့ ဖတ်မှတ် သွားပါတယ်

    ReplyDelete
  3. ကိုယ်လုပ်တဲ့ လုပ်ရပ်တစ်ခုက လိပ်ပြာသန့်နေတယ်ဆိုရင်တော့ ဘယ်သူဘာပြောပြော ရှေ့ဆက်လျှောက်ရဲတဲ့ သတ္တိရှိဖို့ လိုအပ်တယ်။ လူများရဲ့ ထိုးနှက်တိုက်ခိုက်မှု ကြားမှာ ခွေလဲပြီး အရှုံးပေးသွားဖို့ မလိုအပ်ဘူးလေ။ ဘ၀မှာ တစ်ခါခါ ကြင်နာတတ်ခြင်းကို ပြသဖို့ ရက်စက်လိုက်ရတဲ့ အချိန်တွေရှိနေတတ်တယ်လေ/
    THAT'S RIGHT!!

    ReplyDelete
  4. သိပ်ကောင်းတဲ့ ပို့စ်လေးပါ..
    ရွှင်လန်းပါစေညီမလေးရေ

    ReplyDelete
  5. လူတစ်ယောက်ရဲ့အမြင်နဲ့ ခံယူချက်ဆိုတာ သူ့ပတ်ဝန်းကျင် သူ့မူလစရိုက်
    သူ့ခံစားချက်ပေါ်မှာမူတယ်တယ်လို့ထင်ပါတယ်၊ ခံယူချက် ဟာဘ၀မှာအရေးပါ
    တဲ့ အဓိကဆုံးဖြတ်ချက်တွေကိုဖန်တိးရာမှာ အရေးပါတဲ့အတွက် မိတ်ဆွေများ
    ရဲသဘောကိုသိပါရစေဗျာ

    ReplyDelete
  6. ခေးကြီးရေ...

    တွေးစရာလေးတွေ ထားခဲ့တယ်ပေါ့..!!

    (((ဘ၀မှာ တစ်ခါခါ ကြင်နာတတ်ခြင်းကို ပြသဖို့ ရက်စက်လိုက်ရတဲ့ အချိန်တွေရှိနေတတ်တယ်လေ။)))..... တဲ့လား..!!

    ဟုတ်တယ်နော်.. တစ်ခါတစ်ခါ.. ... ... ... ... ... ... ... ...

    ချစ်တဲ့..
    မခင်ပေါ့..((ခေးကြီးအခေါ်)) :P

    ReplyDelete
  7. ဘ၀မှာ အရေးကြီးဆုံးနဲ့ ပထမ အကျဆုံး အချက်ကတော့ ဘ၀ကို ပြောင်းဖို့ မကြိုစားဘဲနဲ့ ဘ၀ကိုကြည့်နေတဲ့ ကိုယ်ရဲ့ အမြင်တစ်ချို့ကို ပြောင်းလဲဖို့လိုအပ်တယ်။ ဘ၀မှာ ကြုံတွေ့ရမယ့် အနိုင်၊ အရှုံးအားလုံးပေါ် ကိုယ်ဘယ်လိုမြင်လဲဆိုတဲ့ အမြင်ဟာ အရေးအကြီးဆုံးပါပဲ။

    Agree!

    ReplyDelete
  8. အတွေးကောင်းသလို--အရေးကောင်းတယ်

    ReplyDelete
  9. အတွေးကောင်းအရေးကောင်း
    လက်ရာလေးပါပဲ---

    ReplyDelete
  10. ပိုစ့်ကောင်းတစ်ပုဒ်ပါ ညီမရေ.
    ငါ့ညီမဆီမှလည်းလတ်ဆတ်ကျန်းမာတဲ့ အမြင်တစ်ချို့ ရှိနေနိုင်ပါစေဗျာ..

    မိုးကြယ်

    ReplyDelete
  11. ကိုယ်လုပ်တဲ့ လုပ်ရပ်တစ်ခုက လိပ်ပြာသန့်နေတယ်ဆိုရင်တော့ ဘယ်သူဘာပြောပြော ရှေ့ဆက်လျှောက်ရဲတဲ့ သတ္တိရှိဖို့ လိုအပ်တယ်။ လူများရဲ့ ထိုးနှက်တိုက်ခိုက်မှု ကြားမှာ ခွေလဲပြီး အရှုံးပေးသွားဖို့ မလိုအပ်ဘူးလေ။

    အလွန်မှန်ကန်ပါတယ်---

    ReplyDelete
  12. သင်္ကြန်ရေလို အေးမြပါစေ
    မြန်မာပြည်သူများ သာယာဝပြောပါစေ
    ငြိမ်းချမ်းကြပါစေ
    ဘဝ နဲ့ ဆန္ဒတထပ်တည်းကျကြပါစေ

    ReplyDelete
  13. ပို့စ်လေးကကောင်းတယ်မမ

    ဘ၀မှာ တစ်ခါခါ ကြင်နာတတ်ခြင်းကို ပြသဖို့ ရက်စက်လိုက်ရတဲ့ အချိန်တွေရှိနေတတ်တယ်လေ။


    တစ်ခါတစ်ခါကျတော့လည်း.....

    ReplyDelete
  14. ကိုယ်တိုင်က ပျောက်တစ်လှည့် ပေါ်တစ်လှည့်မို့ တိတ်တိတ်လေးဖတ်ပြီးပဲ ပြန်သွားတယ် ခေးရောစ့် ကြီး ရေ ၊၊

    ReplyDelete
  15. ကိုယ်တိုင် က ပျောက်တစ်ခါ ပေါ်တစ်လှည့်မို့ တိတ်တိတ်လေးဖတ်ပြီးပဲ ပြန်သွားတယ် ခေးရော့စ်ကြီးရေ

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။