ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Wednesday, August 27

နှုတ်ဆက်သူ

အို အသင်လောက
အညစ်အကြေးတွေဖုံးလွှမ်း
မလန်းမဆန်းနဲ့ပါလား..

ဒေါသ
မောဟ
သောက
မာန
ရာဂနဲ့ ပနံမသင့်ကြတော့
စိတ်ဓါတ်တွေ ညစ်ညမ်း။

မေတ္တာ
သစ္စာနဲ့
အနစ်နာ
လူတွေ အပြစ်ရှာနေတဲ့
ဒီလောက ကမ္ဘာ။

မပါတ်သက်ချင်တော့ဘူး..
ထွက်ခွာပါရစေတော့
ဖျောင်းဖျလို့မှမရ
နားချလို့မှ မကျတဲ့
အပူမီးတွေ…

အတွေးအခေါ်
အယူအဆ
ပညတ်ချက်များ
ဘာသာတရားရဲ့ အဆုံးအမများ
ငါ…ရုန်းရင်းဆန်ခတ် ပြုတ်ကျသွား
မတူညီမှု အရောင်စုံနဲ့
မျက်လုံးထဲက မီးတောက်များ
အစွန်းရောက် ကမ်းပါးနားမှာ
ခိုနားလေသလား….

တစ်ရစ်သထက်တစ်ရစ်
တိုးလို့လာတဲ့ သံယောဇဉ်ကြိုး
ကံကြမ္မာ ခြေခံထိုးတဲ့
ဒီအမုန်မျိုး
ထာဝရ နှုတ်ဆက်လို့
ငါ တစ်ရွေ့ရွေ့…………

ခေးရော့စ်

4 comments:

  1. ဂိုဏ်းချုပ်ရေ...
    အချင်ပြေပါချေ

    ReplyDelete
  2. ကဗျာလေး လာရောက်ဖတ်ရှုပါတယ် ၊၊
    အားပေးလျက်ပါ တယ်ရင်း ၊၊

    ဂိုဏ်းချုပ်ဆိုတာ ဘယ်ဂိုဏ်းကလဲဗျ ၊၊ကြောက်စရာကြီး ..ဟီး

    ပျော်ရွှင်ပါစေဗျာ ၊၊

    ReplyDelete
  3. ညီမရေ နှုတ်ဆက်သူ ကဗျာလေးကောင်းပါတယ်။
    VIP ဒုတိယပိုင်းကိုမကြာမီတင်ပေးပါမယ်။
    ကျေးဇူးတင်ပါတယ်။

    ReplyDelete
  4. တစ်မျိုးပဲနော်.. လောကကြီးကို နှုတ်ဆက်သွားတာလား.. တစ်မျိုးတော့တစ်မျိုးပဲ.. လာအားပေးပါတယ်..း)

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။