ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။
Monday, February 11
လက်ဆောင်တွေရမယ် လက်ဆောင်တွေ :P
အလုပ်စ၀င်ကတည်းက ခရီးမထွက်ဖြစ်တာ အတော်ကြာပီလေ။ ဒီတစ်ခေါက် ရုံးကလူတွေနဲ့ ခရီးထွက်ဖြစ်တယ် အသွားတုန်းက တစ်လမ်းလုံး မသောက်ပဲမူးတာ လိမ့်ပိန့်နေတာပဲ....လူရုပ်တောင်မပေါ်ချင်တော့ဘူး သိတယ်မလား နဂိုကမှ ဘာရုပ်မှန်းမသိရတဲ့အထဲ ပိုဆိုးပေါ့။ အဟဲ လေရှည်နေတာ ချောတီး ချောတီး... အဲ့လိုနဲ့ပဲ ပုဂံမြို့ကို အလည်တစ်ခေါက်ထပ်ရောက်သွားခဲ့ပါတယ်။ တစ်ရက်၊နှစ်ရက်ပဲ လည်လိုက်ရတယ် ပြန်လာရပြန်ရော အခုတော့အလုပ်ခွင်မှာပေါ့... မုန့်တွေ၊ ပစ္စည်းတွေ ဓါတ်ပုံရိုက်မို့ဟာလေ ဟဲ...မရိုက်လိုက်ရဘူးဖြစ်သွားလို့ လက်ဆောင်တွေကို ဒီလိုစီစဉ်ထားပေးတယ်နော့........ချိတ်ချိုးနဲ့နော် ကြိုက်တာအကုန်ယူသွားဗျာ.
1. ဇီးယို အထုပ်ပေါင်းများစွာ (မလောက်မှာစိုးလို့)
2. မကျည်းတော်ဖီ (သုံးပိသာ)
3. ပုန်းရည်ကြီး ( တော်တော်များများ)
4. အသုတ်စုံ (စားပွဲတစ်ပွဲစာ) ကောင်းလွန်းလို့လေ ထုပ်ပြန်လာတာ အ၀စားနော် :D
5. ယွန်းဘူး အများရီး (မိန်းကလေးများအတွက်သာ)
6. ပိုးပုဆိုး ( ကြိုက်တာ ရွေး)
7. ပုဂံအမှတ်တရ တီရှပ်များ ( ဆိုဒ်စုံပါတယ်နော်)
အဟဲ ချိတ်ချိုးဝူးမလား ယူသွားနော် ကြိုက်တာ အကုန် နောက်တစ်ခေါက်သွားရင်တော့ ဓါတ်ပုံနဲ့တကွ တင်ပါ့မယ်ရှင်
chaos
11 comments:
  1. 1. ဇီးယို အထုပ်ပေါင်းများစွာ (မလောက်မှာစိုးလို့)
    2. မကျည်းတော်ဖီ (သုံးပိသာ)
    3. ပုန်းရည်ကြီး ( တော်တော်များများ)
    4. အသုတ်စုံ (စားပွဲတစ်ပွဲစာ) ကောင်းလွန်းလို့လေ ထုပ်ပြန်လာတာ အ၀စားနော် :D
    5. ယွန်းဘူး အများရီး (မိန်းကလေးများအတွက်သာ)
    6. ပိုးပုဆိုး ( ကြိုက်တာ ရွေး)
    7. ပုဂံအမှတ်တရ တီရှပ်များ ( ဆိုဒ်စုံပါတယ်နော်)
    ပတ်ပတ်စက်စက်ကို အားပေးသွားတယ်... ယွန်းဘူးကိုတော့ ကောင်မလေးအတွက် ယူသွားတယ်... မိန်းခလေးများအတွက်သာဆိုလို့ ပိုးပုဆိုးကို ၀တ်မတတ်လို့ ယူမသွားပါဘူး... ၀တ်ရင် ဟိဟိ.. ကျွတ်ကျွတ်ကျလို့ ပြန်ထားခဲ့တယ်...
    တီရှပ်ကတော့ နှစ်ထည် နှစ်ယောက်စာပေါ့..ဟိဟိ..
    မကျည်းတော်ဖီက သူကြိုက်တတ်လို့ နည်းနည်းပိုယူသွားတယ်..
    ပုန်းရည်ကြီးကတော့ အခြောက်ပဲယူသွားတယ်. အမှုန့်လေ.. အဆိုက အထားမခံဘူးလေ..။
    အလကားရတာတောင် ကောင်းတာပဲယူတယ်နော်..ဟိဟိ..
    ဇီးထုတ်က သူက အချဉ်ကြိုက်တတ်တယ်.. ညညစာကြည့်တဲ့အခါ စားဖို့လို့... တလစာယူသွားတယ်.။
    အသုတ်ကလေ... ဗိုက်မကောင်းလို့... သူ့အတွက် နှစ်ထုတ်ယူသွားတယ်... ချဉ်ငန်စပ်သူကကြိုက်တယ်လေ..။
    အခုလို တကူးတက လာရောက်ဖိတ်ကြားတဲ့အတွက် ကျေးဇူးပါ... နောက်လည်း အလကားပေးမယ်ဆို... လက်တို့အုံးနော်... အဲဒီလိုလူတွေကို အမြဲကြိုဆိုတယ်...။
    ဟုတ်တယ်ဗျ..သိလား..
    မရှိလို့မလှု မလှုလို့မရှိတာလေ..နော်..
    များများလှုနိုင်တန်းနိုင်ပါစေဗျာ....
    ReplyDelete
  2. ဇီးယိုတွေ
    ပေးမလေ လေသံဟဲပါဘိ
    မန်ကျည်းတော်ဖီတောင် ဘယ်ဆီနေမသိ
    ပုန်းရည်ကြီးတဲ့လား
    ဝေးပါသေး၏…
    အသုတ်စုံ
    ယွန်းဘူးနီမှာ ပုံထည့်ပါလို့
    ပိုးပုဝါဘေးမှာချလို့ရယ်
    ဟန်သွယ်သွယ် သူရှက်ဟန်ပြ
    ပေး တီရှပ်ချ…
    ဟဟဟ
    ReplyDelete
  3. ယွန်းဗူးထဲမကျီးတော်ဖီတွေ အပြည့်ထည့်ယူသွားတယ်နော်။
    ReplyDelete
  4. အဲ့..... ပုံလေးနဲ့တောင့် မပြဘူး.. မရွေးရဘူးဆိုတဲ့ သဘောပေါ့.. တီရှပ်မဲနှိုက်သွားတယ်...
    ReplyDelete
  5.ိအခြောက်ယူသွားတဲ့ ကိုပြည့်စုံနဲ့ (ပုန်းရည်ကြီး ပြောတာ ဟီးဟီး) တီရှပ်ကိုချသွားတဲ့ ကိုရန်အောင်တို့ က ဦးသွား တာကိုး။ ကဲ ကျန်တဲ့ မကျည်းတော်ဖီ နဲနဲ ယူသွားတယ်
    ReplyDelete
  6. ဇီးယိုကြိုက်လို့ ယူသွားပြီနော် တစ်လစာ. အပီား။။
    မကျည်းတော်ဖီတော့ မကြိုက်ဘူးမမရဲ့။
    ပုန်းရည်ကြီးက ညီမလေးကကြိုက်တတ်တယ်. ယူသွားတယ်.. နည်းနည်းပေါ့။
    အသုပ်စုံကတော့ ဗိုက်ဆာနေတာနဲ့ အဝလွေးသွားတးယ်။ ယွန်းဘူးကတော့ ကြိုက်တတ်တယ်။ ကလစ်ထည့်ဖို့ရယ်၊ ခေါင်းစည်းကြိုးထည့်ဖို့ရယ်ဆိုတော့ နှစ်ဘူး၊ ညီမလေးအတွက်ပါဆိုရင် လေးဘူး ယူးသွားပြီနော် မမ။
    တီရှပ်လည်း နှစ်ထည်ယူသွားတယ်။ နောက်လည်း များများလက်ဆောင်ပေးနိုင်ပါစေဗျာ။ :P
    ReplyDelete
  7. လက်ဆောင်ပေးတာဆိုလို့ အသည်းအသန်ပြေးလာတာ ..
    တီရှပ်လေးတစ်ထည်လောက်တော့ ကောက်စွပ်သွားတယ် ..။
    ဟတ်ဟတ် အစ်မချောရေ .. အဆင်ပြေပါစေ။
    ReplyDelete
  8. အမလေးဗျ။ ဝမ်းတွေတော့ လျှောကုန်ပါပီဗျာ။ :P
    ReplyDelete
  9. (၇) မျိုးလုံး ယူတယ်ဟေ့..။ ပိုးပုဆိုးလေးက ကိုကို့ ဖို့...။ ကျန်တာ လေးမဖို့..။ တီရှပ်က ဆင်တူ ၂ ထည်နော်...။ ယူသွားတယ်..။
    ReplyDelete
  10. ပုံးရည်ကြီးတွေလာယူသွားတယ်ဟေ့..
    နောက်လူလည်းကြည့်ရသေးတယ်..လောက်တော့လောက်မှာပါနော်...
    တော်တော်ပျော်ခဲ့ရဲ့လားညီမလေးရေ
    ReplyDelete
  11. ရောက်လာတာနောက်ကျလို့  ဘာမှတောင်သိပ်မကျန်ေ
    တော့ဘူး။ ဒါနဲ့ဘဲ ကျန်တာတွေ အကုန်မတာ ပုပုဆိုး
    ပါ ပါသွားတယ်
    ReplyDelete
အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။