လူ့လောကကိုစရောက်ကတည်းက အဖေနဲ့အမေကို ဒုက္ခပေးခဲ့တဲ့ သမီးမိုက် အသက်တစ်ရက်ကြီးပြန်ပြီ။ အခုချိန်ထိလဲ ဘာရယ်မှ မည်မည်ရရ ကျေးဇူးမတုံ့ပြန်နိုင်ခဲ့ဘူး။ ကဗျာလေးတစ်ပုဒ်နဲ့ သမီးဆိုးလေးကို အနွံတာခံပေးတဲ့ အဖေနဲ့အမေ သို့........................
မသိတတ်စအရွယ် လွန်မြောက်လို့
မျက်စိ တစ်မှိတ် လျှပ်တစ်ပြက်အတွင်း
သမီး လူလားမြောက်ခဲ့ပါပြီ။
စက္ကန့်မလပ် ဂရုဏာမပြတ်ဘဲ
မေတ္တာနံ့ထုံသင်းတဲ့ မိဘရင်ခွင်မှာ
သမီးဘ၀လုံခြုံခဲ့တာ ယနေ့ထိပါ။
သမီးမျက်နှာ တစ်ချက်မညှိုးသာဘဲ
လိုအင်ဆန္ဒ အ၀၀ကို
တတ်စွမ်းသမျှ ဖြည့်ဆည်းလို့
ချစ်သမီးလေး စိတ်လန်းဖို့တဲ့…
အရိပ်တကြည့်ကြည့် ချစ်တဲ့
သမီးလေး ငိုချင်းက သည်းခြေရင်းကို
ဓားလက်နက်နဲ့ ဖြည်းဖြည်းဆွသလို
ဝေဒနာ လှိုင်းတံပိုး ရင်မှာတိုးလို့ဆိုတဲ့
ချစ်ဖေဖေနဲ့မေမေ။
ချစ်သမီး ပြုံးရင်
နှလုံးဘ၀င် လန်းရွှင်လို့
နွဲ့ဆိုးဆိုးလဲ အပြုံးမပျက်ဘဲ
အနွံတာခံမြဲ ကျေနပ်ဆဲ
ဲ စိုးရိမ်မကင်း ချစ်စိတ်ပြင်းတဲ့
မိဘစိတ်ရင်းမှန်ကို သမီးမိုက်ခံစားရင်း
ပြုမှားမိတဲ့ ပြစ်မျိုးများကို ခွင့်လွှတ်ပါလို့…………..
တုမနှိုင်းသာတဲ့ မိဘမေတ္တာ
ကျေးဇူးအနတ္တ ကြီးမားစွာ
ပြန်ဆပ်ဖို့ရာ ကြိုးပမ်းကာ
မြူတစ်မှုန်ကျေဖို့ ကြာညောင်းလို့
အချိန်မကုန်စေနဲ့စို့………
ခေးရော့စ်
မျက်စိ တစ်မှိတ် လျှပ်တစ်ပြက်အတွင်း
သမီး လူလားမြောက်ခဲ့ပါပြီ။
စက္ကန့်မလပ် ဂရုဏာမပြတ်ဘဲ
မေတ္တာနံ့ထုံသင်းတဲ့ မိဘရင်ခွင်မှာ
သမီးဘ၀လုံခြုံခဲ့တာ ယနေ့ထိပါ။
သမီးမျက်နှာ တစ်ချက်မညှိုးသာဘဲ
လိုအင်ဆန္ဒ အ၀၀ကို
တတ်စွမ်းသမျှ ဖြည့်ဆည်းလို့
ချစ်သမီးလေး စိတ်လန်းဖို့တဲ့…
အရိပ်တကြည့်ကြည့် ချစ်တဲ့
သမီးလေး ငိုချင်းက သည်းခြေရင်းကို
ဓားလက်နက်နဲ့ ဖြည်းဖြည်းဆွသလို
ဝေဒနာ လှိုင်းတံပိုး ရင်မှာတိုးလို့ဆိုတဲ့
ချစ်ဖေဖေနဲ့မေမေ။
ချစ်သမီး ပြုံးရင်
နှလုံးဘ၀င် လန်းရွှင်လို့
နွဲ့ဆိုးဆိုးလဲ အပြုံးမပျက်ဘဲ
အနွံတာခံမြဲ ကျေနပ်ဆဲ
ဲ စိုးရိမ်မကင်း ချစ်စိတ်ပြင်းတဲ့
မိဘစိတ်ရင်းမှန်ကို သမီးမိုက်ခံစားရင်း
ပြုမှားမိတဲ့ ပြစ်မျိုးများကို ခွင့်လွှတ်ပါလို့…………..
တုမနှိုင်းသာတဲ့ မိဘမေတ္တာ
ကျေးဇူးအနတ္တ ကြီးမားစွာ
ပြန်ဆပ်ဖို့ရာ ကြိုးပမ်းကာ
မြူတစ်မှုန်ကျေဖို့ ကြာညောင်းလို့
အချိန်မကုန်စေနဲ့စို့………
ခေးရော့စ်
ကဗျာလေးက ကျွန်မ တစ်ခါတင်ဖူးတဲ့ကဗျာလေးပါ။ (27.02.2008)နေ့မှာကျရောက်မယ့် ကျွန်မမွေးနေ့မှာ ဒီကဗျာလေးနဲ့ ကျွန်မကိုသိပ်ချစ်တဲ့ ဖေဖေနဲ့ မေမေကို ဂါရ၀ါပြုချင်တဲ့ ဆန္ဒနဲ့ အမှတ်တရ ထပ်တင်လိုက်တာပါ။ ကဗျာလေးဖတ်ပြီးပြီဆိုတော့ မွေးနေ့ကိတ်တွေ သုံးဆောင်သွားကြပါဦး။ ဘာရယ်မဟုတ်ပါဘူး။ မွေးနေ့လို့အမည်တပ်ကြတဲ့ အသက်တစ်ရက် ထပ်ကြီးတဲ့ နေ့တစ်နေ့အတွက် အမှတ်တရပေါ့......
မခေးရော့စ်ရေ.... ယူခုကျရောက်သော မွေးနေ့မှသည် နှစ်ပေါင်း ရာကျော်သည်ထိ ပျော်ရွှင်ချမ်းမြှေ့ခြင်းများစွာ နဲ့ ပြည့်စုံပါစေခင်ဗျာ...
ReplyDeleteမခေးအော့စ်ရေ..
ReplyDeleteမွေးနေ့မှာ ပျော်ရွှင်ပါစေနော်။ လိုအင်ဆန္ဒတွေလည်း ပြည့်ဝပါစေ။ မိဘကို လုပ်ကျွေးနိုင်တဲ့ သမီးကောင်းရတနာဖြစ်ပါစေနော်။
လေးစားစွာဖြင့်
မေပျို
Happy Birthday ပါ ကဗျာချစ်သူရေ :)
ReplyDeleteကဗျာချစ်သူရဲ့မွေးနေ့မှာ အစောဆုံးလာပြီး...
ReplyDeleteမုန့်စားသွားပါတယ်ဗျ...
ဆုလည်းတောင်းပေးပါတယ်ဗျာ..
အသက်တစ်ရက်ကြီးတယ်ပဲပြောပြော..
တစ်နှစ်ကြီးတယ်ပဲဆိုဆို...
စားထားတာနဲ့တန်အောင်တော့..
မုတ်သုန်ဆုတောင်းပေးခဲ့ပါတယ်ဗျ..
လွယ်လွယ်ကူကူမရဘူးဆိုပေမယ့်..
ကြိုးစားနိုင်တဲ့သူတွေပဲဗျာ...
စိတ်ကောင်းကလည်းထားတတ်သေး..
ဟုတ်ကဲ့...
ပျော်ရွှင်မှုတွေပိုင်ဆိုင်ပါစေကြောင်း..
ဆုတောင်းပေးခဲ့ပါတယ်ဗျ...
ဟေး ဟေး ကွက်တိပဲ။ မွေးနေ့နဲ့တန်းတွေ့တာပါလား။
ReplyDelete့Happy birthday !!! Be happy poem lover လေးခင်ဗျား။ ရောက်လေ အသံကြားသနား၊
မျက်နှာမြင်ချစ်ခင်ပါစေဗျာ။ မွေးနေ့မှသည် နောာင်နှစ်ပေါင်းများစွာထိ လိုတိုင်းတလို့ ရနိုင်ပါစေ။
ချောကလက်ကိတ် အကုန်စားသွားပြီနော်
ReplyDeleteကျေးဇူးပဲ
တောင်ကြီးမှာ ပြန်ဆုံကြရင်လည်း မုန့်အစစ်တွေနဲ့ တ၀ကြီး ကျွေးနိုင်ပါစေဗျား။
ညကျရင်ကော birthday party လေး dinner လေး မလုပ်တော့ဘူးလား ဟီး... တစ်နေကုန် မီးခိုးတိတ်ရတာပေါ့။ Your other half ဆိုတာကရော ကိတ်မုန့်တမျိုးပဲလား... :)
ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ... ကဗျာဆရာကြီးရေ။
ံHAPPY BIRTHDAY!!
ReplyDeleteHappy Birthday Chaos! ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေနော်...
ReplyDeleteမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး ဘာသာ သာသနာအကျိုး သယ်ပိုးဆောင်ရွက်နိုင်သော သမီးကောင်းရတနာလေး ဖြစ်ပါစေရှင်...
မီးလေး
မွေးနေ့ထက် တစ်ရက်နောက်ကျသွားပေမယ့် ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ နောက်မွေးနေ့တိုင်းလည်း ပျော်ရွှင်ပါစေ။ အသက်ကြီးလာတာနဲ့အမျှ ပျော်ရွှင်ကြည်နူးရခြင်းတွေ ပိုပြိး ပိုင်ဆိုင်လာနိုင်ပါစေ...
ReplyDeleteမမရဲ့တစ်ဘ၀လုံး ပျော်ရွှင်ချမ်းမြေ့ခြင်းများနှင့်အတူ အောင်မြင်မှုများစွာကိုလည်း ထပ်တူရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် .. ။ ချစ်သောသူနှင့်လည်း အခက်ခဲမရှိ ပျော်ရွှင်စွာ တစ်ဘ၀လုံး လက်တွဲသွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ReplyDeleteHappy Birthday sis !!!
Happy Birthday to You!
ReplyDeleteပျော်ရွှင်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ မွေးနေ့ ဖြစ်ပါစေ။ အခက်အခဲအားလုံးကို ကျော်လွှားနိုင်ပါစေ ညီမရေ..။
May the road rise up,
ReplyDeleteto meet you.
May the wind be always,
at your back,
May the sun shine warm,
upon your face,
And the rains fall soft
upon your field...
May the God hold you..
in the palm of His hand..
And May I have the chance the meet you and say " Happy Birthdy sis " in person...
Blazing Inferno
Happy Birthday ! Poem Lover
ReplyDeleteမွေးမှသည်... နောင်နှစ်ပေါင်းများစွာ....
မနက်ဖြန်တိုင်း.. နေ့သစ်တွေတိုင်းမှာ...
လှပပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေဗျာ...
ကဗျာချစ်သူမခေးရေ...
ReplyDeleteခုမှပဲ အမမွေးနေ့လေးကို သိရတယ်...
မွေးနေ့ကိတ်တွေက အရင်လာသွားတဲ့သူတွေစားလိုက်လို့
ကုန်သွားပီနဲ့တူတယ်နော်..:D
ယနေ့ကျရောက်သောမွေးနေ့လေးမှသည် နှောင်နှစ်ပေါင်းများစွာတိုင်အောင် ဖြစ်ချင်တဲ့ ဆန္ဒနဲု့ဖြစ်နေတဲ့ ဘ၀လေးတထပ်ထဲ ကျနိုင်ပါစေရှင်...
မိဘ က အားထားရတဲ့ သမီးလိမ္မာလေးလဲ ဖြစ်ပါစေနော်အမ...
အမလဲ ပျော်ရွှင် အဆင်ပြေပါစေ...
ခေးရော့စ် ... ၀င်္ကပါ ဆီမှာ ဆုတောင်းပေးပြီး ... ဒီမှာ မုန့်လာစားပါတယ် :P
ReplyDeleteဘ၀တစ်လျှောက်လုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့
ReplyDeleteပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ။ သူငယ်ချင်းချစ်တဲ့ ကဗျာတွေနဲ့
ထာဝစဉ် ပျော်မွေ့ခွင့်ရပါစေ :) မုန့်တွေလည်း တ၀ကြီး စား
သွားတယ်ဗျို့
ပျော်ရွှယ်ဖွယ်မွေးနေ့ဖြစ်ပါစေ chaos ရေ...
ReplyDeleteမွေးနေ့မှသည်...
နောင်နှစ်များစွာတိုင်အောင်
ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ကို ဖြတ်သန်းနိုင်ပါစေ...
မိဘကျေးဇူးဆပ်နိုင်တဲ့ သမီးအလိမ္မာလေး ဖြစ်ပါစေနော်...။
ပျော်ရွှင်စရာ လှပတဲ့ မွေးနေ့လေး ဖြစ်ပါစေ
ReplyDeletefailure တွေရှိခဲ့လည်း ပြန်ပြန်ရုန်းထလို့ အောင်မြင်မှုကို အရောက်လှမ်းနိုင်ပါစေ။
ချစ်ခင်စွာ
ပန်ဒိုရာ
မမရေ
ReplyDeleteသီရိ နေ့လည်က လာမလို့ အွန်လိုင်းမလာဖြစ်လို့ ခုမှပဲ ရောက်လာတော့တယ်။ နည်းနည်းနောက်ကျသွားပေမယ့် မှီသေးတယ်။ တော်သေးလို့.... Happy Birthday to u... ချစ်မမရေ။ လိုအင်ဆန္ဒမှန်သမျှ စိတ်က တောင့်တလိုက်တာနဲ့ အမြန်ဆုံး ပြည့်ဝပါစေ။ အဓိကကတော့ မမ ပျော်ရွှင်ပါစေနော်။ :) muahh :*
ဟီး နောက်တောင်ကျသွားတယ် အမ chaos ရေ မွေးနေ့မှာ ပျော်ရွှင်ပါစေ။ =) စားစရာမုန့်တော့ကျန်သေးတယ် ထင်တယ် ဟုတ် =D
ReplyDeleteအစ်မချောရေ မွေးနေ့မှာ ပျော်ရွှင်ပါစေပါဗျာ ..။
ReplyDeleteနောက်ကျလို့  ဘာမှမကျန်တော့ဘူး
ReplyDeleteမွေးနေ့မှာပျော်ရွှင်နိုင်ပါစေညီမလေးရေ..လာဆုတောင်းသွားတာနောက်အကျဆုံးဘဲဖြစ်မယ်ထင်ပါရဲ့..ဘာဘဲဖြစ်ဖြစ်ညီမလေးမွေးနေ့မှာပျော်ရွှင်နိုင်ပြီးနောင်
ReplyDeleteလာမယ့်မွေးနေ့တွေမှာလည်းချမ်းမြေ့နိုင်ပါစေလို့ဆု
တောင်းပေးပါတယ်
Happy ပါစေ..။
ReplyDeleteBirthday တစ်ရက်ထဲတင်မကဘူး...။
အမြဲထာဝရ... ဘ၀ ကိုကျေနပ်စွာ... ဖြတ်သန်းနိုင်ပါစေ...။
Happy Birthday my sis!! ကျွန်တော် ခရီးလွန်သွားလို့ ခုမှရောက်ဖြစ်တယ် မမရေ..။ အသက်တစ်နှစ် ကြီးသွားတိုင်း အတွေ့အကြုံအသစ်တွေ၊ အတွေးအခေါ်အသစ်တွေ ရသတဲ့။ မမ က ကျွန်တော်ထက် အသက်ကြီးတော့ ပိုပြီး အတွေးအခေါ်တွေ များလာမှာပဲနော်။ ဂုဏ်ယူပါတယ် မမရေ။ အသက်တစ်နှစ် ကြီးလာပြန်ပြီ အော် နီးလာပြီနော်။ ဟဲဟဲ လူကြီးဖြစ်ဖို့ နီးလာပြီ ပြောတာပါ ခွိခွိ..။ နောက်နှစ်များမှာလဲ ခုလို မွေးနေ့ကို ပျော်ရွှင်ချမ်းမြေ့စွာ အောင်မြင်မှုတွေနဲ့ ကျော်ဖြတ်နိုင်ပါစေ လို့ မောင်လေး ဆုတောင်းပေးပါတယ်။ ;)
ReplyDeleteအားရပါးရ ကောမန့်ရေးပြီးမှ ဗျာ ကောမန့်က ပေါ်မလာဘူး ။ ဗြဲ...။ အဲလေ.။ မမရေ အသက် ဆန္ဒရှိသလောက်ရှည်ပြီး တွေးတောကြံစည်တိုင်း အောင်မြင်ပါစေနော်။ အော် .. အသက်တနှစ် ကြီးလာတော့ နီးလာပြီနော့။ အဲလေ လူကြီးဖြစ်ဖို့ နီးလာပြီ ပြောတာနော် ဟီးဟီး။ နောက်နှစ်မှာလဲ ဒီနှစ်လိုပဲ ပျော်ရွှင်နိုင်ပါစေလို့ မောင်လေး ဆုမွန်ကောင်းတောင်းပါတယ်။
ReplyDeleteကာရန်လှလှ ကဗျာတစ်ပုဒ်လို
ReplyDeleteလှပတဲ့ မွေးနေ့ လေးဖြစ်ပါစေ။
Chaos ရေ အဆောင်မှာ Connection ကလည်းကျ..လူကလည်း စိတ်ဓာတ်ကျ...ဘိုင်ကလည်းကျ..(အဲမှားလို့ အဲဒါမဆိုင်ဘူး)..နေတာနဲ့ ဘယ်မှလည်း မလည်ဖြစ် ဘာမှလည်း မတင်ဖြစ်လို့ မွေးနေ့ကို တော်တော်ကြီးနောက်ကျပြီးမှ သိရတာ စိတ်မကောင်းပါဘူး..Feb Born အချင်းချင်း..ကဗျာကို မြတ်နိုးသူ အချင်းချင်း...နောက်မဖြစ် စေရပါဘူးလို့ ကတိပေးရင်း... ငြိမ်းချမ်းသာယာတဲ့ လောကတစ်ခုကို ပိုင်ဆိုင်နိုင်ပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်...။ :)
ReplyDeleteပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေခေးအောစ့်
ReplyDeleteနောက်ကျသွားတော့ စားစရာမှကျန်ပါမလားဆိုပြီး
သောက်စရာဘက်လှည့်ငေးတာ
ရေခဲမုန့်တွေချည်းပဲဆိုတော့
ချောင်းဆိုးမှာစိုလို့ မနက်ဖြန်ကျမှပဲ
ခေးအောစ်မွေးနေ့အတွက်
ကိုယ့်ဟာကိုယ် ရေသန့်တစ်ဗူးဝယ်သောက်တော့မယ်
ပျော်ရွှင်သောမွေးနေ့များစွာများများဖြတ်သန်းသွားနိုင်ပါစေ
လို့ဆုတောင်းရင်း .....