ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Monday, January 14

ခေါင်းစဉ်ပျောက်ဆုံးနေသော ကဗျာ

စိတ်တွေရှုပ်တယ်
လူတွေ...လူတွေ...
ဘာတဲ့?
ငါ စွဲတစ်ခုကိုင်လို့
အလုပ်တိုင်းအောင်မယ်ထင်နေလား?
ဟာဟ....ငါ မရည်ရွယ်ဘဲ
ရီသံတွေတောင် ကျယ်လို့.....

မာနကို ခ၀ါချလို့
အာဃာတတွေ မထားတဲ့
ဟိုး...................
လွတ်လပ်တဲ့ နေရာလေး
တစ်ခုများ
ငါ့ အတွက် ခိုနားဖို့ မရှိဘူးလား?

ဒေါသဆိုတဲ့
သစ်သီးတစ်လုံး
မှည့်လို့ ကြွေကျသွားပြီ။
သူ့ကို အလိုက်အထိုက်
ဖမ်းယူလိုက်တဲ့
မြေပြင်က
အနည်းအကျဉ်းတော့
တုန်ခါမှာပဲလေ။

မုန်တိုင်းဒဏ်ကို
အံကြိတ်ခံနေတဲ့
ဟောဒီ...."ရင်ဘတ်ကြီး" က
တစ်ချက်တော့
မြည်တမ်းလိုက်တယ်။
ငါ..........
အရှုံးပေးလို့ မဖြစ်ဘူးတဲ့။

chaos

17 comments:

  1. ခံစားချက်ရဲ့ စစ်မှန်မှု ၊ နှလုံးသားရဲ့ မာယာကင်းမှု၊ စိတ်အစုံရဲ့ ရိုးသားမှု တွေကြားမှာ စိတ်ထားမပြည့်ဝသူတွေရဲ့ အတုအယောင် မုန်တိုင်း က အားပျော့သွားလိမ့်မယ် သူငယ်ချင်း.... ငါကတော့ ဘယ်အချိန် ဘယ်နေရာဖြစ်ဖြစ် နင့်အနားရှိနေမယ်........ချစ်တဲ့ ဆုမွန်

    ReplyDelete
  2. ကဗျာလေးသိပ်ကောင်းတယ်...
    ခံစားချက်စစ်မှန်မှုကိုပဲ
    အလေးထားတန်ဖိုးထားမိတယ်...
    ကြိုက်တယ် ...
    ကျနော်အားပေးနေတယ်..
    သိပ်ကောင်းတယ်...

    ReplyDelete
  3. ရင်ထဲ ရှိတာတွေကို ကဗျာဖြစ်အောင် ရေးနိုင်တယ်နော်။ ၄စားပါတယ်..

    ReplyDelete
  4. ဝေး။။။ ဟောဒီ ရင်ဘတ်ကြီးနဲ့ ဖတ်သွားတယ်..။

    ReplyDelete
  5. ရင်ဘက်ထဲက ခံစားချက်တွေလား။မိုက်တယ်ဗျ။ ကြိုက်တယ်။

    ReplyDelete
  6. ဒေါသဆိုတဲ့
    သစ်သီးတစ်လုံး
    မှည့်လို့ ကြွေကျသွားပြီ။
    သူ့ကို အလိုက်အထိုက်
    ဖမ်းယူလိုက်တဲ့
    မြေပြင်က
    အနည်းအကျဉ်းတော့
    တုန်ခါမှာပဲလေ။
    အဇွဲ့အနွဲ့လေးတွေအရမ်းကောင်း...
    ကဗျာလေးကဖတ်လို့ကောင်း...

    ReplyDelete
  7. ဖတ်လို့လဲကောင်းတယ်။ ကဗျာလေး အရမ်းကောင်းတယ်။ ခိုက်တယ်ဗျာ။

    ReplyDelete
  8. ကဗျာလေးကို ခံစားလို့ရပါတယ်။ တကယ်လည်းကောင်းပါတယ်။

    ReplyDelete
  9. ကဗျာလေးကို ခံစားလို့ရပါတယ်။ တကယ်လည်းကောင်းပါတယ်။

    ReplyDelete
  10. ကဗျာလေးက အရမ်းကောင်းတယ် ဗျာ.. :)

    ReplyDelete
  11. ကဗျာချစ်သူလေးက ခံစားချက်တွေ များနေတယ်ထင်တယ်..
    မိုက်တယ်.. ရင်ဘတ်နဲ့ပဲ ခံစားသွားတယ်

    ReplyDelete
  12. ကဗျာလေးကမိုက်တယ်။နောက်ဆုံးအပိုဒ်ကို
    အကြိုက်ဆုံးဘဲ။ ဘာတဲ့
    မုန်တိုင်းဒဏ်ကို
    အံကြိတ်ခံနေတဲ့
    ဟောဒီ...."ရင်ဘတ်ကြီး" က
    တစ်ချက်တော့
    မြည်တမ်းလိုက်တယ်။
    ငါ..........
    အရှုံးပေးလို့ မဖြစ်ဘူးတဲ့။

    ReplyDelete
  13. ဒီကဗျာလေးက အကောင်းစားလေးပဲ

    ReplyDelete
  14. ဒေါသဆိုတဲ့ သစ်သီးတစ်လုံး
    မြေပြင်ကို ၀ုန်းခနဲ ကြွေကြ
    ဒီခဏမှာ
    ငါ့မာနတွေ တံတိုင်းကာခဲ့ကြတယ်
    သာယာနေတဲ့ ငါ့မြေပြင်ကို အကျည်းမတန်စေချင်ခဲ့လို့လေ…

    မုန်တိုင်းစဲလို့
    လေပြည်အလာ
    အားလျှော့ဖို့အခါရောက်ပြီမဟုတ်လား
    ဖျားယောင်းနေတဲ့ အောင်မြင်မှုတွေကို
    ဥပေက္ခာပြုထားတယ်.
    ဟော. ဟိုမှာ
    ငါတက်ရမယ့် နောက်ထပ်တောင်တစ်လုံး
    ဒီတစ်ကွေ့အဆုံးမှာ
    ခပ်ပြုံးပြုံးကြီးထွက်ပေါ်လာချေပြီပေါ့
    မသေချာမှုတွေ သိမ်းထုပ်လို့ရှေ့မျှော်
    ငါ့ကိုယ်ငါ ပူဇော်နိုင်ရစေမယ်…

    ReplyDelete
  15. တုန်ခါသွားလည်း ခဏပေါ့

    ပျော်ရွှင်ပါစေ

    ReplyDelete
  16. မရည်ရွယ်ပဲ ရယ်သံတွေတောင်ကျယ်လို့ ...။

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။