ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Monday, December 31

၂၀၀၇ ရဲ့ နောက်ဆုံးတစ်နေ့

အချိန်ဆိုတာကြီးက မရပ်တန့်နေဘူး ရွေ့လျားနေတယ် လူတွေကလဲ အချိန်နဲ့အမျှ အချိန်ကို တွန်းကန်ရင်း၊ တိုက်ခိုက်ရင်း၊ ကျဆုံးရင်း၊ ပြန်ထရင်းနဲ့ စက္ကန့်တွေ၊ မိနစ်တွေ၊ နာရီတွေ၊ နေ့တွေကို ဖြတ်သန်းနေရတယ်။ အခုဆိုရင် နှစ်ဟောင်းလို့ လူတွေ ပြောကြတဲ့ ၂၀၀၇ဟာ ကျွန်မတို့ကို နှုတ်ဆက်လို့ အပြီးထွက်ခွာဖို့ ပြင်ဆင်နေပြီလေ။ တကယ်တမ်း ပြန်စဉ်းစားကြည့်လိုက်တော့လဲ ၂၀၀၇မှာ ဖြစ်ပျက်သမျှ အဖြစ်အပျက်တွေဟာ သွေးပျက်စရာကောင်းအောင် ခြောက်ခြားလိုက်ရတဲ့ နေ့ရက်တွေရှိသလို၊ ပျော်ရွှင်မှု၊ ၀မ်းနည်းမှု၊ ကြည်နူးမှုတွေနဲ့ နှောင်ဖွဲ့ထားတဲ့ နေ့ရက်တွေလဲရှိတယ်။ ဘ၀ဆိုတာ ဒီလိုပဲပေါ့နော်။ မြင့်လိုက်၊ နိမ့်လိုက်၊ တက်လိုက်၊ ကျလိုက်နဲ့ တစ်ခါတစ်ခါ ဘ၀နဲ့ရင်းပြီးရတဲ့ သင်ခန်းစာတွေက တစ်ဘ၀စာ အာဟာရတွေပေါ့။ နှစ်လေးတစ်နှစ် ကုန်ဆုံးသွားပေမဲ့ ၂၀၀၇ရဲ့ နေ့တွေက ဖျောက်ဖျက်မရတဲ့ သမိုင်းစာမျက်နှာတွေ အဖြစ် အတိတ်မှာကျန်ခဲ့ပြီ။ နှစ်ကုန်ရက်နောက်ဆုံးနေ့မှာ ပြောကြတဲ့ စကားလေးတစ်ခွန်း "နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေ" တဲ့။ နှစ်သစ် နှစ်သစ်ဆိုတာ ဘ၀သစ်တစ်ခု မဟုတ်တာတော့သေချာတယ်။ နှစ်ဟောင်းက ကိစ္စတွေကို နှစ်သစ်ကို မသယ်သွားရမှာတော့ မဟုတ်ပါဘူး။ အဆိုး အကောင်းကို အကျိုးအကြောင်းလေးနဲ့ နာယူပြီး တစ်ခုခုဖြစ်သွားရင်တော့ ကောင်းမယ်နော်။ နှစ်ဟောင်းရဲ့ နောက်ဆုံးရက်လေးကို အစကတော့ ပေါ့ပေါ့လေးနဲ့ ပိုစ့်လေးရေးမယ် စိတ်ကူးထားတာ အခုတော့လဲ ကိုယ့်ခံစားချက်တွေနဲ့ ရောပြွန်းပြီး နောက်ဆုံးရက်လေး အကျည်းတန်သွားမှာလဲ စိုးရိမ်လာပြီ။ တကယ်တော့ နှစ်သစ်ကို ကြိုဆိုနေတဲ့ ပျော်ရွှင်သံတွေကြားမှာ နှစ်ဟောင်းလေးက အထီးကျန်ပြီး လွမ်းကျန်ရစ်ခဲ့မှာကို ကျွန်မတို့ ထည့်မတွက်မိဘူး။ ဒီဇင်ဘာနောက်ဆုံးနေ့ရေ မထားခဲ့ချင်လဲ ထားခဲ့ရတော့မယ်။ နှုတ်ဆက်ခဲ့တယ်နော်။ ဘယ်တော့မှ ပြန်မတွေ့ရမှန်းသိပေမယ့် သတိတရနဲ့ အမှတ်ရနေမှာပါ............

chaos

8 comments:

  1. အသစ်အသစ်လို့ ပြောကြတယ်။ တကယ်ကော သစ်နိုင်ပါ့မလား။
    အဟောင်းအဟောင်းနဲ့ တကယ်ပဲ ဟောင်းနွမ်း ဆုတ်ပျက်နေလို့လား။
    အရာ အကုန်လုံး မသစ်နိုင်သလို မဟောင်းနိုင်တဲ့ အသစ်တွေလည်း ရှိနေသလိုပဲ။
    သစ်ပြီးရင်တော့ ဟောင်းရစမြဲလို့ ပြောပေမယ့် ဒီဘ၀ တိုတိုလေးအတွင်းမှာတော့ အမြဲသစ်နေမယ် ဆိုရင်ဖြင့် အဲဒီ ဘ၀က ကျေနပ်စရာပါ။ တစ်ဘ၀စာ အမြဲ သစ်နေနိုင်မယ့် အရာတွေနဲ့ များများ ဆုံးဆည်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။

    ReplyDelete
  2. နှစ်သစ်မှာ ပျော်ရွှင်မူတွေအောင်မြင်မူတွေအားလုံး ကဗျာချစ်သူလေးအတွက်ဖြစ်ပါစေ... :)

    ReplyDelete
  3. •.¸¸.•♥ Happy New Year ♥•.¸ ¸.• ပါ အမရေ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။

    ReplyDelete
  4. Sis, Happy New Year! Happy New Year! Happy New Year!

    Chit Nyimalay
    ayechanthu

    ReplyDelete
  5. ဒီဇင်ဘာ ငိုနေပြီ...။ ကြေးအိုးလေးက နုတ်ဆက်လို့တဲ့...။
    ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ..။ အာဘွား..။

    ReplyDelete
  6. အသစ်တွေကဟောင်းသွား
    ပြောင်းလဲမှုတွေများတဲ့လောကကြီးမှာ
    ပြောင်းလဲမှုမှန်သမျှရဲ့အကောင်းဆုံးသောအသစ်တွေကို
    ဘဲပိုင်ဆိုင်နိုင်သူညီမလေးတယောက်ဖြစ်ပါစေ

    ReplyDelete
  7. Chaos လေးရေ... Keep it up ကွ.. စိတ်မကောင်းစရာတွေ မတွေးနဲ့. နှစ်သစ်ကို သင်ခန်းစာတွေနဲ့ ကြိုဆိုတာကောင်းတယ်. လေးလံတဲ့ နှလုံးသားနဲ့တော့ ရင်မဆိုင်ပါနဲ့. ပျော်ရွှင်ချမ်းမြေ့ပါစေ ညီမလေးရေ...

    ReplyDelete
  8. ချစ်မ နောက်ဆုံးတစ်နေ့ကို ထားခဲ့ရတာ
    ဝမ်းနည်းစရာကောင်းမှန်း
    ဒီစာလေးဖတ်မှ သတိထားမိတယ်
    တကယ်ပြန်မတွေ့ရတော့မယ့် နောက်ဆုံးတေန့လေး
    လွမ်းတယ်

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။