ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Sunday, December 16

ခေးရောစ့်၏ တစ်နေ့တာ

တကယ်တမ်းတော့ ခေးရောစ့်ရဲ့ တစ်နေ့တာက အများသူငါတွေလို ဖြတ်သန်းနေရတာပါပဲ။ နေ့တစ်နေ့ မွေးဖွားခြင်းမှ စလို့ ကျွန်မရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေက ဟိုး..........နေ့တစ်နေ့ သေဆုံးချိန် ရောက်တဲ့ထိ လုံးချာလိုက်နေတယ်။ နေ့လေးတစ်နေ့ မွေးဖွားတာကို အူဝဲ လို့တော့ မအော်ပါဘူး.......ကလင်........ကလင်........ဆိုပြီး ကိုနှိုးစက်က ခေးရော့စ် အိပ်ရာထဲက မခွာမချင်း အသံနဲ့ကို နှိပ်စက်တာ။ ဘာရမလဲ ခေးရော့စ်ပဲဟာ သိတယ်မလား။ သူ့ကို ပိတ်ပြီးဆက်အိပ်လိုက်တာပဲ။ ၇နာရီ ၁၅ လောက်မှ ကုန်းရုန်းထပြီး ကျူရှင်ပြေးရတယ်။ ကျူရှင်ရောက်ရင် လူများတွေက အမြဲမေးတယ်။ နင်ခေါင်းရော ဖြီးလာရဲ့လားတဲ့။ ဟဲ.....အေး ငါကျူရှင်နောက်ကျမှာစိုးလို့ ခေါင်းကို ရေပဲဆွတ်လာတယ်လို့။ ကျူရှင်က ဆင်းတော့ အိမ်ကို ဆိုင်ကယ်မတရား မောင်းပြန်ပြီး ရုံးအမီ တစ်ခုခုစားပြီး ပြေးရပြန်ရော။ ရုံးရောက်တော့လဲ မီးအခြေအနေကို ကြည့်ရသေးတယ်။ သူမလာဘူးဆိုရင် ကျွန်မ ငိုင်တိုင်တိုင်ဖြစ်ပြီ။ ဟုတ်တယ်လေ မီးကပြတ်နေတော့ ဘလော့လဲ လည်လို့မရ၊ ချက်တင်လဲထိုင်မရနဲ့။ ဘာလုပ်မရတဲ့ အဆုံး အဲ့မုန်းစရာ ကောင်းတဲ့မီးကိုပဲ ပျစ်ပျစ်နှစ်နှစ် ပြောပြီး အားတဲ့အချိန် စာဖတ်နေလိုက်တယ်။ ပြီးတစ်နေ့တာ ရုံးအလုပ်တွေ လုပ်စရာရှိတာလုပ်ရင်းနဲ့ နေ့ခင်းစာကို အမြဲတမ်း ၁နာရီ ပတ်ဝန်းကျင်မှာစားတယ်။ ပြီးတော့လဲ အလုပ်တွေ၊ ဘလော့တွေနဲ့ ဆက်ရှုပ်ရင်း နေ့တစ်နေ့က သေဆုံးဖို့ ညည်းတွားသံကြားတော့မှ အော့အော် ခေးရောစ့်တစ်ယောက် အိမ်ပြန်ရတော့မှာပဲလို့ သိလိုက်တယ်။ အိမ်ပြန်ရောက်တော့လဲ ကျူရှင်ပြေးရပြန်ရော။ ကွန်ပျူတာနဲ့ ပါတ်သက်တဲ့ သင်တန်းတစ်ခုမှာ ကျောင်းသူသွားလုပ်တယ်။ ပြန်ရောက်တာနဲ့ အိမ်မှာ ခေးရော့စ်ရဲ့ တပည့်ကျော်က ငုတ်တုတ်ထိုင်လို့ သူ့ဆရာမကို စောင့်နေတယ်။ သူ့လဲမြင်ရော လူက အမောဆို့ချင်လာပြီ။ တစ်နေကုန် လုပ်ထားတော့ မောနေပြီလေ။ မောမောနဲ့ပဲ သူ့ကိုစာသင်ပေးပြီး ၉နာရီလောက်မှ ကိုယ်ပိုင် အချိန်လေးရမလားကြံတယ်။ မျက်ခွံတွေက လေးပြီးဖွင့်မရတော့ဘူး။ မရဘူး ကျွန်မသူ့ကို အရှုံးမပေးဘူး......စာဖတ်ဦးမယ်ဆိုပြီး စာအုပ်ကောက်ကိုင် လိုက်တာ ကျွန်မ အနိုင်တော့ရလိုက်တယ် သူ့ကို ....ဒါပေမယ့် မျက်လုံးတွေ ပြူးပြီး တော်တော်နဲ့ အိပ်မရတော့ဘူး။ ဒါနဲ့ပဲ နောက်တစ်ရက်ကို ကူးတော့မယ်။ ငါ အားရှိဖို့လိုတယ် ဆိုပြီး အိပ်လိုက်ရတယ်။ ကျွန်မ တစ်နေ့တာလေး ကတော့ ဒီလောက်ပါပဲ။ ချစ်မ အမွှာရေ အိုကေတယ်ဟုတ်။

ဆက်လက်ပြီး
ပိစိကွေးညီမလေးနှင်းသဇင်ရယ်၊ မောင်လေးဖိုးသူတော်ရယ်၊ ကိုတေရယ်၊ မကပ်တဲ့ ကိုပီကေရယ်ကို ဆက်တက်မယ်။ သူတို့တစ်နေ့တာကိုလဲ ကျွန်မသိချင်တယ်။ သူတို့ကပြောပြမှာသိလား။ အရမ်းသဘောကောင်းကျတာလေ :P

chaos

8 comments:

  1. သဘောကောင်းတယ်လေး ဘာလေးနဲ့ ညာခိုင်းနေတယ်။ ရေးဆိုရင် ဘယ်ငြင်းမလဲကွယ်။ ဘယ်သူတက် မလဲပဲ ချောင်းနေတာကို။ တက်တဲ့လူက တက်မှတော့ ကျနော်မျိုးတို့ကလည်း ကွေးနေအောင် ရေးရသပေါ့ဗျာ။ ဒါနဲ့ နေပါဦး။ တစ်နေ့တာထဲမှာ ဘာလို့ လီမွန်တီးလေး မပါတာလဲ။ ထည့်ဦးလေ။

    ReplyDelete
  2. အဲဒီနာမည်ကို ဖတ်နေတာ တစ်ခါမှ အခုလို မှန်အောင် မဖတ်တတ်ခဲ့ဘူး။ ခေးရော့စ် တဲ့။ တစ်နေ့တာကလေးဖတ်ရတာ ကောင်းတယ်။
    အေးချမ်းသူ

    ReplyDelete
  3. Monday to Sunday နေ့တိုင်းဒီပုံစံဆိုလား...။
    ခေါင်းမဖြီးရင်တော့ ဝေးသေးဝေးသေး...။

    ReplyDelete
  4. အမလေး မောတယ် မော တယ်၊ မောလိုက်တာ အမွှာလေးရေ၊ အသက်တောင် ရှုရဲ့လား မနက် ၇ နာရီကနေ ည ၉ နာရီ၊ ကိုယ့်အမတွေရဲ့ စံချိန်တောင် ချိုးသွားပြီ။ ချစ်အမွှာလေး ရဲ့ တနေ့တာကို သိသွားပြီ၊ စနေ တနင်္ဂနွေရော ဘာတွေလုပ်၊ တစ်ခုခု ကို ချန်ထားသလိုပဲ သိချင်တယ် ချစ်ရင် ပြောပြ၊

    ReplyDelete
  5. ချာမ ချာသင်ချင်လို့ပါ ... ဟတ် ဟတ်ဟတ်
    အဆင်ပြေပါစေ အစ်မချောရေ ..။

    ReplyDelete
  6. ဆရာမရေ ဆရာမရဲ့ တစ်နေ့တာကို လာဖတ်သွားပါတယ်။ ချီးကျူးပါတယ် ဆရာမ ဆက်လက်ပြီး ကြိုးစားပါဦးဗျာ။ ဘာသင်တန်းတွေ တက်နေလဲ ဆိုတာ
    အတိအကျ ပြောပြပါလား ဆရာမရေ။ ကျနော်တို့ ဗဟုသုတ တိုးတာပေါ့။ ဒီနေ့ တော့ ပျောက်နေပါလား။ မီးပျက်နေပြန်ပြီလား။ ဒါမှမဟုတ် စကားများတဲ့ အနော်ကို ပဲ Block လိုက်ပြီလား။

    ReplyDelete
  7. တစ်ရက်တာကိုဖတ်ပြီးအစ်မအစားမောလိုက်တာ။ နားနားနေနေလုပ်ပေါ့နော်ကျဲ့ရေ။ အစားလည်းမှန်မှန်စားပေါ့။ ကျန်းမာရေးဂရုစိုက်နော်။

    ReplyDelete
  8. နာနဲ့ဖုန်းပြောတဲ့ အချိန်ကျ
    ထဲ့ရေးဖူး။
    အဟတ်ဟတ်

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။