ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Wednesday, December 12

လမ်းပျောက်သူ

ရောင်နီစက်မှိန်မှိန်လေး
ဟိုးအဝေးမှာ........
ပြေးဆော့နေတယ်
ထင်ယောင်ထင်မှားနဲ့
မေတ္တာတရားများလား
ငါမှားသွားပြီ။

လောဘ၊ဒေါသ၊မောဟရဲ့
ဘက်တော်သားတွေ...
ငါ့ကို တွန်းလှန်အာခံနေတယ်
ငါ မငြိမ်းချမ်းဘူး။

မေတ္တာဓါတ်တွေ
လက်တစ်ကမ်းမှာ
ငါ့ကို လှောင်ရီနေတယ်။
ဟာ..................
ရပ်လိုက်ပါတော့
ရက်စက်တဲ့ အပြုံးတွေ။

အမှောင်ထုမှာ ပြေးနေဆဲ
သစ္စာကို ရှာမတွေ့ဘူးပဲ။
စွန့်လွတ်မှု...
အနစ်နာခံမှု...
ပြတ်သားမှု...
မာနမဲ့တဲ့ အနှောင်အဖွဲ့...
ငါရွေးမရဘူး။
ငါ့ကို မထားခဲ့နဲ့။
သစ္စာ မရှိတဲ့ ဘ၀မှာ
ငါ့လမ်းတွေက
တစ္ဆေတစ်ကောင်ရဲ့
လက်တွေလို အေးစက်နေတယ်။

ငါသိလိုက်တယ်
ငါ လမ်းပျောက်နေတယ်
အတိုင်းမသိတဲ့
ဒုက္ခပင်လယ်မှာ
သောကဝေနေရဦးမယ်
တရားကိုသိလဲ
တရားမရှိရင်
အမှန်တရားတွေ
ဖရိုဖရဲ ပြိုပျက်ပြီး
အမှားတွေ အလိုလိုငြိလာတော့မယ်။

chaos

17 comments:

  1. လောဘ၊ဒေါသ၊မောဟရဲ့
    ဘက်တော်သားတွေ...
    ငါ့ကို တွန်းလှန်အာခံနေတယ်
    ငါ မငြိမ်းချမ်းဘူး။

    တရားကိုသိလဲ
    တရားမရှိရင်
    အမှန်တရားတွေ
    ဖရိုဖရဲ ပြိုပျက်ပြီး
    အမှားတွေ အလိုလိုငြိလာတော့မယ်။

    ဒီအပိုဒ်တွေကို ကြိုက်တယ်..။

    ReplyDelete
  2. ငါသိလိုက်တယ်
    ငါ လမ်းပျောက်နေတယ်
    အတိုင်းမသိတဲ့
    ဒုက္ခပင်လယ်မှာ
    သောကဝေနေရဦးမယ်
    ဘဝဟာဒီလိုပါဘဲညီမလေးရေ..လမ်းဖောက်လိုက်လမ်းပျောက်လိုက်..ပျောက်လိုက်ပြန်ဖောက်လိုက်နဲ့ တဝဲလည်လည်

    ReplyDelete
  3. လမ်းပျောက်သူက လမ်းပျောက်နေတဲ့အကြောင်းဖတ်ပြီး ပြန်သွားတယ်.. nice poem !!!

    ReplyDelete
  4. Chaos နဲ့ အစ်ကိုက ခဏခဏ စကားလုံးရွေးတာချင်းတူတယ်နော်။ တူမှာပေါ့၊ နှစ်ယောက်လုံး အနုပညာသမားစစ်စစ်ကြီးတွေကိုး။ :P
    အစ်ကိုလည်း လမ်းပျောက်သူဆိုတဲ့ ခေါင်းစဉ်နဲ့  ကဗျာရေးဖူးတယ်။ ပြီးတော့ chaos ရဲ့  blog title "ကဗျာချစ်သူ" နာမည်နဲ့ ကဗျာတစ်ပုဒ်ရေးဖူးတယ် :-)
    ညီမလေး ကဗျာတွေက အင်္ဂလိပ်ကဗျာတွေကော၊ ဗမာကဗျာတွေကော ကောင်းတယ်။ :-) စာကတော့ ကြည့်တုန်းပဲ။ ရသေးဘူး။ :D

    ReplyDelete
  5. တရုတ်မလေးတွေ မြန်မာကဗျာ အစပ်တော်တာ
    ခုမှပဲ လက်တွေ့သိရတော့တယ် ..
    ဟား..ဟား... ဆက်လုပ်ဟေး...

    ReplyDelete
  6. အနုပညာသမားစစ်စစ်ကြီးတွေဆိုပါလား...။
    ကိုကောင်းကင်ကိုက...။ ကောင်းပါ့...ကောင်းပါ့...ခုလို စစ်စစ်ကြီးတွေနဲ့ တွေ့ရ..ဆုံရ ...မိတ်ဆွေဖြစ်ရတာ ၀မ်းသာပါ၏....။

    ချစ်ညီမရေ... ဖရိုဖရဲ ဖြစ်ချင်ဖြစ်ပါစေ...အလဲလဲအကွဲကွဲ မဖြစ်ရင်ပြီးတာပဲ...။

    ReplyDelete
  7. ကဗျာလေးကို ခံစားသွားတယ် အစ်မရေ။.
    လမ်းလျှောက်နေရင်းတော့ လမ်းပျောက်ပါစေ. ဆက်လျှောက်ရမှာပေါ့ .. လမ်းမှန်ဆိုတာလည်း လျှောက်ရင်းတော့ တွေ့မှာပါ အစ်မရေ။

    ReplyDelete
  8. လမ်းမှန် မှန်းသိဖို့က လမ်းမှားကိုလျှောက်မှ သိနိုင်သလို လမ်းမှန် ကိုလျှောက်နေရင်းနဲ့လည်း သိနိုင်ပါတယ်။ တခါတရံမှာ လမ်းပျောက်သွားတက်တယ်။ အမှန်က လမ်းပျောက်တာ မဟုတ်ပါဘူး။ လမ်းမှားကို လျှောက်နေရလို့ စိတ်ဓါတ်ကျသွားတက်တာပါ။ လူတိုင်း လမ်းမှန်ကို ဇွဲရှိရှိနဲ့လျှောာ်နိုင်ပါစေလို့ အနော်ဆုတောင်း လိုက်ပါတယ်။

    ReplyDelete
  9. ထင်ယောင်ထင်မှားနဲ့
    မေတ္တာတရားများလား
    ငါမှားသွားပြီ။
    so cool! i like that phrase!

    ReplyDelete
  10. ကောင်းလိုက်တဲ့လေးနက်မှု

    ReplyDelete
  11. ဒီကဗျာလေးကို ကြိုက်လိုက်တာ။

    လမ်းပျောက်နေသော
    အေးချမ်းသူ

    ReplyDelete
  12. လမ်းပျောက်နေရင်
    နာလာခေါ်မယ်။
    နိုနဲ့နော်။
    ချစ်တယ်ရင်းလေး

    ReplyDelete
  13. ကဗျာလေးကိုကြိုက်တယ်။ သိပ်တော်တာဘဲ

    ReplyDelete
  14. ဒီဇင်ဘာခွန်ခမ်းApril 1, 2009 at 3:42 PM

    ကျနော်အားပေးလျှက်ပါ

    ReplyDelete
  15. ကျွှန်တော်ကလည်း သစ္စာတရား ကိုရှာနေသူပါ.

    ReplyDelete
  16. ကျွှန်တော့ comment ပျောက်သွားတယ် နောက်ထပ်ရေးပါရစေ
    ကျွှန်တော်ကလည်း သစ္စာတရား ကိုရှာနေတာပါ။

    ReplyDelete
  17. ကောင်းလိုက်တဲ့ကဗျာလေးဗျာ.........။ယူသွားတယ်နော်......။

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။