ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Monday, December 10

ကျွန်မနဲ့ဘလော့

ကျွန်မ ဘလော့စရေးတာ friendster မှာပါ။ အဲ့တုန်းက ပိုစ့်လေးတင်ပြီး ပီတိတွေ ဖြာလို့ပေါ။ ဒါနဲ့ ကျွန်မ တယ်ရင်းကိုချမ်းက ကိုယ်ပိုင်ဘလော့တစ်ခု လုပ်လို့ရတယ်တဲ့။ မြန်မာလိုလဲ ရေးလို့အဆင်ပြေတယ် ပြောတော့ စိတ်ဝင်စားပြီး စက်တင်ဘာ လဆန်းလောက်မှာ ကဗျာချစ်သူ ကို မွေးဖွားဖို့ စိုင်းပြင်းတော့တယ်။ နစ်ခ်နိမ်းလေးကိုတော့ အင်တာနက်ကို စတင်တွေ့ထိခွင့် ရတဲ့အချိန်ကတည်းက သဘောကျတဲ့ chaos ဆိုတဲ့ နာမည်လေးကို သုံးဖြစ်သွားတယ်။ chaos ဆိုတဲ့ စာလုံးလေးကို အသံထွက်ရော၊ အဓိပ္ပါယ်ပါ နှစ်သက်လို့ သုံးဖြစ်သွားတယ်လေ။ မနိုင်းနိုင်း နဲ့ ကိုရန်အောင် ရဲ့ ပိုစ့်တွေ ဖတ်ပြီး ဘလော့ဂါဘ၀ကို ခံယူဖို့ ဆုံးဖြတ်လိုက်မိတယ်။ မိုးချစ်သူလေး နဲ့လဲ friendster မှာကဗျာတွေ ဖတ်ရင်း တအားခင်သွားတယ်။ ဟိုးနှလုံးသားရဲ့ ထောင့်တစ်နေရာမှာ ကိန်းအောင်းနေတဲ့ ကဗျာဝိဉာဉ် ကိုနိုးဆွပေးတဲ့ ကောင်မလေးကိုလဲ ကျေးဇူးတအားတင်ပါတယ်။ စက်တင်ဘာမှာ ပိုစ့်တင်လို့မှ သုံးလေးခု မရှိသေးဘူး။ ကိုနစ်တို့ ဆုံဆည်းရာတို့ ဖတ်ရတာ ဖတ်ဖတ်မောပြီး ကိုယ့်ဘလော့ကို ပစ်ထားမိတယ်။ ဒါပေမယ့် ကျွန်မရဲ့ ဘလော့က ကျွန်မ ကိုယ်ပွားလေးဆို မမှားပါဘူး။ ကျွန်မရဲ့ ခံစားချက်တွေ ပေါက်ကွဲထွက်တဲ့ နေရာလေးတစ်ခုပေါ့။ ကျွန်မ မသိလိုက်တဲ့ အချိန်တိုလေး အတွင်းမှာ သူ ကျွန်မကို တော်တော်စိုးမိုးသွားတယ်။ ဘယ်သူ့ကိုမှ မချစ်ဖူးတဲ့ အချစ်မျိုးနဲ့ ကျွန်မ သူ့ကို သိပ်ချစ်သွားတယ်။ ကျွန်မဘ၀မှာ သူမရှိတော့ရင် ဆိုတဲ့ အတွေးက သွေးပျက်မတတ် ခြောက်ချားစေခဲ့တယ်။ ကျွန်မ သူ့ကို တစ်ရက်မမြင်ရရင် နေမထိထိုင်မသာနဲ့ ဘာမှလုပ်လို့ မရဘူး။ သူရဲ့လွမ်းမိုးမှုက ကျွန်မကို အိပ်ပျက်ညတွေ ဖန်ဆင်းပေးတဲ့ အထိပါပဲ။ ဆီပုံးထဲက နှုတ်ဆက်သံတွေ၊ ကွန်မန့်တွေကို များမြင်ရရင် သွားကြီးဖြီးပြီး အအေးပတ်မတတ်ပေါ့။ ကျွန်မကသာ တစ်ဖက်သတ်ချစ်၊ စွဲလန်းနေရတာ သူကတော့ ကျွန်မကို ဖုတ်လေတဲ့ ငပိရှိတယ်လို့တောင်မထင်ဘူး၊ ကျွန်မ သိပါတယ်လေ၊ ဘလော့ဂါဘ၀ရဲ့ ပထမဆုံး ကဗျာလေးကို ဖတ်ပြီးတဲ့ တယ်ရင်းတွေရော မဖတ်ရသေးတဲ့ သူတွေရော ပြန်ခံစားပေးကြပါဦး။ လာရောက်လည်ပတ်တဲ့၊ ခံစားချက်တွေမျှဝေပေးတဲ့၊ ခင်ဖို့ကောင်းတဲ့၊ သံယောဇဉ်တွေ တစ်ပွေ့တစ်ပိုက်နဲ့ ကျွန်မ ဒီနေရာလေးကနေ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ကိုပီကေ ရေ ဒီပိုစ့်လေးနဲ့ဆို အဆင်ပြေတယ်ဟုတ်။

Forever Friend

When the world is cruel,
You make me feel secure;

When my view is blur,
You help me go far till it clears;

When I meet ups and downs,
You help me cure my wounds;

When obstacles block my ways,
You encourage me not to run away;

Though, people may come and go,
You are always there to save my soul;

So, once in a lifetime,
Forever friend is indeed my precious kind..........

chaos

6 comments:

  1. အော်
    သူကဒီလိုကို
    အခုမှဘဲ
    သေသေ
ိချာချာ သိတော့တယ်။

    ReplyDelete
  2. ကျေနပ်ပါတယ်ဗျာ။ ဒီကဗျာလေးဖတ်လိုက်ရတော့ ပိုတောင် ကျေနပ်သွားသေးတယ်။ သွားကြီးဖြီးပြီးတော့လည်း သိပ်မနေနဲ့ဦး။ တောင်ကြီးက အေးတယ်လေ။ တော်ကြာ သွားရောင်ရောဂါ ဖြစ်နေဦးမယ်။ ကျေးဇူးပဲနော် ကွိစိ။

    ReplyDelete
  3. ဒီကောင်မလေးတစ်ယောက်တော့ မလွယ်တော့ဘူး
    ဒီဘလောဂ်ဆိုတဲ့ အကောင်ကစိတ်က ခပ်ဆပ်ဆပ်ရယ်
    သူကနတ်မကောင်းရင် ဘယ်လိုမှကို လုပ်လို့မရတာ
    သတိထားဦးနော... ဟတ်ဟတ်

    ReplyDelete
  4. ကိန်းအောင်းနေတဲ့ ၀ိညာဉ်ကို
    စွဲထုတ်လိုက်တာ အားကုန်သွားပြီ
    မုန့်မုန့်ဝယ်ကျွေး ပါ
    အားအရှိတော့ဖူး


    I cant stand the pain whenever
    I think about the day that
    i have to leave u and my blog!
    so sadddddddd :( :( :(

    ReplyDelete
  5. အော်...စုန်းမလေးနဲ့က ငယ်ချစ်တွေကိုး...။

    ReplyDelete
  6. ကဗျာလေးကို ကြိုးစားပြီး ဖတ်သွားတယ်ဗျာ.
    မလေးမပြောတဲ့ စုန်းမလေးနဲ့ ငယ်ချစ်ဆိုတော့ အဟီး

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။