ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Wednesday, November 21

Who am I?

ကျွန်မ ဘယ်သူလဲ? ကျွန်မ လူတစ်ယောက်လေ... လောဘ၊ ဒေါသ၊ မောဟ၊ ဒုက္ခ၊ သောက၊ မာန်မာန ဆိုတဲ့ အမှုတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရင်း ဘ၀ခုံရုံးမှာ တရားခံအဖြစ်နဲ့ ရောက်ရှိနေတယ်။ ကံကြမ္မာဆိုတဲ့ တရားသူကြီးကို လာဘ်ထိုးမှ ဒီအမှုက လွတ်မယ်ဆိုရင်လဲ နေပါစေတော့ရှင်။ အတ္တမင်အိုးနဲ့ ဖြူစင်မှုကို အရောင်ဆိုးပြီး မညစ်ညမ်းစေချင်ဘူး။ မိဘတွေရဲ့ ဆုတောင်းကောင်းမှုကြောင့် ကျွန်မ ဒီလူ့လောက အလယ်မှာ လူတစ်ယောက်အဖြစ် ရပ်တည်ခွင့်ရလာတယ်။ တစ်ဦးတည်းသော လူဆိုးမလေး အဖြစ် မိဘတွေ စိတ်ဆင်းရဲ့စေဖို့ ရှုပ်ထွေးပွေလီတဲ့ လောကကြီးထဲကို ၀င်ရောက်လာခဲ့တယ်။ ကျွန်မ ပုံပန်းကတော့ သာမန်ထက် မထူးခြားတဲ့ ရွက်ကြမ်းရေငှဲ့ ရုပ်ရည်လေး ပိုင်ဆိုင်ထားတဲ့ အညတရ မိန်းကလေး တစ်ဦးပါ။ မိဘတွေ အလိုလိုက်ရင်တော့ အတိုင်းထက် အလွန်ပျော်နေတတ်ပြီး ထိန်းချုပ်ကန့်သတ်မှု များလာရင် ချုပ်ချယ်လွန်းလိုက်တာလို့ မညှာမတာ ငြီးတွားတတ်တဲ့ မိဘမေတ္တာကို နားမလည်ချင်ယောင်ဆောင်တဲ့ ငပေမလေးပေါ့။ ခေါင်းမာတယ်၊ တဇွတ်ထိုးဆန်တယ်၊ အရွဲ့တိုက်ရတာ ၀ါသနာပါတယ်၊ စိတ်တိုလွယ်တယ် ဆိုတဲ့ဘွဲ့တွေ ပိုင်ဆိုင်ထားတယ်။ အမှတ်အတေးကြီးတယ်၊ ကျွန်မကို နာကျင်အောင် စိတ်ဒဏ်ရာ ပေးသွားတဲ့ လူတွေကို လွယ်လွယ် ခွင့်မလွှတ်တတ်ဘူး။ ဒါပေမယ့် တကယ်တမ်း ဂလဲ့စားချေဖို့ အခြေအနေတွေ ဖန်တီးလာတဲ့ အချိန်မှာ ကိုယ်ချင်းစာတရားက ကျွန်မရဲ့ အနိုင်ယူလိုမှုကို အမြဲတွန်းလှန်ပေးခဲ့တယ်။ တစ်ခုခုကို ရဖို့ တစ်ခုခုကို စွန့်လွှတ်ရမယ်လို့ လက်ခံထားတယ်။ ဒါပေမယ့် အဲ့ဒါဟာ ကိုယ်ကျင့်တရား နဲ့ ဂုဏ်သိက္ခာ မဖြစ်ရဘူး။ ပျော်ပျော်ရွှင်ရွှင်နဲ့ နေတတ်ပြီး ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ဟာသလေးနဲ့ အမြဲနှစ်သိမိ့ပေးတတ်တယ်။ ဒါပေမယ့် ကျွန်မ ပေါ့ပြက်ပြက် မိန်းမတစ်ယောက် မဟုတ်ဘူး။ အခုချိန်ထိ သမိုင်းပေးတာဝန် အရ စာတွေ လေ့လာမှတ်သားနေတုန်းပဲ။ ဒါပေမဲ့ မင်္ဂလာဆောင် ဖိတ်စာမှာ အကြွားပိုဖို့ စာတွေ သင်ယူနေတာ မဟုတ်ဘူး။ လုပ်သင့်တာကို လုပ်ချင်စိတ်နဲ့ တကယ်လုပ်နေတာပါ။ ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် လုပ်တတ်တယ်။ မတရားတဲ့ နည်းလမ်းတော့ မသုံးဘူး။ အမှန်တရား မြတ်နိုးသူ လူငယ်တစ်ယောက်ပါ။ မှန်တာလုပ်တယ်ဆိုရင် အမှန်တရားကို အမှန်အတိုင်း ရှုမြင်ပြီး ထောက်ခံအားပေးတတ်တယ်။ ခေတ်ရေစီးကြောင်း တစ်ခုရဲ့ ပယောဂလို လူများယောင်လို့ လိုက်ယောင်တာ မဟုတ်ဘူး။ ကျွန်မ အလွန် အစအနောက်သန်တယ်။ အခုပိုစ့်ကို ရေးဖို့ တက်လိုက်တာကတော့ အယ်ဂျီလူး လို့ ကျွန်မခေါ်တဲ့ စကားအလွန် တတ်တဲ့ ကျွန်မရဲ့ ဖိုးဖိုး တစ်ဝမ်းကွဲပါ။ ဒီနာမည်ကိုစိတ်ဝင်စားသူတိုင်း လင့်လေးကို နှိပ်ပြီး ဘယ်သူလဲဆိုတာ သွားကြည့်နိုင်တယ်နော်။

chaos

8 comments:

  1. လာဖတ်ပြီး သွားပြီ ရွက်ကြမ်းရေငှဲ့ ငပေမလေး ကြေးအိုးရေ ... မင်္ဂလာဆောင် ဖိတ်စာမှာ အကြွားပိုဖို့ မဟုတ်ရင်တော့ နာရေးမှာ သုံးဖို့ ထင်တယ်ကွ။ ဟုတ်လားကွဲ့ အလွန် အစအနောက် သန်တဲ့မြေးမလေး ကြေးအိုး... ရေ။

    ReplyDelete
  2. သူငယ်ချင်းရေ လေးစားပါ၏။ ရဲဘော်..ဆက်လုပ်။ ပျော်ရွှင်ပါစေ.. :)

    ReplyDelete
  3. သူငယ်ခင်းရေ ပျော်ရွှင်ပါစေ :)
    ရဲဘော်..ဆက်လုပ် ။

    ReplyDelete
  4. လောကမှာ သူများ ပျော်ရွှင်အောင် စ၊ နောက် တတ်တဲ့ သူဟာ ..
    သူကိုယ်တိုင်မှာ တော့ ပူပင်စရာ သောကတွေ၊ ၀မ်းနည်းစရာတွေ များနေတတ်တယ်တဲ့...

    ReplyDelete
  5. ကျွန်မကို နာကျင်အောင် စိတ်ဒဏ်ရာ ပေးသွားတဲ့ လူတွေကို လွယ်လွယ် ခွင့်မလွှတ်တတ်ဘူး။ ဒါပေမယ့် တကယ်တမ်း ဂလဲ့စားချေဖို့ အခြေအနေတွေ ဖန်တီးလာတဲ့ အချိန်မှာ ကိုယ်ချင်းစာတရားက ကျွန်မရဲ့ အနိုင်ယူလိုမှုကို အမြဲတွန်းလှန်ပေးခဲ့တယ်။ Yes, everyone should keep in that mind as necessarily. I respect so much on you and your mind.

    ReplyDelete
  6. အဲ ဘ၀ခံရုံးက တရားခံလူဆိုးမလေးတဲ့လား။
    ဆိုးတော့ဆိုးတယ် ဒါပေမယ့် မဆိုးဘူးတဲ့လား။
    ရှမ်းမလေးတွေက ချောတယ်ပြောပါတယ်။
    ရွက်ကြမ်းရေငှဲတော့ မဖြစ်နိုင်ဘူး။
    အသားဖြူဖြူ၊ ပါးအို့နီနီ၊ စကားဝဲ၀ဲနဲ့ ချစ်စရာကောင်းတဲ့
    ကောင်မလေးဘဲ ဖြစ်မှာပါ။

    ReplyDelete
  7. ကြေးအိုး....အဟားဟားဟားဟား
    ကောင်းပါလေ့ဗျာ။ဘာပဲပြောပြောကောင်းတယ်ဗျာ။

    ReplyDelete
  8. လာဖတ်သွားတယ် chaos ရေ ဂျူလိုင်အိမ်မက်က ဖိုးဖိုး တ၀မ်းကွဲကိုး

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။