ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Thursday, November 29

နှစ်ချို့ဒဏ်ရာ

ရင်ဘတ်ထဲမှာ
အတွေးတွေထဲမှာ
အတိတ်ကို တမ်းတလို့
စိတ်တွေမွန်းကျပ်နေတယ်။

ဝိုးတိုးဝါးတား
မှုန်ဝါးဝါးနဲ့
အတိတ်ရဲ့ မလှပတဲ့
နေ့ရက်ဟောင်းတွေ
ငါ့ မျက်လုံးထဲ
ရီဖလက်ရှင် ပြန်ပြီး
တဖျတ်ဖျတ် ရိုက်ခတ်လို့။

ခါးသီးတဲ့ ကံကြမ္မာရဲ့
မစာမနာရိုက်ချက်မှာ
ခံရခက်တဲ့ ဒဏ်ရာဆိုးကို
ရင်မှာပိုက်လို့
တနုံ့နုံ့နဲ့…………
တစစ်စစ်နဲ့………
ရင်ဘတ်ကြီးက နာကျင်လို့။

အတိတ်ဆိုတာကြီးကို
ပစ္စုပ္ပန်ရဲ့ ကောင်မလေးတစ်ယောက်
ဖော့ဖော့လေးတွေး
အပြီးဝေးဖို့ ကြံစည်နေတယ်။
အနာဂတ်ရဲ့ နေ့သစ်တွေကို
ကဗျာမဆန်တဲ့ သမိုင်းနေ့တွေအဖြစ်
မော်ကွန်းတင် မကျန်ရစ်ချင်တော့ဘူး။

ဟိုး……………………
မိုးတွေရွာတဲ့
အတိတ်နေ့တွေထဲမှာ
မိုးစက်တွေနဲ့အတူ
တိတ်တိတ်လေး ၀င်ရောက်လာခဲ့ပြီး
ခြေရာတွေ ထင်ကျန်တော့မှ
ဟန်ဆောင်ကာ
လှည့်ထွက်သွားရက်တယ်နော်။

နှစ်ချို့ဒဏ်ရာဟောင်းကို
အချိန်ယန္တရားက
အကောင်းပကတိဖြစ်အောင်
ကုသမစွမ်းနိုင်ခဲ့ရင်
ယိုင်နဲ့နေတဲ့ နှလုံးသားတစ်စုံမှာ
နောက်ထပ်…………………..
နောက်ထပ်…………………..
နောက်ထပ်…………………..
ခံနိုင်ရည် အငွေ့အသက်လေးများ
ရှိနိုင်ပါ့ဦးမလား။


chaos

9 comments:

  1. ချစ်သူငယ်ချင်းရေ
    ကဗျာလေးက နာကျင်
    ခံခက်ပဲ။
    ဒဏ်ရာတွေ ရှိခဲ့ဖူးသူမို့
    ခံစား နားလည်ပေးနိုင်ပါတယ်
    ပျော်ရွှင်ပါစေ ချစ်သူငယ်ချင်း

    ReplyDelete
  2. ခံနိုင်ရည် မရှိမှာကြောက်လို့
    မခံစားဘဲနေရင်
    လူမဆန်ဘူး ဖြစ်သွားမယ်လေ။
    ဒါဏ်ရာ ဆိုတာ ဖြစ်တုန်းတော့ နာကျင်တယ်။
    နှစ်ချို့သွားတော့ လွမ်းဆွတ်စရာ ကောင်းတဲ့
    အမှတ်တရလေး ဖြစ်သွားတယ်လေ။
    ဒီအမှတ်တရတွေကို စုဆောင်းချင်လို့
    ဒါဏ်ရာတွေကိုတော့ မရှောင်လွှဲတော့ ပါဘူး။

    ReplyDelete
  3. အတိတ်ဆိုတာကြီးကို
    ပစ္စုပ္ပန်ရဲ့ ကောင်မလေးတစ်ယောက်
    ဖော့ဖော့လေးတွေး
    အပြီးဝေးဖို့ ကြံစည်နေတယ်။
    အဖွဲ့အနွဲ့ကလေးကိုကြိုက်တယ်ညီမလေးရေ.ခံစားချက်အပြည့်ကိုတွေ့နေရတယ်လေ

    ReplyDelete
  4. နှစ်ချို့ လေ..တန်ဖိုးတက်လေပဲ..ညီမလေးရဲ့...။

    ReplyDelete
  5.ုအို.. ဒီမှာလည်း တစ်ယောက် ဒဏ်ရာတွေနဲ့ ပါလား

    ReplyDelete
  6. အရမ်းကောင်းတဲ့ကဗျာလေးပါ…
    ခံစားချက်တွေတိမ်ဖွဲ့နေလို့လားတော့မသိဖူး
    အမြင်တွေဝါးလာတဲ့အထိ…
    ခံစားမိကြောင်းပါ

    ReplyDelete
  7. ကဗျာလေးကောင်းလွန်းပါတယ်ခင်ဗျား။

    ReplyDelete
  8. နောက်ထပ်…………………..
    ခံနိုင်ရည် အငွေ့အသက်လေးတွေ ရှိနိုင်ပါစေဗျာ ..။

    ReplyDelete
  9. အင်း ကျနော် မလည်ဖြစ်တာနဲ့ သူငယ်ချင်း Chaos က ခံစားချက်အပြည့်နဲ့ ကဗျာရေးထားပါလား။ ကဗျာအပိုဒ်အားလုံးကို ကြိုက်တယ်ဗျာ။ ခံနိုင်ရည်ရှိအောင် သေချာစဉ်းစားဆုံးဖြတ်ပြီးမှ လက်ခံပါနော်။ ကျနော် ဆုတောင်းပေးနေပါတယ်။ အဆင်ပြေပါစေဗျ။

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။