ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Monday, November 19

လူလေးယောက်၏ပုံပြင်

တစ်ခါတုန်းက လူလေးယောက် ပုံပြင်လေး တစ်ပုဒ်ပေါ့ကွယ်။ ဇာတ်လိုက်တွေကတော့ Everybody, Anybody, Somebody နဲ့ Nobody တဲ့။ တစ်နေ့မှာ အရေးကြီး ကိစ္စပေါ်လာတယ်။ ဒါနဲ့ Everybody ကိုအဲ့ဒီ ကိစ္စဆောင်ရွက်ဖို့ တာဝန်ပေးလိုက်တယ်။ Everybody ကထင်တာ Somebodyတော့ ဒီကိစ္စကို လုပ်မှာပဲပေါ့။ Anybodyများ လုပ်လေမလား ဆိုတဲ့အတွေးနဲ့ Nobody ကလဲမလုပ်လိုက်ဘူး။ ဒီလိုနဲ့ Somebodyက တအားစိတ်ဆိုးတာပေါ့၊ ဒါက Everybody လုပ်ရမယ့်အလုပ်လေ။ Everybody ကလဲထင်တယ် Anybody တော့ လုပ်မှာပဲလေ ဆိုပြီး နောက်ဆုံးမှာ Nobody ကသိလိုက်ရတာ Everybody ကလုပ်မှာမဟုတ်ဘူး ဆိုတာပါပဲ။ ပုံပြင်လေးရဲ့ အဆုံးမှာ Everybodyက Somebodyကို အပြစ်တင်တယ်၊ Anybodyကတော့ လုပ်သင့်တဲ့ အလုပ်ကို Nobody ကလဲ ၀င်မလုပ်လို့တဲ့ ပြောနေလေရဲ့။ ဒါကျွန်မဖတ်လိုက်ရတဲ့ အင်္ဂလိပ်စာလေးကို အတတ်နိုင်ဆုံး ကြိုးစားပြီး သင့်လျော်အောင် မြန်မာမှု ပြုထားတာပါ။ ဒါလေးဖတ်ပြီး ကျွန်မအတွေးတွေ ယောက်ယက်ခတ်ကုန်တယ်။ ကျွန်မတို့ တစ်ခါတစ်လေ ဘာဖြစ်လို့ အရေးကြီး ကိစ္စတွေမှာ သူများလုပ်မှာပဲ ဆိုတဲ့ အတွေးနဲ့ တန်ဖိုးရှိတဲ့ အချိန်ကိုကုန်ဆုံးလေ့ရှိကြတာလဲ။ တာဝန်ကို ဘာလို့မျက်ကွယ်ပြု မသိဟန်ဆောင်နေတာလဲ? လူများလုပ်တာကို စောင့်နေမှာလား? ကိုယ်ကိုယ်တိုင် ထလုပ်လိုက်လို့ကော ဒီကိစ္စမပြီးသွားဘူးလား? ကိုယ်ကိုယ်တိုင် တာဝန်သိစိတ် တကယ်ရှိတယ် ဆိုရင် လူတိုင်း ကိုယ်တတ်နိုင်တဲ့ ဘက်က ကိုယ့်ရဲ့ သမိုင်းပေးတာဝန်၊ အသိစိတ်က နှိုးဆော်လာတဲ့ တာဝန်၊ မဖြစ်မနေ ထမ်းရွက်ရမယ့်တာဝန် တွေကို အလေးအနက်နဲ့ ကိုယ်တတ်နိုင်တဲ့ ဘက်ကထမ်းဆောင်ရင်း တာဝန်ကျေပြွန်တဲ့ လူသားတွေ အဖြစ် လောကအလယ်မှာ ရပ်တည်လိုက်ရင် ဘ၀ဆိုတဲ့ စာလုံးနှစ်လုံးက အသက်ဝင်လာပြီး ပိုအဓိပ္ပါယ်ရှိလာမယ်လို့ ကျွန်မထင်ပါတယ်။

chaos

6 comments:

  1. စိတ်ဝင်စားစရာ ကောင်းတဲ့ ပို့စ်လေး ပါ။ အားကျစရာ ကောင်းတဲ့ အတွေးတွေအတွက် လည်း ဂုဏ်ယူပါတယ်။ ဒီ Everybody, Somebody, Anybody n Nobody ဆိုတာကို ဟာသ အနေနဲ့ပဲ ဖတ်ဖူးတာပါ။ အခုလို စိတ်အဟာရ အတွက် မဖတ်ဖူးပါဘူး။ ဖြန့်ဝေပေးတဲ့ အတွက် ကျေးဇူးနော်။

    ReplyDelete
  2. တစ်ကယ်ကို လေးစားပါတယ် ဗျာ ... တော်တော်လေး ကောင်းပါတယ် .... ဒီလိုမျိုးစာသားလေးတွေ နောက်လဲ ဖတ်ချင်ပါတယ် .....။ အေးချမ်းပါစေ ဗျာ ...။ :)

    ReplyDelete
  3. တစ်ကယ်ကို အတုယူစရာ ပုံပြင်ကောင်းတစ်ပုဒ်ပေါ့ ..

    ReplyDelete
  4. ငယ်ငယ်တုံးက ရွှေသွေးဂျာနယ်မှာ ဒီပုံပြင်လေးနဲ့ဆင်ဆင် တူတဲ့ ကာတွန်းဇာတ်လမ်းလေး တပုဒ်ဖတ်ဖူးတယ်..။ အားလုံးတော့မတူပါဘူး..။ ထူးခြားလို့ အခုအထိ မှတ်မိ နေတာ။

    ReplyDelete
  5. အရမ်းထိမိတဲ့ အတွေးပါဗျာ ။ ကျနော်တို့ သူလုပ်နိုး ငါလုပ်နိုးနဲ့ မျောနေလိုက်ကြတာ ဆယ်စုနှစ်များစွာ ။ ဘာတွေဖြစ်လာပြီတဲ့လဲ ။ ပြောနေရင်တော့ ပြီးမှာမဟုတ်ပါ။ ကိုတတ်နိုင်သလောက်လေး စကြပါလို့ နှိုးဆော်ရင်း . . . . . .

    ReplyDelete
  6. Somebody ဖတ်စေချင်လို့ Anybody ကရေးထားတာကို Everybody ကကြိုက်ကြမှာပါ Nobody ကတော့ မကြိုက်ပဲ နေနိုင်မှာ မဟုတ်ဘူး သေချာတယ် ဟီး

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။