ဒီကဗျာလေးက chaos ရဲ့လတ်တစ်လော အခြေအနေလေ ဟတ်ဟတ်
ကွန်နက်ရှင်က
နှေးလိုက်၊ မြန်လိုက်။
ပေ့ဂ်ျတွေကျဖို့
ကျော်လိုက်၊ ခွလိုက်။
ဒေါင်းလုပ်တန်းလန်းနဲ့
ယူကျုံးမရဖြစ်လိုက်။
ဘလော့စပေါ့ကိုဘန်းတော့
ပြောင်းလိုက်၊ ရွှေ့လိုက်။
ဂျီတော့ထဲမှာ
ပေါ်လိုက်၊ ပျောက်လိုက်။
လျှပ်စစ်မီးက
ငြိမ်းလိုက်၊ လင်းလိုက်။
ကွန်ပျူတာကထိတော့
ဖော့မက်ချလိုက်။
သြော်...ဘ၀ ဘဝ
မမြဲသောတရားက
အတင်းကာရော
အဓမ္မသဘောနဲ့
ဇွတ်ကိုနားချနေပါလား။
နှေးလိုက်၊ မြန်လိုက်။
ပေ့ဂ်ျတွေကျဖို့
ကျော်လိုက်၊ ခွလိုက်။
ဒေါင်းလုပ်တန်းလန်းနဲ့
ယူကျုံးမရဖြစ်လိုက်။
ဘလော့စပေါ့ကိုဘန်းတော့
ပြောင်းလိုက်၊ ရွှေ့လိုက်။
ဂျီတော့ထဲမှာ
ပေါ်လိုက်၊ ပျောက်လိုက်။
လျှပ်စစ်မီးက
ငြိမ်းလိုက်၊ လင်းလိုက်။
ကွန်ပျူတာကထိတော့
ဖော့မက်ချလိုက်။
သြော်...ဘ၀ ဘဝ
မမြဲသောတရားက
အတင်းကာရော
အဓမ္မသဘောနဲ့
ဇွတ်ကိုနားချနေပါလား။
ကွန်ပြူတာသုံးရင်း
ReplyDeleteဖုတ်လိုက် ဖုတ်လိုက်။
သူ့ကို စောင့်ရင်း
ငိုက်စိုက် ငိုက်စိုက်။
သူ့ကို သုံးရ
ကြိုက်ကြိုက် မကြိုက်ကြိုက်။
လိပ်လိုနှေးလည်း
ခံလိုက် ခံလိုက်။
ဇွတ်တင်းတောင်းတဲ့
ပိုက်ပိုက် ပိုက်ပိုက်။
လကုန်ပြန်လည်း
ဆောင်လိုက် ဆောင်လိုက်။
အတွေးလေးကိုကြိုက်ပါတယ်
ReplyDeletegood idea. ကြိုက်တယ်။ တပြိုင်တည်းမှာ ပြည်တွင်းမှာ အင်တာနက် သုံးနေရသူတွေရဲ့ ဖြစ်ရပ်မှန်အခြေအနေကို သိရတော့ စိတ်မကောင်းဖြစ်မိတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းမိုးက မြန်မာပြည်အတွက် ကွက်ကြားရွာနေဆဲ..။
ReplyDeleteအဖြစ်တွေက မျက်ရည်ကျရလောက်အောက် နဖူးပေါက်ရလောက်အောင်ကို တူနေတာပါဗျာ...တနိုင်ငံလုံးပဲ...
ReplyDeleteကျနော်ကဗျာထဲကလို `ဘ၀တူချင်း ချပြရတဲ့ သက်ပြင်းတွေပဲအဖတ်တင်နေတာပါ` ဗျာ
အဖြစ်ကလည်း ဆိုးလှချသည်လား ?
ReplyDelete“ဒီလိုပါပဲလေ”
ReplyDeleteငါတို့ကော်နက် အမြဲနှေး
ပေ့ခ်ျတွေကျဖို့ ကျော်ခွဟေ့။
ကျေးဇူးတင်တယ် ဘဘတို့ရယ်
ဉာဏ်ရည်ထက်ဖို့ သင်ပေးတယ်။
အမိမြေရဲ့ ကော်ကြောင့်ပဲ
ကောင်းကောင်းသုံးမရ ငါတို့အမြဲ။
ခဏခဏ ပြုတ်ပြုတ်ကျ
တန်းလန်းဒေါင်းလုပ် အမြဲဗျ။
လူသုံးများရင် ဘန်းပြန်ပဟ
ပြောင်းရရွှေ့ရ တစ်ဒုက္ခ
မျက်နှာမွဲလေး ငါတို့ဘ၀။
ငါ့အိုင်တီလေး သနားစရာ
ပေါ်လိုက်ပျောက်လိုက် ဂျီတော့ခ်မှာ။
လာလိုက်မလာလိုက် လျှပ်စစ်မီး
တစ်နေရာတော့ ကွက်ကာငြီး။
ခဏခဏ Format ချ
ငါ့ကွန်ပျူတာလေး သနားသဟ။
မပြတ်မှတ်ပါ တရားသဘော
အနိစ္စသဘောမို့ ကိစ္စချော။
*****
ညလေး :P
သံသရာက လွတ်အောင် တရားမြန်မြန်ရအောင် တိုက်တွန်းပေးနေတာကျေးဇူးတင်သင့်တယ်..။ ကိုပီကေကြီး ကလည်း ရေးသွားတာ ဂွတ်ပ...။
ReplyDeleteအပေါ်က အပိုဒ်တွေကို ဖတ်နေရင်းက အောက်ဆုံး အပိုဒ်ကို ဖတ်လဲ ဖတ်ပြီးရော ရင်ထိတ်သွားတယ်။ chaos တယောက် လောကီကို စိတ်ကုန်ပြီး လူ့ဝတ်ကြောင်ကို စွန့်တော့မှာလား မသိ။ :D (စတာနော်။ အဟဲ)
ReplyDeleteတိုတိုတုတ်တုတ် နဲ့ မျက်လုံးထဲကို ကွင်းကွင်းကွက်ကွက်မြင်လာတာပဲ။ အရမ်းကောင်းတယ်အစ်မရေ။
ReplyDeleteမမြဲသောတရား အတွက်
ReplyDeleteမြန်မာပြည်မှာ သောတပန်တွေ များနေလောက်ပြီနော်။
ဝတ်မကုန်သေးတော့
ခံလိုက်ဦး ခံလိုက်ဦး။
အဲ့ဒီလိုပြောရမလို ဖြစ်နေပြီ။
ကဲ ကဲ
ReplyDelete၀တ်လို့သာမှတ်ပါကွယ်။
တို့များလဲ မကျွတ်ချင်သေးတော့
အခုထိ တရားနဲ့ ထိတွေ့တုန်းပါကွယ်
အားမငယ်ပါနဲ့ အဖေါ်ရှိပါတယ်ကွယ့် နော်။
ဖိုက်တင်။
ကောင်းလိုက်တဲ့ ကဗျာလေး။
ReplyDeletecool!
ReplyDeletei love this poem :)
but connection is extremely nice when i visited TGI kwa