ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Thursday, November 15

ဖြစ်နိုင်ရင်တော့ဆက်မဖတ်နဲ့

ခုနလေးကပဲ ဖိတ်စာရောက်လာတယ်။ " မchaos မဖြစ်မနေ တက်ရောက်ရန်တဲ့ " တဲ့။ ဖွင့်ဖတ်လိုက်တော့မှသိတယ်။ နက်ပကျွန်းဂြိုလ်မှာ လုပ်မဲ့ စာရေးဆရာများ အစည်းအဝေးကိုး။ အင်း...ပြင်ဆင်ဦးမှ ဆိုပြီး အိပ်လိုက်တာ မိုးလင်းသွားပါလေရော။ ဒါနဲ့ chaos လဲ အစည်းအဝေး သွားဖို့ပြင်ရင်း ပေါင်မုန့်နဲ့နွားနို့် (သကြားမထဲ့) အဆာပြေတီးလိုက်တယ်။ ဒရိုင်ဘာလေး ဗင်လာဒင်က ခရီးစဖို့ အဆင့်သင့်ဖြစ်ပြီ လာပြောနေတုန်း ကိုဘွတ်ရှ် ဖုန်းက၀င်လာတယ်။ သတင်းစာရှင်းလင်းပွဲ အတွက် chaosကို စာမူအပ်ချင်လို့တဲ့။ အားနာနာနဲ့ငြင်းလိုက်ပြီး ခရီးထွက်ဖို့ လုပ်ရတော့တယ်လေ။ နက်ပကျွန်းလဲရောက်တော့ ဘာတွေကို ဆွေးနွေးမလဲဆိုပြီး အာရုံကသိပ်မလာဘူး...ဘာနဲ့ကျွေးမွေး ဧည့်ခံမလဲပဲ အရမ်းသိချင်နေတာ။ သွားရည်တမြားမြား ကျလာတာကို လူမမြင်အောင် ခိုးသုတ်ပြီး စည်းဝေးခန်းထဲကို ဟန်ပန်နဲ့ လှမ်းဝင်လိုက်တယ်။ ဘယ်သူတွေပါလဲမှတ်တယ်။ တခြားမဟုတ်ဘူး...ဆရာကြီး မင်းသုဝဏ်ရယ်၊ ရှိတ်စပီးယားရယ်၊ ဆရာမဂျူးရယ်၊ ကြည်အေးရယ်၊ မစန္ဒာရယ်၊ chaos ရယ်ပဲကိုး။ ထမင်းကျွေးဖို့ အစီအစဉ် စတင်ပါတော့မယ် ဆိုပြီး ကြေညာလိုက်တာနဲ့ ဘီလ်ဂိတ်က စားပွဲထိုးတွေကို ကြီးကြပ်ပြီး အသေအချာလုပ်ဖို့ မှာနေတယ်။ အမယ်ပြီးတော့ သူက တိုးတိုးလေး မှာလိုက်သေးတယ် chaos ဗိုက်ဝအောင် အထူးဂရုစိုက်လိုက်ပါတဲ့။ ဟင်းတွေကတော့ စားပွဲတောင် မဆန့်ဘူး။ ငမန်းတောင်ဟင်းရည်၊ ငပိရည်ကျို၊ ငံပြာရည်ချက်၊ ဟမ်ဘာဂါ၊ ဟင်းထုပ်၊ ရေမုန့်၊ ချီးစ်ကိတ်၊ ဒိန်ချဉ်၊ လက်ဘက်သုတ်၊ အသားကင်နဲ့ ၀ိုင်လဲပါသေး။ အပြတ်ဟပ်မယ် လုပ်တုန်း ဖုန်းဝင်လာတယ်။ လားလား... Reader's Digest အယ်ဒီတာ Jim Pluffe ဆီကကိုး။ သူကပြောတယ် သူ့စာအုပ်မှာ chaosရဲ့စာတွေ ထည့်ချင်လို့တဲ့။ အင်း...စဉ်းစားပေးရမှာပေါ့ ဆိုပြီးဖုန်းချရုံရှိသေး American Mosaic အယ်ဒီတာဆီက ဖုန်းဝင်လာပြန်တယ်။ ဒီလောက်အဝေးကြီး ရောက်နေတာတောင် ဖုန်းလိုင်းကမိတယ်နော်။ ထူးဆန်းပ။ ကဲပြောပြောဆိုတော့ chaos နဲ့အင်တာဗျူး ထားတာကို မျက်နှာဖုံး စာစောင်မှာ ဖော်ပြချင်လို့တဲ့။ သဘောပဲလို့ပြောပြီး ဖုန်းပိတ်ထားလိုက်တယ်။ ဟုတ်တယ်လေ အစားကိုကောင်းကောင်း မစားရဘူး။ စားပြီးသောက်ပြီးတော့ ဆရာ၊ဆရာမတွေနဲ့ စကားစပြောမယ်ရှိသေး ကိုတာရာမင်းဝေကြီးက အစည်းအဝေး ပြီးဆုံးကြောင်းကြေညာအပ်ပါသည်တဲ့။ ကဲ ဗိုက်လေးလေးနဲ့ပဲ အိပ်ပြန်ရုံရှိတော့တာပေါ့။

နှင်းဆီနီနီနဲ့ ဆုဝေ ကိုမော်စီနဲ့ ကိုမာန်လှိုင်း ရေ အားလုံးရဲ့ တက်ထားတာကို ဒီတစ်ခုနဲ့ ပေါင်းဖြေလိုက်ပါတယ်နော်။ ကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်ရှင်။

6 comments:

  1. ဆက်မဖတ်ဘူး။ဆက်မဖတ်ဘူးဟူး။ဟားဟားဟားဟား
    စိတ်နာတယ်..ဂယ်ပဲ.....ရေးလိုက်ရင်လန်ထွက်နေတာပဲ။
    :P

    ReplyDelete
  2. မဖြစ်နိုင်လို့ ဖတ်သွားတယ်။
    ဒါပေမယ့် ယုံတော့ယုံဘူး။
    ပျော်ရွှင်ပါစေ။
    နှင်းဆီနီနီ။။

    ReplyDelete
  3. ဆက်မဖတ်ဘူး။။။ နားနားပြီးဖတ်သွားတယ် ...။ ဒါနဲ့ ညီမလေးရတဲ့ စာမူခ ဒေါ်လာ ၅၀၀၀၀ ကို လေးမဆီ လွှဲချင်လို့ ဆိုတာ ဟုတ်လား...။ ဒွတ်ခပဲ account no.မေ့နေတယ်...။

    ReplyDelete
  4. ဖတ်ပြီးသွားတဲ့အချိန်ထ.. ပါးစပ်ပြန်ပိတ်ဖို့မေ့နေတယ်.. ဟီး..ဟီး.. တစ်ကယ့်ကို အလုပ်ရှုပ်တာပဲနော်..

    ReplyDelete
  5. ဖတ်ပြီးတဲ့အချိန်ထိ ပါးစပ်ပြန်ပိတ်ဖို့ မေ့နေတယ်..
    ရယ်ရလို့... ဟီး..ဟီး...
    တကယ့်ကိုအလုပ်ရှုပ်တဲ့သူပဲနော်

    ReplyDelete
  6. ဖတ်ပြီးတဲ့အချိန်ထိ ပါးစပ်ပြန်ပိတ်ဖို့ မေ့နေတယ်..
    ရယ်ရလို့... ဟီး..ဟီး...
    တကယ့်ကိုအလုပ်ရှုပ်တဲ့သူပဲနော်

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။