ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Wednesday, November 14

ကဗျာ

ကဗျာဆရာယောင်ယောင်နဲ့
လူ့ဘောင်မှာ ငါအံဝင်ဂွင်ကျ
အနေလှဖို့ ကဗျာရေးတာမဟုတ်ဘူး။

ကဗျာတစ်ပုဒ်ကို
တန်ရာတန်ကြေးတစ်ခုလို
အထင်အမြင်သေးတဲ့ စိတ်ဓါတ်တွေနဲ့
တန်ဖိုးမဖြတ်နဲ့
ကဗျာ အန်ချတဲ့
ငါ့နှလုံးက ခံနိုင်ရည်
ဆိတ်သုဉ်းသွားတတ်လို့။

ကဗျာချစ်လို့
ငါအပြစ်ဖြစ်မယ်ဆိုရင်
ဖြစ်လိုက်စမ်းပါ
ကဗျာကိုစတေးဖို့
ငါဘယ်တော့မှမတွေးဘူး။

ကဗျာဖြစ်ဖို့
ငါလန်ကြုတ်မလုပ်ဘူး
ရင်ဘတ်က ထွက်လာတဲ့
ကဗျာတွေ မှာ
ဟန်ဆောင်မှု မပါဘူး
နှလုံးသွေးက ယိုစီးလာတဲ့
သံစဉ်တွေမှာ မာယာကင်းတယ်။

ကဗျာကို
ဟာသတစ်ခုလို
မင်းတို့လုပ်မရီနဲ့
ကဗျာမှာ ဆရာမရှိသလို
ကဗျာဖြစ်ဖို့
ဆရာက သင်ပေးတာမဟုတ်ဘူး။

ရင်ဘတ်ကြီးနဲ့
ခံစားတတ်မယ်ဆိုရင်
ငါ့ကဗျာဟာ
မင်းတို့အတွက်
တစ်စုံတစ်ရာထဲက
တစ်စုံတစ်ခုပေါ့။

chaos

7 comments:

  1. ကဗျာတွေမှာ အပြစ်ကင်းပါတယ်။
    ကဗျာထဲက စာလုံးလေးတွေမှာ
    ရိုးသားတယ်ဆိုတာ
    ရင်ဘတ်ထဲက လာတယ်ဆိုတာ
    ကဗျာကိုခံစားတတ်သူတိုင်း
    နားလည်ကြမှာပါ။

    ReplyDelete
  2. ကဗျာတွေသိပ်မရေးတက်ပေမယ့်
    ကဗျာတွေတော့ကောင်းကောင်း ဖတ်တက်ပါတယ်။
    ကဗျာရေးတက်ဖို့ သင်ခိုင်းမလို့
    ဒီကဗျာဖတ်ပြီး ရင်ဘက်ကိုဘဲ သင်ခိုင်းလိုက်တော့မယ်။z

    ReplyDelete
  3. “ကျေးဇူးပြု၍”

    လူ့ဘောင်မှာ အံဝင်ဖို့အတွက်
    ကဗျာဆရာယောင် ဆောင်ထားတာမဟုတ်ဘူး
    အနေမလှပေမယ့်
    ကဗျာဆရာတွေကို ငါ အားကျတယ်။

    ရင်ဘတ်နာတိုင်း အန်ချတတ်တဲ့
    ငါ့ကဗျာတွေက
    အဖိုးမတန်ပေမယ့်
    ငါ့နှလုံးသွေးနဲ့ ရေးခဲ့လို့
    ငါ့အတွက်တော့ အဖိုးမဖြတ်နိုင်ဘူး။

    တစ်ဘ၀လုံးနဲ့ မလဲနိုင်လောက်အောင်
    ကဗျာတွေကို ရူးသွပ် ခုံမင်တယ်
    ကဗျာကို ဘ၀နဲ့ မစတေးခိုင်းနဲ့
    ဘ၀ကို ကဗျာနဲ့ လဲချင်ရင် လဲလိုက်မယ်။

    မာယာကင်းတဲ့ သံစဉ်တွေမွေးထုတ်
    ကဗျာလုပ်တဲ့ စက်ရုံ တည်မလို့တော့မဟုတ်ဘူး
    ဟန်ဆောင်မှုကင်းတဲ့ ငါ့စိတ်သဘောကို
    မင်းတို့ သိသာယုံ သက်သက်ပဲ...

    ကဗျာထဲမှာ ဟာသတွေမပါပေမယ့်
    ခါးသက်လှတဲ့
    ငါ့ဘ၀အစိတ်အပိုင်းတော့ ပါဝင်နေတယ်
    မင်းရီချင်ရင် ရီလို့ရတယ်
    ဒါပေမယ့်..
    မလှောင်နဲ့ မပြောင်နဲ့။

    ကဗျာမှာ ဆရာမရှိသလို
    စာသင်တတ်တိုင်းလဲ ကဗျာဆရာမဖြစ်နိုင်ဘူး
    တစ်စုံတစ်ခုရဖို့အတွက်
    ငါ့ကဗျာကို ဖတ်တယ်ဆိုရင်တော့
    ကျေးဇူးပြု၍
    ခံစားတတ်တဲ့ ရင်ဘတ်နဲ့ပဲ ဖတ်ပေးပါ။
    *****
    chaos ရဲ့ ကဗျာကို ပြန်လည်ခံစားပါတယ်။ ညီမလေးအတွက် အမှတ်တရ။ မကောင်းလဲ သည်းခံ မနေနိုင်လို့ ရေးဖြစ်သွားတယ်။

    ReplyDelete
  4. ကျွန်တော် ရင်ဘတ်ကြီးနဲ့ ခံစားသွားတယ်
    တစုံတခု မကပါဘူးဗျာ.. ။

    ReplyDelete
  5. ဘလောႚခ်တေမြာလည်ပတ်ရင်း
    ရောက်လာတာပၝအစ်မ။
    ကဗဵာခဵစ္သူတစ္ေယာက္ပဲမိုႚဒီကဗဵာေလးဖတ္႓ပီး
    အရမ်းသဘောကဵမိတယ်။
    အပိုဒ်တိုင်းကိုထောက်ခံနေမိတောႚတာပၝပဲ။

    ReplyDelete
  6. Background ကိုဘယ်လိုရှာလဲ ကျွန်တော် blogspot က Background တွေမဆုံဘူးဖြစ်နေလို့ အကူညီရှာနေတယ် http://www.khamtan.blogspot.com

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။