ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Tuesday, November 13

အနာဂတ်ဆိုတာ........

လူတိုင်းမှာ မျှော်လင့်ချက်၊ အနာဂတ်၊ ယုံကြည်မှုတွေ ရှိတယ်။ ဒါပေမယ့် ကျွန်မ စိတ်မကောင်းတာက သူတို့လေးတွေရဲ့ အနာဂတ် ပျောက်ဆုံးနေသလိုပါပဲ။ တခြားမဟုတ်ပါဘူး။ မြန်မာပြည် အနှံ့အပြားက လဘက်ရည်ဆိုင်၊ ထမင်းဆိုင်တွေ မှာ လုပ်ကိုင်စားသောက်နေတဲ့ ကလေးလေးတွေကို ပြောတာပါ။ လဘက်ရည်ဆိုင်ကို ကြိုက်တဲ့ကျွန်မ လဘက်ရည်ဆိုင် အမြဲထိုင်တယ်။ စားပွဲထိုးလေးတွေက လူမမည် စာသင်ဖို့ သင့်လျော်တဲ့ ကလေးငယ်လေးတွေပေါ့။ ကျွန်မတို့အားလုံးပျော်ရွှင်စွာနဲ့ အလာပသလာပပြော၊ အပန်းဖြေနေတဲ့ အချိန်မှာ သူတို့လေးတွေ ၀မ်းစာအတွက် ကျွန်မတို့မှာသမျှ အပြေးလေးလုပ်နေရတယ်။ တစ်ချို့ဆို သိပ်ငယ်လွန်းတယ်။ ဘယ်လိုပြောမလဲ ဘ၀ပေးကံပေါ့လေ။ ကံကိုပြင်လို့မရဘူးဆိုတဲ့ စကားကို ကျွန်မလက်ခံတယ်။ တကယ်တမ်း ကလေး အလုပ်သမားတွေ တိုင်းပြည်အနှံ့မှာ ပေါများနေတာ ဘယ်သူ့ကို ကျွန်မတို့ အပြစ်ပြောရမလဲ။ စာသင်ရမယ့် အရွယ်မှာ သူတို့လေးတွေ အနာဂတ်မဲ့ ဘ၀ထဲမှာ ဘ၀၀မ်းစာအတွက် အနာဂတ်ကို စတေးနေကြတယ်။ ပညာတတ်တွေ မှိုလိုပေါတယ်ဆိုတဲ့ ကျွန်မတို့တိုင်းပြည်ကြီးမှာ တကယ့် အတတ်ပညာတွေကိုရော ပိုင်ဆိုင်ထားကြရဲ့လား။ တစ်ဖက်မှာ ဘ၀ရဲ့ ၀မ်းရေးအတွက် အနာဂတ်ပျောက်နေချိန်မှာ လူချမ်းသာ မိသားစု ရဲ့ ရင်သွေးလေးတွေကတော့ သုံးဖြုန်းလို့ အနာဂတ်တွေ တောက်ပနေတယ်ဆိုပဲ။ လောကမာယာက ကြောက်စရာကောင်းလိုက်အောင် မျက်နှာလိုက်တယ်ရှင်။

chaos



7 comments:

  1. သူတို့ အနာဂါတ်လေး တွေက သနားစရာဗျ ... ကျွန်တော်တို့လည်း ဘာမှ မတတ်နိုင်ဘူးးး :)

    ReplyDelete
  2. အရာအားလုံးက ကိုယ့်ကုသိုလ်နဲ့
    ကိုယ်ဆိုပေမယ့် ကလေးငယ်လေးတွေမှာ
    ကံဆိုးမှုတွေကို ခံစားရရင်
    လူကြီးတွေထက် ကရုဏာသက်မိတယ်။
    ပိုလည်း ဖြေမဆည်နိုင်ဖြစ်ရတယ်။
    လောကကြီးမှာ မတရားတွေများပါတယ်
    တယ်ရင်းရာ။
    စိတ်ချမ်းသာအောင်နေပါ။

    ReplyDelete
  3. ညီမလေးရေ... ညီမလေးလိုပဲ အဖြေရှာချင်တဲ့ blogger တစ်ယောက်ရှိတယ်...။
    http://moenyo. blogspot.com နေရာက “ သားကြီးလာရင် ဘာလုပ်မလဲ” ဆိုတဲ့ ပို့ စ်လေးကိုဖတ်ကြည့်ပါကွယ်...။

    ReplyDelete
  4. လမ်းဘေးမှာတောင်းရမ်းစားသောက်နေတဲ့ကလေး
    တွေထက်စာရင်တော့သူတို့ ကတော်သေးတယ်လို့ သာ
    ဖြေတွေးလိုက်ပါ

    ReplyDelete
  5. မမ... ဒီပို့စ်လေးကို ခံစားသွားတယ်။
    မမက ကွန်ပျူတာနဲ့ ကျောင်းပြီးတာဆိုတော့ သိုးလေး မေးချင်တာတွေ မေးလို့ရမှာပေါ့နော်။ သိုးလေးကို မေးလ် လိပ်စာ ပေးပါလား ဖြစ်နိုင်ရင်။ သိုးလေးက ခု စတင်ကလိနေတာဆိုတော့ ရင်ထမှာ ကျလိကျလိတွေ များနေလို့။ မေးမယ်နော်။

    ReplyDelete
  6. မတရားတဲ့ လောကကြီးထဲမှာ သူတို့လေးတွေအတွက် လုပ်ပေးနိုင်တာလေးတွေ လုပ်မှပဲ စိတ်ဖြေသာတော့မယ်။ လင်းပြောသလို ဖြေတွေးချင်ပေမယ့် သူတိုကလေးတွေကို မြင့်တဲ့ ဘ၀နဲ့ပဲ နိုင်းယှဉ်ပြီး မြှင့်ပေးချင်ပါတယ်။

    ReplyDelete
  7. ကျနော်တို့တက်နိုင်သလောက် ကူညီကြတာပေါ့ဗျာ ။ဘာမှ မလုပ်ပေးနိုင်ဘူးလို့တော့ ကျနော်မယုံကြည်ပါ။ တတ်နိုင်တာ တစ်ခုခုတော့ရှိကိုရှိရမယ်။ သေချာတော့ မမှတ်မိဘူး Apple CEO အဟောင်းထင်တာပဲ သူဆိုမိဘမဲ့ဂေဟာက ကလေးဗျ ။ ကဲ ဘယ်လိုမျှော်လင့်ချက်နဲ့ ဒီကလေး ဒီလောက်အောင်မြင်ကြီးပွားလာပါသတဲ့လဲ ။

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။