ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။
Monday, November 12
ရူးသွပ်ခြင်း
ကျွန်မရဲ့ မလှပတဲ့ ခြေအစုံဟာ ဒေါက်ဖိနပ် လှလှလေးတွေနဲ့ တန်ဆာဆင်လို့ အမြင်မတော်ဘူးရှင့်။ သူငယ်ချင်းတွေနဲ့ ဈေးဝယ်ထွက်တိုင်း ဒေါက်ဖိနပ်လှလှလေးတွေကို ခြေထောက်မှာ အဖော်ခေါ်ဖို့ ကျွန်မ အားနာတယ်လေ။ အကျဉ်းတန် ခြေထောက်လေးတွေနဲ့ လှတပတ ဖိနပ်လေးတွေ မလိုက်ဖက်ပါဘူးရှင်။ ဒီလိုနဲ့ ကျွန်မ ရှူးဖိနပ်တွေ စီးဖြစ်တာများတယ်။ All star ဖိနပ်လေးတွေ ကတော့ ကျွန်မ အရူးအမူး မက်မက်မောမော စွဲလမ်းတဲ့ ဖိနပ်လေးတွေပါပဲ။ ဘယ်လောက်တောင်များ All star ကိုကြိုက်လဲဆို... ဖိနပ်နဲ့တခြားဟာ ၀ယ်မယ်ဆိုရင်တောင် All star ကိုရွေးဖို့အားသန်တဲ့သူပါ။ ဖိနပ်မှာ ဖုန်တင်တာတောင် အိမ်ရောက်တာနဲ့ အမြဲသုတ်၊ အမြဲသနေလို့ ဖေဖေ ကတောင်မျက်စိနောက်ယူရတယ်။ မင်းသမီးတစ်ယောက်က ကြော်ညာတစ်ခုမှာလေ ပိုက်ဆံများရှိလို့ကတော့ တစ်ကိုယ်လုံးကို စိန်စီပစ်လိုက်မယ်တဲ့။ ကျွန်မကတော့ ပိုက်ဆံသိပ်ပေါနေရင်လေ All star အရောင်အသွေးမျိုးစုံ ၀ယ်ပြီး ထည်လဲစီးပစ်ဦးမယ်။ ပြီးတော့ ကျွန်မလို ရူးသွပ်သူတွေကို လက်ဆောင်လိုက်ပေးဦးမှာ။ ကျွန်မရဲ့ ဘလော့ဂါ မောင်နှမတွေထဲမှာရော ကျွန်မနဲ့ အကြိုက်တူတဲ့လူ ဘယ်နှစ်ယောက်များ ရှိမလဲ သိခွင့်ရရင် ပြောပြကြပါလား။ ဒီအောက်က ပုံလေးက မနေ့က အင်တာနက်မှာ ၀င်ရှာရင်းတွေ့ ထားတဲ့ ဖိနပ်တွေလေ။ ကျွန်မ သိပ်လိုချင်တာပဲ။ လှတယ်မဟုတ်လား။
Subscribe to:
Post Comments (Atom)
တူနေတယ်
ReplyDelete၁။ ဖိနပ်အကြောင်းရေးတင်ဖို့ အကြံတူနေတယ်။ ဓာတ်ပုံတောင်ရိုက်ပြီးပြီ။
၂။ အောစတားကြိုက်တာချင်းတူတယ်
ဟတ်...ဟတ်
;)
တူနေတယ်
ReplyDelete၁။ ဖိနပ်အကြောင်းရေးတင်ဖို့ အကြံတူနေတယ်။ ဓာတ်ပုံတောင်ရိုက်ပြီးပြီ။
၂။ အောစတားကြိုက်တာချင်းတူတယ်
ဟတ်...ဟတ်
;)
အောစကား တော့စီးဖူးဘူး။
ReplyDeleteဒါပေမယ့် ဖိနပ်ပုံလေးတွေထဲမှာ
အနီရောင်ဖိနပ်လေးတော့လိုချင်သား။
ပိုက်ဆံစုလိုက်ဦးမယ် ၀ယ်စီးဖို့။
ထီပေါက်ရင် ၀ယ်ပေးပါလားဟင်..
ထီပေါက်အောင်ဆုတောင်းပေးမယ်လေ နော်။ :P
နှင်းဆီနီနီ။။
လှတယ်နော်...။ ဖိနပ်လေးက ..။
ReplyDeleteကျွန်တော်လည်း ကြိုက်တယ်ဗျ...chaos ရ။
ReplyDelete၃ ရံတောင် ရှိတယ်။ အနီနဲ့ အဖြူစပ် ၊ အဖြူနဲ့ အနက်
ပြီးတော့ အစိမ်းနဲ့အဖြူရောင် လေ။ အဖြူကတော့
ကျွန်တော့် ပင်တိုင်ပဲ
the same crazy with all star..ha..ha
ReplyDeletethe same crazy with all star...ha..ha..
ReplyDeleteအဲဒီဖိနပ်ပုံစံမျိုးက ကိုးရီးယားတွေအရမ်းစီးတာပဲ။
ReplyDeleteAll Star ဟုတ်မဟုတ်တော့မသိဘူး။
All Star Crazy ဖြစ်ချင်းတူနေပီ။ တို့ဆို စိတ်ဓါတ်ကျနေတဲ့ အချိန်မျိုးဆို All Star စီးလိုက်တာနဲ့ အားရှိလာသလိုခံစားရတယ်။ Shopping သွားတိုင်းလည်း All Star Showroom ကိုမသွားပဲအိမ်ဘယ်တော့မှ မပြန်ဘူး.. အဲလိုရူးတာ.. ဟီးဟီး.....
ReplyDeleteI've black one =)
ReplyDeleteအမလဲ ဖိနပ်တွေထဲမှာ all star ကို အကြိုက်ဆုံးပဲ စီးရတာ အဆင်ပြေလို့ ပထမဆုံး အလုပ်စ၀င်တဲ့ နေ့မှာ all star ဖိနပ်လေး စီးပြီး အလုပ် ၀င်ရတာ ကိုယ့်ကိုကိုယ် ယုံကြည့်မှု ပို ရှိနေသလိုပဲ၊ အမမှာက နက်ပြာရောင် လေး၊
ReplyDeleteညလေးကတော့ အစ်မကို မရရအောင် ပို့ခိုင်းထားတာ အနီရောင် ရဲရဲလေး လှမှလှ.. :P
ReplyDeleteအပေါ်ဆုံးက ပန်းရောင်လေးလဲကြိုက်တယ်
ReplyDeleteအားလုံးကြိုက်တယ်
ကိုယ်လဲခြေထောက်မလှဘူး
ဒါကြောင့် ရှူးတွေပဲစီးဖြစ်တယ်
အောလ်စတားက ဈေးလဲမဆိုးဘူးလေ..