ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Thursday, October 25

သိပ္ပံပညာရှင်များ ယူဆထားသော ဦးနှောက် အလုပ်လုပ်ပုံ

ပြက်လုံးတစ်ခုခုကို ကြားလိုက်ရပြီဆိုရင် ဦးနှောက်ရဲ့ ဘယ်ဘက်မှာရှိတဲ့ (language centre) ကနေ စကားလုံးတွေကို နားလည်အောင် လုပ်ရပါတယ်။ ပြီးရင် ဦးနှောက်ရဲ့ ညာဘက်ခြမ်းကို သတင်းပြန်ပို့ရတယ်။ ဘာလို့လဲဆိုတော့ ဦးနှောက်ကို ဖုံးအုပ်ထားတဲ့ ညာဘက်အရှေ့ပိုင်းရဲ့ မီးခိုးရောင်အလွှာ (cortex)က နယ်ပယ်အစိတ်အပိုင်း အသီးသီးဖြစ်အောင် တူးဆွပေးတယ်။ အဲ့ဒီ အစိတ်အပိုင်းတွေမှာ ခံစားမှုအမျိုးမျိုး၊ ပုံရိပ်အမျိုးမျိုး ကိုသိုလှောင်ပေးပြီးမှ ရရှိလာတဲ့ သတင်းအချက်အလက်များကို ရောနှောပေးတယ်။ ဘာနဲပုံပမာတူလဲဆိုရင် တံခါးပေါက်ထဲ သော့လှည့်ဖွင့်လိုက်လို့ တံခါးပွင့်သွားသလိုပဲ ကျွန်မတို့ အဲ့ဒီအချိန်မှာ ပြက်လုံးတွေကို ဦးနှောက်က ရရှိသွားပါတယ်။ နောက်တစ်ဆင့် အနေနဲ့က ဦးနှောက်ရဲ့ အတွင်းပိုင်း တစ်နေရာကနေ "dopamine" လို့ခေါ်တဲ့ အရည်တစ်မျိုး ထုတ်လုပ်ပေးတယ်။ သူ့ရဲ့ စွမ်းဆောင်ချက်ကတော့ ကျွန်မတို့ကို လန်းဆန်းတဲ့ အာရုံသစ် ခံစားမှုပေးပြီး အရိုးခွံရဲ့ အောက်ခြေ အနီးဆုံးနေရာကနေ ရယ်မောခြင်းကို ပြုလုပ်ပေးပါတယ်။
မနေ့ညက ကျွန်မ ဖတ်လိုက်ရတဲ့ စာအုပ်ထဲက အကြောင်းအရာကို အတတ်နိုင်ဆုံး ဆီလျော်အောင် ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။

chaos

1 comment:

  1. ဗဟုသုတရပါတယ်။ပြန်ပြီးဖော်ပြပေးတာကျေးဇူးပါချောရေ။

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။