ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Wednesday, October 17

ဒါတွေ........ဒါတွေ...........


  • "မလုပ်နိုင်ဘူး" "မဖြစ်နိုင်ဘူး" လို့မပြောခင်... ဖြစ်အောင် ကြိုးစားပြီးပြီလား?
  • သံသယ အစိုင်အခဲတွေ ကိုယ့်ကို မရပ်တန့် နိုင်အောင် အဖြစ်မှန်ကို ကျိုးကြောင်းဆင်ခြင် သုံးသပ်ကြည့် ပြီးပြီလား?
  • အခြေအနေ အရပ်အရပ်တွေက ဘယ်လိုပဲ မဖြစ်နိုင်ဘူး ပြောနေပစေ။ အဖြစ်နိုင်ဆုံး reason တစ်ခုနဲ့ဖြစ်အောင် လုပ်ရမှာပဲ.....
  • အရှုံးသာ ရှိနေမယ်လို့ သိထားလဲ အနိုင်ရရမယ် ဆိုတဲ့ ယုံကြည်မှုနဲ့ ရှေ့ကို ဆက်တက်မယ်....
  • ကြောက်လွန်းလို့ နောက်မဆုတ်မိခင် ယုံကြည်မှု၊ ဇွဲနဲ့ တွန်းလှန်ရင်း အောင်မြင်မှု ပန်းတိုင်သို့....
  • လူတွေအားလုံးဟာ ကိုယ့်ထက်သာနေပါလားလို့ တွေးနေမယ့်အစား။ ကြိုးစားမှုလက်နက်နဲ့ အနိုင်သရဖူကိုယ်ပိုင်ရမယ်လို့ လက်ခံထားသင့်တယ်နော်....
  • လမ်းဆုံးသွားတယ် ဆိုတာမရှိဘူး... ဆက်သွားရင် မတွေ့နိုင်ဘူးလို့ ဘယ်သူပြောလဲ?
  • အနည်းအကျဉ်းကိုပဲ ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်.... အဲ့ဒါတွေက အရေးကြီးတာတွေပဲ ဖြစ်သင့်တာပေါ့...

"?" ပေါင်းများစွာနဲ့ ကျွန်မ......chaotic world... ထဲမှာ....chaos....... ဖြစ်နေတယ်.........

chaos

5 comments:

  1. `ကိုယ့်ရဲ့ဆန္ဒအားလုံးကို ချိုးနှိမ်နိုင်တဲ့တစ်နေ့မှာ အရာရာကိုပိုင်ဆိုင်လာလိမ့်မယ်´ တဲ့ဗျ။
    ဆန္ဒဆိုတာမရှိမှတော့ ဘ၀က တုံးတိကြီး ဖြစ်နေမယ်ထင်တယ်။ အကုန်လိုချင်နေပြန်တော့ လည်း အရူးချေးပန်း ဖြစ်နေမှာပေါ့။
    ဆန္ဒတစ်ခုနဲ့တစ်ခု အလဲအလှယ်လုပ်တော့လည်း မစွန့်ရက်၊ မပစ်ရက်၊ မခွာရက် တွေကများနေတယ်။ ဒါလည်း chaos ပဲဖြစ်မယ်နော်။

    Choose the best comparison တဲ့။
    ဒီစကားလေးတော့ကြိုက်တယ်ဗျာ။ ဗုဒ္ဓဘာသာက အလယ်အလတ်လမ်းနဲ့များ တူမလားမသိဘူး။
    ပိုက်ဆံချမ်းသာချင်တဲ့လူတစ်ယောက်က ဘီဂိတ်နဲ့ လိုက်ပြိုင်နေမယ်ဆိုရင် ဒီတစ်သက် စိတ်ချမ်းသာဖို့ မမျှော်နဲ့တော့။ မဖြစ်နိုင်ဘူးပြောတာမဟုတ်။ ဖြစ်နိုင်တယ်။ အဲဒီအတွက် ဘာတွေကိုယ့်ဘက်က ပေးဆပ်နိုင်မလဲ ကြိုစဉ်းစားထားဖို့လိုမယ်။
    လမ်းဘေး သူတောင်းစားနဲ့ နှိုင်းပြီး မာန်တက်နေတယ်ဆိုရင်လည်း နေရာမကျပြန်ဘူး။

    တစ်ခုခုကို ရဖို့အတွက် တစ်ချို့ကိုတော့ စွန့်လွှတ်ရမယ်။ ရမယ့်ဟာနဲ့ စွန့်ရမယ့်ဟာ ဘယ်ဟာက ကိုယ့်အတွက် ပိုတန်ဖိုးရှိလဲ စဉ်းစားထားပေါ့။
    အဲဒါနဲ့ပတ်သက်ပြီး http://sticky-pk.blogspot.com မှာ `အောင်နိုင်သူသို့ ....´ ဆိုတဲ့ ပို့စ်လေးဖတ်ကြည့်ပါလား။ စာအုပ်တစ်အုပ်ထဲက ကိုးကားထားတာပါ။

    ReplyDelete
  2. ဒီကဗျာကို တကယ်သဘောကျပါတယ်။

    ReplyDelete
  3. ဒီကဗျာကို တကယ်သဘောကျပွတယ်။

    ReplyDelete
  4. အရမ်းကောင်းတဲ့ အတွေးစာစုလေးပါ။

    ReplyDelete
  5. ဒီစာစုလေးကိုကြိုက်တယ်

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။