ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Friday, October 12

အဖေနဲ့အမေ

ငယ်ငယ်ကနေ ခုချိန်ထိပြုစုစောင့်ရှောက်ပေးတဲ့၊နွေးထွေးတဲ့ အိမ်လေးဖန်ဆင်းပေးတဲ့ ချစ်ဖေဖေနဲ့မေမေကို ဒီကဗျာလေးနဲ့ ဂါရ၀ပြုရင်း.....................

မသိတတ်စအရွယ် လွန်မြောက်လို့

မျက်စိ တစ်မှိတ် လျှပ်တစ်ပြက်အတွင်း

သမီး လူလားမြောက်ခဲ့ပါပြီ။

စက္ကန့်မလပ် ဂရုဏာမပြတ်ဘဲ
မေတ္တာနံ့ထုံသင်းတဲ့ မိဘရင်ခွင်မှာ
သမီးဘ၀လုံခြုံခဲ့တာ ယနေ့ထိပါ။

သမီးမျက်နှာ တစ်ချက်မညှိုးသာဘဲ
လိုအင်ဆန္ဒ အ၀၀ကို
တတ်စွမ်းသမျှ ဖြည့်ဆည်းလို့
ချစ်သမီးလေး စိတ်လန်းဖို့တဲ့…
အရိပ်တကြည့်ကြည့် ချစ်တဲ့
သမီးလေး ငိုချင်းက သည်းခြေရင်းကို

ဓားလက်နက်နဲ့ ဖြည်းဖြည်းဆွသလို
ဝေဒနာ လှိုင်းတံပိုး ရင်မှာတိုးလို့
ချစ်သမီး ပြုံးရင်
နှလုံးဘ၀င် လန်းရွှင်လို့
နွဲ့ဆိုးဆိုးလဲ အပြုံးမပျက်ဘဲ
အနွံတာခံမြဲ ကျေနပ်ဆဲ
စိုးရိမ်မကင်း ချစ်စိတ်ပြင်းတဲ့
မိဘစိတ်ရင်းမှန်ကို သမီးမိုက်ခံစားရင်း

ပြုမှားမိတဲ့ ပြစ်မျိုးများကို ခွင့်လွှတ်ပါလို့…………..

တုမနှိုင်းသာတဲ့ မိဘမေတ္တာ

ကျေးဇူးအနတ္တ ကြီးမားစွာ
ပြန်ဆပ်ဖို့ရာ ကြိုးပမ်းကာ
မြူတစ်မှုန်ကျေဖို့ ကြာညောင်းလို့
အချိန်မကုန်စေနဲ့စို့………

chaos

No comments:

Post a Comment

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။