ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။
Tuesday, January 13
တန်ဖိုးမဖြတ်နိုင်တဲ့ ပိုင်ဆိုင်မှု
ခဏလေး လို့ မဆိုသာ
တစ်နှစ်တာမှာ တွယ်ငြိလာ
စက္ကန့်တွေပြောင်းလဲ
အချစ်တွေက မဟောင်း
ကျော်ဖြတ်ခဲ့ အတူတူ အဆိုးနဲ့အကောင်း.....
မာနတွေမရှိ
အာဃာတတွေ မသိ
ငါ့ရင်ထဲမှာ မင်းပဲရှိ
တစ်ခါတစ်တော့လဲ လွမ်းရတဲ့ ရင်ခွင်အစုံက နုံးချိချိပေါ့
မဖြောင့်ဖြူးတဲ့လမ်းမှာ ကြမ်းတမ်းမှုတွေကရှိနေတယ်။
ဘာကိုမှ မမှုပါဘူး
ယုယမှုနဲ့ မင်းအချစ်ကို ငါတိမ်းမူးနေလို့.....
တစ်ခါတစ်လေတော့....
အမြင်တွေေ၀၀ါး
အတွေးတွေနဲ့ ခြောက်ခြားလို့
ဝေးဖို့ စဉ်းစားမိတိုင်း
ငါ့....ရင်တွေ ပေါက်ကွဲသွားမလားထင်ရတယ်။
ဆိုးမိတဲ့ အချိန်တိုင်း
အပြုံးလေးနဲ့ အရှုံးပေးတတ်သူ...
မပြောချင်တဲ့ မာယာစကားနဲ့
မသုံးချင်တဲ့ မုသားတွေနဲ့
နာကျင်အောင် လုပ်မိတိုင်း
ရင်ခွင်ထဲမှာ တစ်ဆစ်ဆစ်နဲ့
ငါ ကိုယ်တိုင်က နာကျင်ရစမြဲပါ။
ဆယ့်သုံးရက်နေ့
မပြောင်းလဲတဲ့ အချစ်ငွေ့
အမြဲနီးစပ်နေသရွေ့
တစ်သက်လုံးမှာ
အချစ်ဆုံးမို့
မြတ်နိုးတန်ဖိုးထားလို့
ရင်ခွင်ထဲမှာ မြည်တမ်းနေမိတယ်
အကြိမ်ကြိမ်ပေါ့....
အမြဲရှိနေခွင့်ပေးပါ
ချစ်သူ.....
ခေးရော့စ်
9 comments:
  1. မဆုက ကော်မန့်က ဒုတိယဖြစ်သွားတယ်.. ချစ်သူဆိုတဲ့ တစ်ယောက် ဦးသွားလို့.. :P
    နားလည်မှုရှိတဲ့ ချစ်သူအနားမှာ အမြဲထာဝရ ရှိနေခွင့် ရပါစေ.. အဲဒီလောက် ချစ်နေမှတော့ ဝေးဖို့အကြောင်း မစဉ်းစားပါနဲ့တော့ ခေးရော့စ်ရေ.. ခေးရော့စ် အမြဲပျော်ရွှင်ရမယ်လို့ ယုံကြည်ထားလိုက်နော်
    ReplyDelete
  2. ပျော်ရွှင်ပြီး တန်ဖိုးရှိတဲ့ နေ့လေးတွေ ထာဝရ ပိုင်ဆိုင် နိုင်ပါစေ ..
    http://winzaw-mdy.blogspot.com
    ReplyDelete
  3. အမြဲရှိနေခွင့်လေး ထာဝရပိုင်ဆိုင်ရပါစေ ချစ်မ
    ပျော်စရာ ကြည်နူးစရာ နှစ်ပတ်လည်နေ့လေးဖြစ်ပါစေ
    ချစ်သူနှစ်ေယောက်ြပြီးရင် ကောမန့်ရေးတာ မွန်ထိပ်ဆုံးပဲ ဝေးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    ReplyDelete
  4. တန်ဖိုးမဖြတ်နိုင်တဲ့ ပိုင်ဆိုင်မှုလေး ရရှိနိုင်ပါစေ မမခေးခေး.... :)
    ပျော်ရွှင်ပါစေနော်....
    ReplyDelete
  5. အဲ
    ပြန်ပေါ်လာတာနဲ့ ကြွားတော့တာပဲဟ :)
    ကောင်းပါလေ့ကွာ တနှစ်ဆိုတာနည်းဘူးကြီးပဲ
    honey
    ReplyDelete
  6. ဆိုးမိတဲ့ အချိန်တိုင်း
    အပြုံးလေးနဲ့ အရှုံးပေးတတ်သူ...
    ဟဟ .. အဲစာသားလေး တစ်ကယ်လားဟင်
    အခုမှ ရောက်လာတယ် .. နောက်ကျသွားတယ်
    အချစ်စစ်မှာ ပစ်ပယ်မနေ
    နှစ်ကိုယ်တူမှာ ပင့်သက်ကြွေလို့
    ချစ်လျှက်နေပြီး သခင်နန်းမှာ
    အပီလှမ်းကာ ဆုံဆည်းနိုင်ပါစေဗျာ ...။
    ReplyDelete
  7. ချစ်တဲ့ ခေးခေး...
    ((တစ်ခါတစ်လေတော့....
    အမြင်တွေေ၀၀ါး
    အတွေးတွေနဲ့ ခြောက်ခြားလို့
    ဝေးဖို့ စဉ်းစားမိတိုင်း
    ငါ့....ရင်တွေ ပေါက်ကွဲသွားမလားထင်ရတယ်။))
    နောက်.. ဘယ်တော့မှ အဲ့လိုစဉ်းစားနဲ့တော့နော်...!!
    မရိုးနိုင်တဲ့ အချစ်တွေတိုးရင်း နီးသထက်နီးနိုင်စေဖို့
    တောင်းဆုခြွေခဲ့မိတယ်...
    ကိုရင်၊ ခင်လေး၊ ကလေးလေး
    ReplyDelete
  8. ညီမရေ.
    ပျော်ရွှင်ဖြတ်သန်းခဲ့ပြီး ပျော်ရွှင်စွာပဲဆက်လက်လျှောက်လှမ်းနိုင်ကြပါစေဗျာ..
    မိုးကြယ်
    ReplyDelete
အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။