ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Friday, October 3

အကျည်းတန်အချစ်

အချစ်....အချစ်....လူတွေ ပါးစပ်ဖျားက အချစ်တစ်ခုဟာ သူတို့ခံစားချက်နဲ့လိုက်ပြီး ခံယူချက် ပြောင်းသွားတတ်တယ်။ ပျော်ရွှင်မှုတစ်ခု တွေ့နေချိန်မှာ အချစ်ဟာ နတ်ဘုရားမလေးပေါ့။ တကယ်လို့များ အချစ်တစ်ခုကို အတ္တနဲ့လွန်ဆွဲလို့ ချစ်မိကြမယ်ဆိုရင် အဲ့ဒီအချစ်ဟာ အကျည်းတန် သွားနိုင်တာလေးကို စိတ်ကူး ပုံဖော်ကြည့်တာပါ။

အချစ်ကိုလူတွေက အရောင်ဆိုးကြတယ်။
အဆိပ်သင့်အောင် ဖန်တီးကြတယ်။
လူတွေနှိပ်စက်မှုအောက်မှာ အချစ်ဆိုတာ
ရက်စက်မှုအပေါင်း သရဖူဆောင်းထားတဲ့
"ရက်စက်သူကြီး"ပေါ့။

အဆိပ်ငွေ့တွေနဲ့ အချစ်ပင်ကို
သွန်းလောင်လို့…..
မာနတွေနဲ့ အချစ်ကို
ဖွဲ့သီလို့…..
သောကတွေနဲ့ အချစ်ကို
မျက်ကွယ်ပြုလို့….
အာဃာတတွေနဲ့ အချစ်ကို
ရှင်သန်ဖို့ အားယူနေကြတယ်။

အချစ်ဟာ မီးလိုပူပြင်းတယ်လို့ဆိုရင်
ဘာလို့ မီးထဲဇွတ်တိုးနေတာလဲ?
အေးမြတဲ့ အချစ်တစ်ခုကိုပိုင်ဆိုင်ဖို့
ကိုယ်တိုင်ကရော
အေးချမ်းမှုကို ပေးနိုင်ရဲ့လား?
ပေးချင်တဲ့ ဆန္ဒတစ်စုံတစ်ရာရော
ရှိမှရှိရဲ့လား?
ပေးဖို့ရော လိုအပ်လို့လား?
ပေးကောပေးနေရဲ့လား?
အင်းပါ….
တစ်ခုခုတော့ဖြစ်မှာပေါ့….

အချစ်ကို အရှုံးပေးမိလို့ နှလုံးအေးတာလား
ကိုယ်ကိုယ်တိုင်ရဲ့ အတ္တကို
အနိုင်တိုက်နိုင်ဖို့ လုံလောက်တဲ့ သတ္တိမရှိလို့လား?
ဘာပဲဖြစ်ဖြစ်လေ….
အတ္တနဲ့ အချစ်ရဲ့
လွန်ဆွဲပွဲတစ်ခုမှာ
အတ္တကို အနိုင်သရဖူပေးလို့
နောင်တတွေ တစ်ပွေ့တစ်ပိုက်နဲ့
အနာဂတ်ကို
ငါကိုယ်တိုင် ဖျက်ဆီးပစ်မယ်။
အပျက်ပျက်နဲ့
နှလုံးသွေးတွေ စီးလိုရာသာစီးပါစေတော့လေ။

ခေးရော့စ်

7 comments:

  1. တကယ်တော့အချစ်ဆိုတာလူတွေရဲ့ပါးစပ်ဖျားမှာဖွဲ့လိုရာအဖွဲ့ခံရတဲ့သနားစရာဝိသေသတခုပါညီမလေးရေ

    ReplyDelete
  2. မိုးကြယ်October 4, 2008 at 12:15 PM

    အတ္တနဲ့ အချစ်ရဲ့
    လွန်ဆွဲပွဲတစ်ခုမှာ
    အတ္တကို အနိုင်သရဖူပေးလို့
    နောင်တတွေ တစ်ပွေ့တစ်ပိုက်နဲ့
    အနာဂတ်ကို
    ငါကိုယ်တိုင် ဖျက်ဆီးပစ်မယ်။
    အပျက်ပျက်နဲ့
    နှလုံးသွေးတွေ စီးလိုရာသာစီးပါစေတော့လေ။

    စာသားလေးတွေကောင်းတယ်။ တစ်ခါတစ်လေကျတော့လည်း အချစ်ကအကျည်းတန်နေတတ်ပါတယ်...

    ReplyDelete
  3. မိုးကြယ်October 4, 2008 at 12:16 PM

    အတ္တနဲ့ အချစ်ရဲ့
    လွန်ဆွဲပွဲတစ်ခုမှာ
    အတ္တကို အနိုင်သရဖူပေးလို့
    နောင်တတွေ တစ်ပွေ့တစ်ပိုက်နဲ့
    အနာဂတ်ကို
    ငါကိုယ်တိုင် ဖျက်ဆီးပစ်မယ်။
    အပျက်ပျက်နဲ့
    နှလုံးသွေးတွေ စီးလိုရာသာစီးပါစေတော့လေ။

    စာသားလေးတွေကောင်းတယ်၊ တစ်ခါတ်ခါကျတော့လည်း
    အချစ်ဆိုတာကအကျည်းတန်နေတတ်ပါတယ်..

    ReplyDelete
  4. အချစ်ဆိုတာကို သေချာမသိပေမယ့်
    အချစ်ကဗျာတွေကို ကြိုက်လို့
    ဒီကဗျာလေးကို နှစ်သက်မိပါတယ်

    ReplyDelete
  5. အချစ်ဆိုတာ လူတွေ ပြုသမျှ နုရရှာတဲ့ သနားစရာ ဝေါဟာရတစ်ခုပေါ့နော်..။

    ReplyDelete
  6. အချစ်ကိုယ်တိုင်ကရော အတ္တတစ်ခုများ ဖြစ်နေနိုင်မလားလို့...။ တွေးရင်း...။ စဉ်းစားရင်း...။ ငေးရင်း...။ ရေးရင်း....။ အင်း..။ ချစ်ရင်းပေါ့....။

    ReplyDelete
  7. မမရေ
    အတ္တနဲ့အချစ်လွန်ဆွဲပွဲမှာ အတ္တကိုပဲအနိုင်ပေးလိုက်တော့မှာလား.......

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။