ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Tuesday, July 29

မျက်ရည်



ပူလောင်မှုနဲ့ နာကျင်နေတဲ့
နှလုံးသားရဲ့ ဒေါင့်တစ်နေရာက
မြစ်ဖျားခံလို့ကျဆင်းလာတာလား
နာကျင်မှုနဲ့ ယောင်ချာချာဖြစ်နေတဲ့
ဦးနှောက်ရဲ့ လှုပ်ရှားမှုတွေကို
ခဏသာ ရပ်တန့်ဖြစ်ဖို့
တဒင်္ဂ အမည်ခံလိုက်တဲ့
အမည်နာမ တစ်ခုများလား

မျက်ဝန်းတစ်စုံက စီးဆင်းနေတဲ့
နွေးထွေးမှုရယ်လို့ မမည်နိုင်တဲ့
ကျဆင်းနေတဲ့ မျက်ရည်တွေ…..
ခံစားလွယ်တဲ့
ခံစားနိုင်လွန်းတဲ့
ခံစားတတ်တဲ့
နှလုံးသားက
နာနာကျင်ကျင်နဲ့ ညှစ်ထုတ်နေပါရောလား

အသက်ရှူမှားမတတ်
နှလုံးသားတစ်စုံကို
ကိုင်လှုပ်နေတဲ့
အချစ်…
နှစ်လုံးတည်းသာဖြစ်တည်လာတယ်
အကျိုးဆက် ရလာဒ်တွေက
မီးခိုးကြွက်လျှောက် တန်းစီနေပါလား။

ခေးရော့စ်

4 comments:

  1. အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ က တယ်ကောင်းဗျာ ၊၊မိုက်တယ် ၊၊

    ReplyDelete
  2. အချစ်ကြောင့်ကျတဲ့မျက်ရည်
    နှလုံးသားရဲ့ သွေးစက်တွေ

    ReplyDelete
  3. အသက်ရှူမှားမတတ်
    နှလုံးသားတစ်စုံကို
    ကိုင်လှုပ်နေတဲ့
    အချစ်…

    မိုက်လယ်ကွာ..... မိုက်လယ်....... အသက်ရှုတောင် ရပ်သွားသလိုလို
    တပည့်လာခံတာ သင်ပေးပါဦး :P

    ReplyDelete
  4. မရေ...
    မျက်ရည်ကို အလကားရတယ်ဆိုပြီး တရဟော မသွန်ချလိုက်ပါနဲ့... ပြီးသွားတဲ့ နာဂစ်မှာ မ မျက်ရည်လည်း ပါမယ်ထင်တယ်နော်...
    အားပေးလျက်
    အေးချမ်းသူ

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။