ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Sunday, July 13

သိပ်ချစ်တာ အပြစ်လား

၁၃ရက်နေ့တိုင်းဟာ ကျွန်မအတွက် အမှတ်တရ တစ်ပွေ့တစ်ပိုက်နဲ့ နေ့လေးတစ်နေ့ပေါ။
တကယ်လို့များ မတူညီတဲ့ လူနှစ်ယောက်အတွက် တူညီတဲ့ခံစားမှုတစ်ခုနဲ့ နေ့တစ်နေ့ကို မတူညီတဲ့နေရာ နှစ်ခုကနေ တိတ်ဆိတ်စွာ အမှတ်တရဖြစ်နေမယ်ဆိုရင်..........






အချစ်ဆိုတဲ့
အဓိပ္ပါယ်
မင်း နဲ့တွေ့မှ
ငါ နက်နဲစွာသိလာတယ်....

အချစ်ကြောင့်
ငါ့ဘ၀ဟာ
နေထိလို့လန်းတဲ့
ပန်းတစ်ပွင့်လိုပဲ
လှပလာတယ်.....

အချစ်က သင်ပေးတဲ့
သင်ခန်းစာတွေ
ငါချိုမြိန်စွာ သင်ယူရင်း
အချစ်ရဲ့
ဟိုးအဝေးတစ်နေရာက
အလွမ်းကိုလဲ
သိမ်ငယ်စွာ
ကြောက်ရွံ့နေတယ်.....

တစ်ခါတစ်လေတော့လဲ
အရာအားလုံးကိုကျောခိုင်းလို့
မင်းလက်လေးကိုဆွဲ
အဝေးကိုသွားပြီး
ဘယ်အရာမှမပါ
အချစ်တစ်ခုနဲ့သာ
ဘ၀ကိုဖြတ်သန်းဖို့
စိတ်အားထက်သန်နေမိပြန်ရော...

အချစ်သာပါတဲ့
အချစ်သီးသန်နဲ့
ငါရူးမိုက်စွာ
နူးညံ့စွာ
ရင်ခုန်စွာ
ပျော်ရွှင်စွာနဲ့
အရာရာကိုအာခံမိနေတတ်ပြီကော။

ခေးရော့စ်

6 comments:

  1. ကဗျာလေးကို ကြိုက်လိုက်တာ။ ကိုပီကေပြောတာလည်း မှန်ပါ့။

    ReplyDelete
  2. ချစ်ပါ ချစ်ပါ အပြစ်မရှိပါ :D

    ReplyDelete
  3. အရာရာကိုအာခံမိနေတတ်ပြီ ဆိုပါလား..။
့အချစ်က စွမ်းတယ်နော်..။ ချစ်ပါ.. အပြစ်မဖြစ်ပါဘူး..။ အာခံပါ.. ရပါတယ်..။

    ReplyDelete
  4. အချစ်သာပါတဲ့
    အချစ်သီးသန်နဲ့
    ငါရူးမိုက်စွာ
    နူးညံ့စွာ
    ရင်ခုန်စွာ
    ပျော်ရွှင်စွာနဲ့
    အရာရာကိုအာခံမိနေတတ်ပြီကော။

    တစ်ကယ်ကြိုက်တယ် မမရေ.. ခုမှရောက်ဖူးတာ .. နောက်လည်းလာမယ်နော်.. အရာရာကိုအာခံတတ်နေပြီ.. မိုက်တယ် :P

    ReplyDelete
  5. I like this poem coz u and me have same feeling at that day. :)

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။