ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Thursday, June 19

မွေးနေ့ဆုတောင်း

ငယ်စဉ်ကတည်းက တစ်ကြိမ်တစ်ခါသာ မြင်တွေ့ခွင့်ရပြီး အခုချိန်ထိ ရင်ဘတ်ကြီးထဲမှာ အမြဲမပြတ် လေးစားမြတ်နိုး အားကျရပါသော အန်တီစု (၆၃) နှစ်မြောက် မွေးနေ့မှ နောင်နှစ်ပေါင်းများစွာ အထိ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ လူထုအကျိုးကို ဆက်လက်သယ်ပိုးပေးရင်း အသက်ရာကျော်ရှည်နိုင်ပါစေလို့..........

ကြံ့ခိုင်သော စိတ်ဓါတ်...

အမှန်တရားကို မြတ်နိုးသော စိတ်ဓါတ်...

အရာရာကို စွန့်လွှတ်ရဲသော စိတ်ဓါတ်...

အရည်အချင်းရှိသော၊ ဇွဲရှိသော ကျွန်မလေးစားရသော သူမအတွက် ကဗျာချစ်သူရဲ့ မဖြစ်စလောက် ကဗျာလေးတစ်ပုဒ်နဲ့ မွေးနေ့ဆုတောင်း ပေးလိုက်ပါတယ်။


ဇွဲ

ဇာမဏီငှက် အတောင်ယှက်
အားတင်းလျက် သူပျံတက်
မုန်တိုင်းထန်လဲ အာရုံမပျက်
မလျှော့သောဇွဲ ရင်မှာစွဲ
တောင်ပံကျိုးလဲ အံကိုခဲ
ပျံတက်နေဆဲ ဝေဟင်ထဲ....................

chaos

ဇွဲဆိုတဲ့ ကဗျာလေးက ကျွန်မ ဘလော့စရေးစတုန်းက တင်ခဲ့ဖူးတဲ့ ကဗျာလေးပါ။


1 comment:

  1. အန်တီစုအတွက် မွေးနေ့ဆုတောင်းပွဲလေးကို လာရောက်ပူးပေါင်းပါဝင်သွားပါတယ်...

    ကဗျာလေးကောင်းတယ်ဗျာ...

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။