ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Saturday, June 14

ခလုတ်တိုက်ခံရသော နှလုံးသား

မေတ္တာနဲ့ စေတနာ အရင်းခံဖြစ်တည်လာတဲ့
"ချစ်ခြင်း"
ပူလောင်မှု မပါ
စာနာမှု တန်ဆာဆင်လာတဲ့
"ချစ်ခြင်း"
ညှာတာမှုနဲ့ အရာရာကိုသေချာစေတဲ့
"ချစ်ခြင်း"

နောက်ဆုံးတစ်နေ့မှာ
လမ်းလျှောက်ရင်း
မတော်တစ်ဆ ၀င်တိုက်မိပြီး
နာကျင်သွားတဲ့ "နှလုံးသား"
အနာတွေသာဆင့်လာမယ်
ဒဏ်ရာတွေက မနေ့တစ်နေ့ကလို
နာကျင်နေတုန်းပါလား...........

စေတနာကို
တရားခံစစ်သလို သံသယမျက်လုံးနဲ့
သံသယအတွေးနဲ့
သံသယစိတ်ထားနဲ့
အပြစ်ဆိုမှတော့
စေတနာ အစစ်လို့
အမှန်တကယ် ဟစ်ကြွေးလဲ
တန်ဖိုးမဲ့နေတဲ့
နာရီအိုတစ်ခုလိုပါပဲ.........

စည်းတစ်ခုကိုကျော်လို့
မေတ္တာကို ဖြတ်ရိုက်မိသွားတယ်။
မျက်ဝန်းမှ ပုလဲခလို့
နောင်တတစ်ပွေ့နဲ့
မှားနေပါလား…ဆိုတဲ့ အသိ
ပြင်မရတော့ဘူး...........

တကယ်တမ်းတော့
အနေအထိုင်မတတ်တဲ့
နှလုံးသားက
နာကျင်ရစမြဲပါ.................
သံယောဇဉ်အမျှင်တန်းလို့
မာနကိုခ၀ါချချင်ပေမယ့်
သိက္ခာကိုထမ်းပိုးထားတဲ့ရင်ဘတ်နဲ့
အမှား၊အမှန်ကို ပိုင်းခြားပေးတဲ့ ဦးနှောက်က
လက်မခံဘူးတဲ့......

ငါမမှားဘူးလို့ မပြောပေမဲ့
လူတွေထဲကလူ ငါတစ်ယောက်ဟာလဲ
အတ္တကို အနိုင်မတိုက်နိုင်ခဲ့ဘူး……..
မြွေဟောက်တစ်ကောင်လို
အဆိပ်ပြင်းတဲ့ အတ္တမင်းက
ငါ့ရင်ဘတ်ထဲမှာလား?
သူ့ရင်ဘတ်ထဲမှာလား?
ဘယ်သူ့ရင်ဘတ်ထဲမှာလဲ?

chaos

4 comments:

  1. ကဗျာလေးက ကောင်းတယ်
    ဘယ်သူ့ ရင်ဘတ်ထဲမှာလဲ ခုထိတွေ့သေးဘူးလား ကူရှာပေးရဦးမလား လိုရင်ပြောနော် ၀ါသနာအရ အသပြာမဲ့ ကူညီမို့ :P

    ReplyDelete
  2. chaosရေ...နှလုံးသားက အနေအထိုင်မတတ်လို့ ခုလတ်တိုက်ခံရတာ မဟုတ်နိုင်ပ်ဘူးကွယ်...သဋ်ကြွေးရှိလို့သာ နေမှာပါ

    ReplyDelete
  3. စေတနာကို
    တရားခံစစ်သလို ဘယ်ဒူစစ်တာလဲ... ပြော... ။

    ReplyDelete
  4. နှစ်ယောက်စလုံး ရင်ထဲမှာ အတ္တက ကိုယ်ယောင်ဖျောက်ပြီး မင်းမူထားတယ်လေ။

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။