ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Tuesday, January 22

အလွမ်းဗိုင်းရပ်စ်

လွမ်းတယ်ဆိုတာ
ငါ...................
ဘာမှန်းမသိခဲ့ဘူး။
တကယ်တော့
အလွမ်းဆိုတာ
ခံစားရခက်တဲ့ ဝေဒနာဆိုးကြီးမှန်း
ငါသိတဲ့ အချိန်ကျတော့
ကုရာနတ္တိ ဆေးမရှိပဲ
ငါ့ ဘယ်ဘက်ရင်အုံကြီးတစ်ခုလုံး
ဒဏ်ရာဒဏ်ချက်
ဗလပွနဲ့
အလွမ်းရဲ့ နှိပ်စက်မှုဒဏ်ကို
မဟားဒရား
ပိုးစိုးပက်စက်
တစ်ဆစ်ဆစ်နဲ့ကို
ခံနေရပြီပဲ။

လွမ်းတယ်
အချိန်တိုင်းလွမ်းတယ်
ဘာပဲလုပ်လုပ်လွမ်းတယ်
ငါ့ရဲ့ အချိန်တော်တော်များများကို
အလွမ်းဆိုတဲ့
ဗိုင်းရပ်စ် တစ်ကောင်က
ဖျက်ဆီး သိမ်းပိုက်ဖို့
ကြံစည်နေပြီ။

နှလုံးသားကို
Format ချလို့
Anti virus ကောက်တင်လိုက်တယ်
System က Alert လာပြနေတယ်
နှလုံးသားတစ်ခုလုံး
အဖတ်ဆည်မရအောင်
ဗိုင်းရပ်စ်ကိုက်ခံနေရပြီတဲ့……..

ခေးရော့စ်

14 comments:

  1. ဒီမှာလဲ လွမ်းနေတာကို .. သူ့ဗိုင်းရပ်စ်ကထပ်ကိုက်တယ်...
    အော်ငိုတော့မယ် :D

    ReplyDelete
  2. အင်မတန်ကောင်းတဲ့ကဗျာလေးတစ်ပုဒ်ပဲ ကျဲ့ရယ်။ အဓိပ္ပာယ်အရမ်းရှိတာပဲ။

    ReplyDelete
  3. ကဗျာလေးက တမျိုးပဲဗျ။ တောက်လျှောက် တက်သွားတယ်။ ပြင်းတယ်ဗျာ။ ကောင်းတယ်။ အဲဒီဗိုင်းရပ်စ်ကို သတ်ဖို့ အတွက်ဆိုရင်တော့ .. Antivirus software ကောင်းကောင်းလေး တွေ့ရင် လက်တို့လိုက်နော်။ ကျွန်တော်လဲ လွမ်းနေလို့။

    ReplyDelete
  4. လွမ်းတယ်
    အချိန်တိုင်းလွမ်းတယ်
    ဘာပဲလုပ်လုပ်လွမ်းတယ်
    ငါ့ရဲ့ အချိန်တော်တော်များများကို
    အလွမ်းဆိုတဲ့
    ဗိုင်းရပ်စ် တစ်ကောင်က
    ဖျက်ဆီး သိမ်းပိုက်ဖို့
    ကြံစည်နေပြီ။
    ညီမလေးရေ.အဲဒီဗိုင်းရပ်စ်ကိုမွေးထားပြီးအလွမ်းကဗျာ
    တွေများများရေး...ဒါပေမယ့်အချိန်တိုင်းတော့မလွမ်းမိ
    အောင်ကြိုးစား..အကိုတို့ကကျော်ဖြတ်ခဲ့ပြီးပြီဆိုတော့
    ပြောအားရှိတယ်ကွဲ့....

    ReplyDelete
  5. အမလေးဗျာ.. လွမ်းတာမှ ပက်ပက်စက်စက်ကို
    လွမ်းပြစ်တာ။ ငိုတောင်ငိုချင်လာပြီ။
    အလွမ်း ဓာတ်ခံက
    ရှိပါဘိသနဲ့
    ဪ... မရော့စ်က
    လွမ်းပြလိုက်တယ်
    ဟောဒီ ငလွမ်းစေ
    ငိုချင်လျှက် စက်စက်ယို...
    ဟတ် ဟတ်
    ကောင်းတယ်နော်။ အနော့ကဗျာလည်း။ :)

    ReplyDelete
  6. အလွမ်းတကာ့ အလွမ်းထဲမှာတော့ အဲဒီအလွမ်းကို ပြန်လွမ်းရတဲ့ အလွမ်းက အဆိုးဆုံးအလွမ်းပေါ့

    ReplyDelete
  7. ဂလို အလွမ်းဗိုင်းရပ် တော့ မရှိ တာကောင်းမယ်နဲ့ တူတယ်နော်...အဟဲ။နာတောက်နာတောက်...။
    မိတယ်ဂျာ အလွမ်းလေးတွေက ...:)

    ReplyDelete
  8. ချစ်မမရေ...

    ဒီဗိုင်းရပ်စ်က အတော်ဆိုးတာနော်။ ဘယ် Anti Virus မှ မနိုင်နိုင်အောင်ကို သူကတော့ ဆက်လက် ချီတက်နေဆဲနော်။ ကဲ... အဲ့ဒီ့တော့ ဘီလိုလုပ်ကြမလဲ... :P

    ReplyDelete
  9. အလွမ်းဗိုင်းရပ် ကို ကြောက်တယ်
    နှလုံးသားတစ်ခုလုံး
    အဖတ်ဆည်မရအောင်
    ဗိုင်းရပ်စ်ကိုက်ခံနေရပြီဆိုတော့ မရတော့ဘူးပေါ့...ပြုံးပြုံလေးသားး အကိုက်ခံလိုက်တော့ဗျ..

    ReplyDelete
  10. လွမ်းလွန်လွန်းလို့လေ
    ဆိုတဲ့ သီချင်းကို သွားသတိရမိတယ်။
    တစ်ခွန်းတည်းပါပဲ။
    အရမ်းလွမ်းတယ်

    ReplyDelete
  11. memory stick လေးနဲ့ အဲဒီနှလုံးသားထဲက ကဗျာတွေ ကူးမလို့ဟာတောင် မကူးရဲတော့ဘူး..။ ဗိုင်းရပ်စ်ပါလာမှာကြောက်လို့..။

    ReplyDelete
  12. အလွမ်းဆိုလို့ စိတ်ဝင်စားသွားတယ်ဗျ.....

    ကျနော်က သွေးချင်းချင်းနီအောင်လောက်ပဲလွမ်းဘူးတာ...
    သူက ဗိုင်းရပ်စ်က ထက်ကိုက်သေးတယ်ဆိုတော့ ...
    ကျနော်အရှုံးပေးပါတယ်...။

    အလွမ်းတွေရယ် အလွမ်းတွေဆီကို ပြန်လာပါတော့.....

    ReplyDelete
  13. ရောင်းလိုက်တော့လေ ... တော်ကြာ အနော်တို့ပါ ကူးကုန်ဦးမယ်း)

    ReplyDelete
  14. ညီမရေ virus သတ်ဖို့ software လိုချင်ရင်ပြောနော်။ မသတ်ဘဲထားရင်လဲထားလိုက်ပါ။
    ကဗျာလေးကတော့ရင်ထဲရောက်သွားတယ်။

    ReplyDelete

အခုလို အချိန်ပေးပြီး လာရောက် ဖတ်ရှုတဲ့ လူအားလုံး ကွန်မန့် ပေးသွားတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အတွေးအမြင်တွေကို လွတ်လပ်စွာ၊ နွေးထွေးစွာ ဖလှယ်နိုင်ပါတယ်ရှင်။